Pages

Thursday, December 13, 2012

ထိရောက်တဲ့ ကုသမှု တစ်ခု


ထိရောက်တဲ့ ကုသမှု တစ်ခု
ရွေ့လျားနိုင်တဲ့ အစိတ် အပိုင်း၊ ဘက်ထရီ စသည် တို့ ဖြင့် ပြု လုပ်ထားခြင်း မရှိပါ။
ကုသမှု ကို သုံးစွဲ ခြင်းဖြင့် လစဉ်ပေးရတဲ့ အခကြေးငွေမျိုး မလိုဘူး။
ဈေးနှုန်း အတက် အကျ လည်း မရှိသဖြင့် စိတ် ချ သုံးစွဲ နိုင်ပါသည်။။ အမြတ် ခွန် ကောက်ခြင်း မပါဝင် သော ကြောင့်ပေါ့ပေါ့ပါးပါးလေး ပဲ သုံးစွဲနိုင်ပါသည်။
ဤ ကုသမှု သည် ခိုးသူ တို့ ခိုးယူနိုင်ခြင်း မရှိသည့် အပြင် ပတ်ဝန်းကျင် ညစ်ညမ်းခြင်း မရှိကြောင်း အာမခံပါသည်။ စွမ်းအင် အနည်းငယ် ကို အသုံးပြု ရုံဖြင့် အကျိုးများစွာ ရရှိ နိုင်သဖြင့် မိဘ ပြည်သူအပေါင်း စိတ်ကျေနပ် မည် မှာ အမှန် ဖြစ်ပါသည်။
ဤ ကုသမှု ကို သုံးစွဲနေစဉ်
- စိတ်ကို ဖြေလျော့ထားပါ။
-ပျော်ရွှင်ခြင်းတွေကို တိုးမြှင့် လိုက်ပါ။
-ကိုယ့်ကို ယိုင်လဲစေမည့်  စိတ် ဓာတ် ကျဆင်းမှု ကို တိုက်ဖျက်ပါ။
-မိမိကိုယ်ကို လေးစားမှု ကို မြှင့်တင်ပါ။
ဤ သို့ ပြု ခြင်းအားဖြင့် သွေး လေ မှန် ကန်လာပါလိမ့်မည်။ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ တကယ့် ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါသည်။ ထို ကုသနည်း အား ဆေး ညွှန်းရမည် ဆိုပါက သူငယ်ချင်းရေ  မိမိ ရဲ့ လက်တစ်စုံ နဲ့ ကြင်နာစွာ ထွေးပွေ့ လိုက်ပါ။ ကြင်နာမှု သည် အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိပါသည်။
(ဘာသာပြန်သူ- ရွှေပိုးကောင် ၊ Universal Rx အားဘာသာပြန်သည်။)

No comments:

Post a Comment