(ဆရာတော်ရဝေနွယ် အင်းမ ၏ အတွေးများနှင့်
မိတ်ဖွဲ့ခြင်းစာအုပ်မှ ထုတ်နှုတ်ပူ ဇော်ပါသည်။)
တို့တစ်တွေ ပြန်ဆုံကြတဲ့ အခါ
သီဟိုဋ်
ကျွန်းမှာ တကယ် ဖြစ်ခဲ့ ဖူးတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။ တစ်ခါတုန်းက
သီဟိုဋ်ကျွန်း အနုဓရာ မြို့ နဲ့ မနီးမဝေး မဟေလမြို့ လေးမှာ ကသရမဟာတိသ ဆိုတဲ့ သူဌေး
တစ်ယောက်ရှိခဲ့ ဖူးပါတယ်။ သူဌေးက အလှူ အတန်း ၀ါသနာပါသလို သူဌေးကတော်ကလည်း အလှူအတန်းဝါသနာ
ပါ ပါတယ်။ တစ်နေ့တော့ ကသရမဟာတိသရဲ့ အိမ်မှာ လယ်ထွန်ခြင်း၊ ပျိုးကျဲခြင်း မဂ`်လာ ကို
ပြုပါတယ်။ ယောကျာ်း ဖြစ်သူက လယ်ကွင်းထဲမှာ ဦးဆောင်ပြီး ဆောင်ရွက် နေသလို ဇနီးလုပ်သူကလည်း
လယ်ထွန်ပျိုးကျဲသူတွေ စားဖို့သောက်ဖို့ အိမ်မှာ ချက်ပြုတ် နေပါတယ်။
ကသရမဟာတိသကို
အမြဲတမ်း မနာလို ၀န်တို စိတ်ဖြစ်နေတဲ့ လူတစ်ယောက်ကလည်း မြို့ထဲမှာရှိနေပြန်ပါတယ်။ ၀န်တိုသူက
ဝန်တိုလို့သာဝန်တိုနေတာ ကသရမဟာတိသ ဆီက ချေးထားတဲ့ငွေတောင် ပြန်မဆပ်ရသေးပါဘူး။ မဂ`်လာ
အခန်းအနားကျင်းပနေတယ်ကြားတော့ သူ့စိတ်ထဲမှာပိုလို့တောင် မနာလို ၀န်တို ဖြစ်သွားပါတယ်။
ဒါကြောင့် ဒုက္ခပေးချင်စိတ်ပေါက်သွားပါတယ်။ အဲဒီအမျိုးသားက “ဒါလောက်မှဖြစ်နေတာ တွေ့ကြသေးတာပေါ့
၊ ပညာပေးလိုက်ဦးမှပဲ” ဆိုပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းကို ထွက်ခဲ့ပါတယ်။ ကျောင်းတိုက်ထဲရောက်တော့ဆရာတော်နဲ့
အခန့်သင့်တွေ့ရပါတယ်။ ဆရာတော်ကို ဦးချပြီးတော့ “ဆရာတော်ဘုရား မနက်ဖြန် သံဃာ ငါးရာ
ကသရမဟာတိသ အိမ်ကို ဆွမ်းစားကြွတော်မူပါ။“ လို့ လျှောက်လိုက်ပါတယ်။
ကျောင်းထိုင်ဆရာတော်ကလည်း
“အေး ကောင်းပြီ၊ “ ဆိုပြီး ပင့်လာတဲ့ ဆွမ်းစားကို လက်ခံထားလိုက်ပါတယ်။ နောက်တစ်နေ့
ရောက်တော့ ကသရမဟာတိသက လယ်ကွင်းထဲကို စီမံကွပ်ကဲဖို့သွားပြီး ဇနီးဖြစ်သူကတော့ အလုပ်သမားတွေ
စားဖို့သောက်ဖို့ စီမံရမှာမို့ အိမ်မှာကျန်ခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ
