ရှုံး နိမ့် ခြင်းကို
ကြောက်ရန်မလို
ကျွန်ုပ်တို့
မမှတ် မိပေမယ့် အများကြီး ရှုံး နိမ့်ခဲ့ကြသည်။
ပထမအကြိမ်
စတင်လမ်းလျှောက်စဉ်က ချော်လဲခဲ့ဘူးသည်။
ပထမအကြိမ်
ရေကူး စဉ်က ရေ နစ်ဖို့ နီးပါး ဖြစ်ဘူး ခဲ့သည်။
စာမေးပွဲ
ကျရှုံး ဘူးကြသည်။
မိမိ လုပ်ရပ်အား
လူအများက မေးငေါ့ ခြင်း ကို ခံ ခဲ့ ရဘူးသည်။
(i.)အများသိကြတဲ့
အဲ(လ်)ဘက် အိုင်းစတိုင်း
သူဟာ အသက်
လေးနှစ်လောက် အထိ စကား မပြောခဲ့ ဘူး။ အသက် ခု နစ် နှစ် အထိ စာ ဖတ်ခြင်း မရှိ။ ဆရာမက
သူ့ကို စိတ်ပိုင်းဆိုင်ရာ အားဖြင့် ချို့ ယွင်းသူ၊ လူ အများနှင့် သဟ ဇာတ ဖြစ်အောင်
မနေနိုင်သူ၊ မဖြစ်နိုင်တဲ့ စိတ်ကူး အိပ်မက် တွေထဲမှာ အမြဲ မျောလွင့် နေသူ အဖြစ် သတ်
မှတ် ခဲ့သည်။ ကျောင်းမှ ထုတ်ပယ် ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ Zurich Polytechnic
School ၏ ၀င် ခွင့် မရခဲ့သူ ဖြစ်သည်။
(ii.) တေးရေးဆရာ
ဘီသိုဗင်
တဖြည်းဖြည်း
ချင်း အကြားအာရုံ ချို့ ယွင်းရာ မှ တစ် ဆင့် ၊ အသက် ၄၆ နှစ်တွင် နားမကြားသော အဆင့်
သို့ ရောက်ရှိသွားခဲ့သည်။ နောက်ဆုံးမှာတော့ သူ့ရဲ့ အကြီး ကျယ်ဆုံး တေးသွား ကို ဖန်တီး
နိုင်ခဲ့တယ်။ သံစုံတီးဝိုင်း အတွက် တေးသွားများ အပါ အ၀င် ဖြစ်သည်။
(iii.)သောမတ်
အဲ(လ်)ဗာ အက်ဒီဆင်
မီးလုံးကို
တီထွင် ဖြစ်ဖို့ သူဟာ စမ်းသပ်မှုပေါင်း ၂၀၀၀ ကျော်ကို လုပ်ဆောင် ခဲ့ရသည်။ ဂျာနယ်လစ်
တစ်ယောက်က အဲလို ရှုံး နိမ့် မှု တွေကို ဘယ်လို ခံစား ရသလဲ လို့ မေးခွန်း ထုတ် ခဲ့ဘူးတယ်။
“မရှုံး ခဲ့ပါဘူး။
မီးလုံးကို တီထွင် နိုင်ခဲ့ပါတယ်။ အဆင့် ၂ooo ကို ဖြတ်ကျော် ပြု လုပ်ရတဲ့ ဖြစ်စဉ် လို့
မြင် မိပါတယ်။” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ရှုံး နိမ့်
ခြင်းကို စိတ် မညစ်ပါနှင့်။
ကြိုးစားကြည့်
ခြင်း မရှိသေးသော အခွင့် အရေးများဆုံးရှုံးသွားခြင်း ကို သာ စိတ်ညစ်ပါ။
(ဘာသာပြန်သူ-
ရွှေပိုးကောင် ၊ Don’t be Afraid to Fail နှင့် Consider This ကို ပေါင်း၍ ဘာသာပြန်သည်။)
No comments:
Post a Comment