Pages

Thursday, December 20, 2012

ကွတ်ကီး သူခိုး


ကွတ်ကီး သူခိုး
တစ်ညမှာ အမျိုးသမီးကြီး တစ်ယောက်ဟာ လေဆိပ်မှာ သူမရဲ့ လေယာဉ် မဆိုက်ခင် အချိန်တော်တော်ကြာ စောင့်နေတယ်။ လေဆိပ်က စာ အုပ်ဆိုင် တစ် ဆိုင် ကနေ ၀တ္ထု တစ် အုပ် နဲ့ ကွတ် ကီး တစ်ထုပ် ၀ယ်ခဲ့တယ်။ ထို့နောက် သူမ ထိုင်ဖို့ နေရာ တစ်နေရာ လိုက်ရှာတာပေါ့။
          သူမ ၀ယ်လာတဲ့ ၀တ္ထုကို ဈာန်ဝင်စားပြီး ဖတ်နေတာပေါ့။ ဒါပေမယ့် သူမ မျက်လုံးထဲမှာ တစ် ခုခု ကို မြင်လိုက်တယ်။ လူတစ်ယောက်ပေါ့။ သူမနဲ့ သူ့ ရဲ့ ကြားမှာရှိတဲ့ ကွတ်ကီး ထုပ်ထဲက ကွတ်ကီး နှစ်ခုကို နှိုက်စားနေတယ်။ သူမ အဲဒီမြင်ကွင်းကို လျစ်လျူ ရှု ထားလိုက်ပါတယ်။ စာကို ဆက်ပြီးဖတ်နေတယ်။ ကွတ်ကီးကို ၀ါးလိုက်၊ နာရီ ကို ကြည့်လိုက်လုပ်နေလေရဲ့။  ဒါပေမယ့် သူမ တဖြည်း ဖြည်း စိတ်တိုလာတယ်။ သူမ မုန့်ကို ခိုးစားနေတဲ့ ဘေးနားက ကွတ်ကီး သူခိုးကြောင့်လေ။ “ငါ စိတ် ကောင်းရှိနေလို့ပေါ့။ နို့မို့ဆို မျက်လုံးကို ဆွဲ ဖေါက် လိုက်ပြီ။” လို့ တွေးနေတယ်။ သူမ ကွတ်ကီး တစ်ခု ယူတိုင်း သူကလည်း တစ်ခု ယူတယ်။ နောက်ဆုံး ကွတ်ကီး တစ်ခု ပဲ ကျန်တဲ့ အချိန်မှာ သူ ဘာလုပ်မလဲ ဆိုတာ ကို သူမသိချင်လာတယ်။
ထိုသူက သူမကို ပြုံးပြီး ရယ်ပြသေးတယ်။ နောက်ဆုံးကျန်တဲ့ ကွတ်ကီးကို နှိုက်လိုက်တယ်။ တစ်ဝက်ခွဲပေးပြီး တစ်ဝက်ကိုသူက စားလိုက်တယ်။ သူမက ကျန် တဲ့ ကွတ်ကီးတစ်ဝက် ကို စားရင်း “အမလေး၊ ရိုင်းလိုက်တာ၊ ကျေးဇူးကို မသိတတ်ဘူး” ဟု စိတ်ထဲက ရေရွတ် နေမိတယ်။ သူမသွေးတွေ ဆူပွက်နေသလို ခံစားနေရတယ်။
လေယာဉ် ပေါ် တက်ရမယ့် သတိပေးသံ ကြားမှ သူမ စိတ်ကို ဖြေလျှော့လိုက်တယ်။ သူမမှာ ပါလာတဲ့ ပစ္စည်း အားလုံးကို စုစည်းလိုက်တယ်။ ဂိတ် ပေါက်ဝ စီကို ဦးတည် သွားတယ်။ ကွတ်ကီးသူခိုးရှိတဲ့ဘက် ကို လှည့် မကြည့်ပဲနဲ့ ရင်ကော့ပြီး လမ်း လျှောက်လာခဲ့တယ်။
လေယာဉ်ပေါ် ရောက်ပြီးတော့ ခုံမှာ ထိုင်လိုက်တယ်။ ဖတ်လို့ ပြီးခါနီးနေတဲ့ ၀တ္ထုကို လက်စသတ်ဖို့ သူမရဲ့ ခရီးဆောင်အိတ်ထဲမှာရှာဖွေနေစဉ် သူမ တစ် ခုခု ကို စမ်းမိတယ်။ သူမ အံ့ အားသင့်သွားတယ်။ သူမ၀ယ်လာတဲ့ ကွတ်ကီးထုပ်ကို စမ်းမိလို့လေ။ “ဒါက ငါ့ ဟာ ဆိုရင် ၊ ဟိုဟာက သူ့ဟာပေါ့။ သူက ငါ့ကို ဝေကျွေးနေတာပဲ။” ဟု သူမ စိတ်မကောင်းစွာ ဖြင့် နှုတ်က ရေရွတ်မိလေ ၏။ တောင်းပန် ဖို့တော့ တော်တော် နောက်ကျသွားပြီ။ သူမ နားလည်လိုက်ပါသည်။ သူမက သာ အရိုင်းအစိုင်း တစ်ယောက်၊ ကျေးဇူးမသိတတ်တဲ့သူ၊ ကွတ်ကီး သူခိုး တစ်ယောက်….
(ဘာသာပြန်သူ-ရွှေပိုးကောင်၊ The Cookie Thief အား ဘာသာပြန်သည်။)

No comments:

Post a Comment