အိမ်ရှေ့ကို သံဃာငါးရာကြွလာပါတော့တယ်။ မပင့်ဖိတ်ထားပဲနဲ့ သံဃာ ငါးရာကြွလာတော့ ပထမတော့
သူဌေး ကတော်က အံ့သြသွားပါသေးတယ်။ ဒါပေမယ့် ချက်ချင်းပဲ သံဃာတော်တွေကို အိမ်ထဲကို ပင့်လိုက်ပါတယ်။
လက်ထဲက သပိတ်တွေကိုလည်း ကိုယ်စီလှမ်းယူလိုက်ကြပါတယ်။ ကြွလာတဲ့ခေါင်းဆောင် အရှင်တိသဒတ္တမထေရ်က
အိမ်မှာ သံဃာတော်တွေ ထိုင်ဖို့ အရံသင့် ခင်းထားတာ မတွေ့ရတော့ သံသယ ဖြစ်ပုံရပါတယ်။ ဒါ့ကြောင့် ဒကာမ လုပ်သူကို
မေးကြည့်ပါတယ်။
“ဒကာမ
ဒီနေ့ သင်တို့အိမ်မှာ အုတ်အုတ်ကျက်ကျက် နဲ့ တခြားမှာကြောင့်ကြစိုက်စရာများ ရှိနေသလား။“
“မှန်ပါ့ဘုရား၊
တပည့်တော်တို့ အိမ်မှာ လယ်ထွန်မဂ`်လာ ပြုလုပ်နေပါတယ်ဘုရား။ ဒါပေမယ့် ဆရာတော် ဘုရား
မပူပါနဲ့ ဘုရား ၊ လယ်ထွန်မှု ကိစ္စ ကို ဒကာယောကျာ်း က ဆောင်ရွက်နေပါတယ် ဘုရား၊ ဆွမ်းကပ်ဖို့
ကိစ္စက တပည့်တော်မ တာဝန်ပါ ဘုရား“
ဒကာမဖြစ်သူက
ဆရာတော်ကို လျှောက်ပြီး ဆွမ်းကိစ္စကို အမြန်စီမံရပါတော့တယ်။
စီမံဆဲမှာပဲ ဒကာလုပ်သူက လယ်ထဲက ပြန်ရောက်လာပါတယ်။ လွဲ ချော်မှု တွေဖြစ်နေတာဆိုတော့
ဆရာတော်ကပဲ ဒကာကို အရင်ဦးစွာမိန့် ပြပါတယ်။
“ဒကာရယ် သင်တို့ အိမ်မှာ လယ်ထွန်မဂ`်လာ လုပ်နေကြတာ
ငါတို့ သိခဲ့ရင် မကြွပါဘူး၊ ဒကာ သူငယ်တစ်ယောက်က လာပင့်လို့ ကြွရတာပါ။“
“ဆရာတော် ဘုရား အဲဒီအတွက် ဘာမှ မပူပါနဲ့
ဘုရား ၊ ဆရာတော် ဘုရားကို လာလျှောက်တဲ့ ဒကာဟာ ဘုရား တပည့်တော်ဆီက ငွေချေးထားတဲ့ သူပါ
ဘုရား ၊ တကယ်တော့ ၀န်တိုစိတ်နဲ့ တပည့်တော်ရဲ့ လယ်ထွန်မဂ`်လာကို အန္တရယ်ဖြစ်အောင် လုပ်တာပါဘုရား၊
ဒါပေမယ့် သူ ဖိတ်ပေးလို့ ဆရာတော် ဘုရားတို့ကို ဆွမ်းကပ်ခွင့်ရတာပါဘုရား ၊ တပည့်တော်
တို့ အတွက် သူဟာ ကျေးဇူး ကြီး လှပါတယ် ဘုရား ၊ ဒီနေ့ကစပြီး သူ့ကို မိတ်ဆွေ သူငယ်ချင်း
အဖြစ် သတ်မှတ်လိုက်ပါမယ် ဘုရား“
ဒကာဖြစ်သူက ဆရာတော် ကို လျှောက်ပြီး ဆွမ်းကပ်ပါတယ်။
ဆွမ်းစားပြီး လို့ ကျောင်းပြန်အကြွမှာလည်း သက`်န်း တွေကို ပါ ပေးလှူ လိုက်ပါတယ်။
နောက်ထူးခြားတဲ့ အပြု အမူ တစ်ခု ကတော့ ဆရာတော်
