Pages

Tuesday, December 18, 2012

မွေးစားကလေး တစ်ယောက် သို့ ပေးစာ


နာဂစ် တွင် မိဘ ဆုံးပါးသွားသော ကလေးများအတွက် အလွန် ၀မ်းနည်းမိသောကြောင့် Legacy of an Adopted Child အားဘာသာပြန် ဖြစ်ခဲ့သည်။ ထိုသို့သော ဘေးမျိုးနှင့် မည်သူ မျှ မဆုံတွေ့ ပဲ ဘေးကင်းရန်ကွာ  ရှိပါစေကြောင်းဆုတောင်းလျက်
                                                                                      (ရွှေပိုးကောင်)

မွေးစားကလေး တစ်ယောက် သို့ ပေးစာ
အမျိုးသမီး နှစ်ယောက် ၊ တစ်ယောက် ကို တစ်ယောက် မသိကြဘူး။
တစ်ယောက်ကိုတော့ မင်းမမှတ်မိတော့ဘူး ၊ နောက်တစ်ယောက် ကိုတော့ အမေ လို့ ခေါ် ခဲ့ရတယ်။
မတူညီတဲ့ ဘ၀ နှစ်ခု က မင်းဘ၀ ကို ဖန်တီးပေးတယ်။
တစ်ယောက် က မင်းကို သွန်သင် ဆုံးမပေးတဲ့ ကြယ်ပွင့် ၊ နောက် တစ်ယောက်ကတော့ နေတစ်စင်းလို မင်းဘ၀ ကို လင်းစေသူ။
ပထမတစ်ယောက်က မင်းကို ဘ၀ တစ်ခု ပေးခဲ့တယ်။ ဒုတိယ တစ်ယောက် ကတော့ အဲဒီ ဘ၀ မှာ ဘယ်လို နေထိုင်ရမယ်ဆိုတာကို သင်ကြားပေးတယ်။
ပထမတစ်ဦးက မင်းကို အသက်ပေးပြီး ချစ်ခဲ့တယ်။ ဒုတိယ တစ်ဦးကတော့ မင်းအနားမှာ လိုအပ်သမျှ အချစ်တွေ ပေးနေခဲ့တယ်။
တစ်ယောက်က မင်း ကိုယ်မှာ သူ့ သွေးတွေ စီးဆင်းစေခဲ့တယ်။ တစ်ယောက်က မင်းကို နာမည် ပေးခဲ့တယ်။
တစ်ဦးက ဥာဏ်ရည် ဥာဏ်သွေးကို ပေးခဲ့တယ်။ တစ်ယောက်က ရည်မှန်ချက်ကို ထူထောင်ပေးတယ်။
တစ်ဦးက မင်းရဲ့ ပထမဆုံးချိုမြတဲ့ အပြုံးကို မြင်ခဲ့ရတယ်။ တစ်ဦးက မင်းရဲ့ မျက်ရည်တွေကို ခြောက်သွေ့ စေခဲ့တယ်။
တစ်ဦးကတော့ မင်း အတွက် သူမပေးနိုင်ခဲ့တဲ့ အိမ်ကလေးကို ရှာဖွေမိခဲ့ပါတယ်။ တစ်ဦးကတော့ မင်းရဲ့ တောင်းဆိုမှုတွေ ကို ဖြည့်ဆည်း နိုင်ပါစေ လို့ ဆုတောင်းနေခဲ့တယ်။
အခုတော့ မင်း မေးပြီပေါ့။
မင်းသိတတ်တဲ့ အရွယ်မှာ ငါ ဘယ်လိုဖြေပေးရမလဲ ကလေးရေ…
မျိုးဗီဇ နဲ့ ပတ်ဝန်းကျင်ဆိုတာ နှစ်ခု မြှောက်ရင် ဘာရမယ်လို့ မင်းထင်လဲ ကလေး။
အဲဒါတွေက ဘာမျှ အရေးမကြီးပါဘူး။ … အရေးမကြီးပါဘူး။ မတူညီတဲ့ အချစ် နှစ်ခုပေါ့ကွယ်။

ကျွန်မရဲ့ အသွေး အသားတွေ မဟုတ်ပါဘူး။  ဒါပေမယ့် ကျွန်မရဲ့ ကလေးပါ။
သူဟာ ကျွန်မရဲ့ သွေးသားနဲ့ ကြီးပြင်းလာတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ နှလုံးသားမှ မွေးဖွားလာတာပါ။
အဲဒါကိုတော့ တစ်စက္ကန့်လေးမျှ မမေ့စေချင်ပါဘူး……….
(ဘာသာပြန်သူ - ရွှေပိုးကောင်၊ Legacy of an Adopted Child အားဘာသာပြန်သည်။)

No comments:

Post a Comment