တွေကို သွားပင့် တဲ့ ရန်ဘက်ကို ၀န်တို နေတဲ့ သူကို ကြွေးအားလုံး ကို လျှော်ပစ် လိုက်တော့
တာပါပဲ။
ပြောလက်စနဲ့ သီဟိုဠ်ဝတ္ထု လေးတစ်ပုဒ်ကို ထပ်ပြောလိုက်ပါရစေဦး၊
ရသ၀ါဟိနီကျမ်းကပါ။ တစ်ခါတုန်းက ဥတ္တရာ ပထတိုင်းသား တစ်ယောက်ဟာ ခရီးတစ်ခု ထွက်ခဲ့ပါတယ်။
ခရီးသွားနေတုန်းမှာ နေကပူတော့ ရေကလည်း ဆာ လာ ပါတယ်။ ဒါကြောင့် နီးရာ သစ်ပင်ရိပ်အောက်
ကို ၀င်နားလိုက်ပါတယ်။ သစ်ပင်အောက်မှာ သူ့လိုပဲ သာဝတ္ထိပြည်သား လူစိမ်းတစ်ယောက်ကလည်း
ကွမ်းဝါးရင်း နေပူ ခိုနေပါတယ်။ ဒီတော့ ဥတ္တရာ ပထ တိုင်းသားက ကြို ရောက်နေတဲ့ လူစိမ်းကို
ရေတောင်းလိုက်ပါတယ်။
“မိတ်ဆွေရယ် ရေလေးဘာလေး မပါဘူးလား၊ ပါရင်
နည်း နည်း လောက်ပေးစမ်းပါ ၊ ရေ သိပ်ဆာနေလို့ပါ။“
“မပါဘူး“
“ဒါဖြစ်ရင်လည်း မိတ်ဆွေရယ်၊ ရေဆာလွန်းလို့
ကွမ်းလေးတစ်ယာ လောက်ပေးပါ။“
“အိုး… ဒီအတိုင်းတော့ ဘယ်ရမလဲ ၊ လေး အသပြာပေးရမယ်“
“ရပါတယ်။ လေး အသပြာ ပေးပါ့မယ်။“ ပြောပြီး
လေး အသပြာကို ထုတ်ပေးလိုက်ပါတယ်။ ဒီတော့ ဥတ္တရာ ပထ တိုင်းသားက ရေဆာပြေ အဖြစ် ကွမ်းကို
ဝါးပါတော့တယ်။
တကယ်တော့ ကွမ်းတစ်ယာဟာ လေး အသပြာ မတန်ပါဘူး
၊ လိုနေမှန် သိလို့ ပုံမှန်ဈေးထက်အဆများစွာ တင်ရောင်းလိုက်တာပါ။
အမောပြေတော့ ကိုယ့်ခရီးကိုယ် ဆက်ခဲ့ ကြပါတယ်။
ဒီလိုနဲ့ နှစ်ကာလတွေ ကြာသွားရောပဲ ဆိုပါတော့။ တစ်နေ့ သော အခါမှာတော့ ပင်လယ်ပြင်မှာ
ခရီး ထွက်ရင်း သူတို့ နှစ်ဦးဟာ သဘော`် တစ်စီးမှာ ပြန် ဆုံ ကြပြန်ပါတယ်။ တစ်နေရာ အရောက်မှာတော့
စီး လာတဲ့ သဘော`်က မှောက်သွားပါလေရော။ ခရီးသည်တွေ ဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန် နဲ့
ကူးနေကြပါတယ်။ ဥတ္တရာ ပထ တိုင်းသားကတော့ ကံကောင်းစွာပျဉ်ချပ်တစ်ခုကို ရလိုက်ပါတယ်။
ရလာတဲ့ ပျဉ်ချပ်တစ်ခုနဲ့ ကူးရင်း သူနဲ့ ခပ်လှမ်းလှမ်းမှာ
ယက်ကန်ယက်ကန်နဲ့ ရေထဲ နစ်လု နစ်ခင် ဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့ လိုက်ရပါတယ်။ သေချာကြည့်လိုက်တော့
တစ်ချိန်က သူ့ကို ကွမ်းတစ်ယာကို လေး အသပြာနဲ့
ရောင်းခဲ့ တဲ့ သူပါ။
ဒီတော့ ဥတ္တရာ တိုင်းသားက “ဒီ မိတ်ဆွေဟာ ငါ
ရေငတ်နေတုန်းက ကွမ်း တစ်ယာရောင်းဖူး တယ်။ ကျေးဇူး ရှိခဲ့ ဖူးတဲ့ မိတ်ဆွေပဲ “ ဆိုပြီး
သူ့ရဲ့ ပျဉ်ချပ်ကို ထိုးပေးလိုက်ပါတော့တယ်။
***
ဒီ သီဟိဠ် ၀တ္ထု လေး နှစ်ပုဒ်ကို ပြန်ပြန်ဖတ်ဖြစ်တိုင်း
ရင်ထဲမှာ အအေးဓာတ် တစ်ခုခု ကို ရလိုက်သလို ခံစားရပါတယ်။ သူတို့ရဲ့ အေးမြတဲ့ အအေးဓာတ်က
စာဖတ်သူကို လာကူးဆက်တဲ့ သဘောပါ။ သီဟိုဠ် ခေတ်က ပုံရိပ်ကလေး နှစ်ခု က ရာစုများစွာ ကြာခဲ့ပါပြီ။
ရာစုတွေ ဘယ်လောက်ပဲ ကြာခဲ့ ကြာခဲ့ ဖတ်ရသူ တိုင်းက ရင်ထဲကို အေးမြနေရတုန်းပါ။
ကိုယ့်ရဲ့ အလှူ မဂ`်လာကို လာအန္တရယ်ပြု တဲ့
သူကို ယူထားတဲ့ အကြွေးလျှော်ပစ်လိုက်တာ၊ ကိုယ့်ကို ဈေး အဆမတန် တင်ရောင်း ခဲ့ တဲ့ သူကို
ပျဉ်ချပ်ထိုးပေးလိုက်တာ။ စာကတစ်ဆင့်ဖတ်ပြီး သိရတာတောင် ရင်ထဲအေးမြနေတာ ကာယကံရှင်တွေဆို
ဘယ်လောက်အေးမြနေမလဲ မပြောတတ်အောင်ပါပဲ။ တကယ်လို့သာ သူတို့ဟာ ဆန့်ကျင်ဘက်တစ်ခုခုကို
သာ ပြု မူခဲ့ရင် ကာယကံရှင်တွေ အဖို့ ကော ဖတ်ရသူတွေ အဖို့ ကော ပူ လောင်မှု တစ်ခုခုကို
ခံစားရင်း သက်ပြင်းရှည် တစ်ခု ကို ချကြရမှာပါ။
တကယ်တော့ အေးမြခြင်း ပူလောင်ခြင်းရဲ့ အကြောင်းလေးတွေကို
ပထမ အဆင့် အနေနဲ့ သိထားလိုက်ဖို့ပါ။ ကျင့်တာ မကျင့်တာက ဒုတိယကိစ္စပါ။
ကမ္ဘာကြီးဟာ
အမှန်တကယ်လုံးပြီး 23 ½ ဒီဂရီ တိမ်း စောင်းပြီး ၂၄ နာရီ တစ်ပတ်လည် နေခဲ့ ရိုးမှန်ခဲ့ရင်
ကျောခိုင်းပြီး ခွဲခွာသွားတဲ့ ချစ်သူနှစ်ဦးဟာ တစ်ချိန်ချိန်မှာ မျက်နှာချင်းဆိုင်
ပြီး ပြန်တွေ့ ကြလိမ့်မယ်တဲ့။
အဲဒီအခါ သူကလည်း
အပြုံး၊ ကိုယ်ကလည်း အပြုံးနဲ့ နှုတ်ဆက်လိုက်ကြတဲ့ အချိန်ဟာ ကမ္ဘာလောကကြီးရဲ့ တစ်နေရာမှာ
အလှတစ်ခု ဆင် လိုက်ကြတာပါ။ ပြီးတော့ ခွဲ ခွာခြင်းတွေနဲ့ ဝေးကွာကြရင် ကံအားလျော်စွာ
ပြန်ဆုံကြရတဲ့ အခါ အပြုံးတွေနဲ့ နှုတ်ဆက်နိုင်အောင် ရယ်ပါ။
(ဆရာတော်ရဝေနွယ် အင်းမ ၏ အတွေးများနှင့်
မိတ်ဖွဲ့ခြင်းစာအုပ်မှ ထုတ်နှုတ်ပူ ဇော်ပါသည်။)