Pages

Friday, October 19, 2012

သူစိမ်းတစ်ယောက်(ဇာတ်သိမ်းပိုင်း)


သူစိမ်းတစ်ယောက်(ဇာတ်သိမ်းပိုင်း)

Anna ကတော့ အိမ်ကို ည ၁၀ နာရီလောက်မှ ပြန်ရောက်သည်။ ရောက်ရောက်ချင်းပဲ ရေဒီယိုဖွင့်ပြီး သတင်းနားထောင်တော့တာပါ။ I.C.S ၏ ဥက္ကဋ္ဌ သေဆုံးပြီး Mr.Riseman က ဥက္ကဋ္ဌ ဖြစ်သွားတယ်။
အဲဒီညမှာတော့ အိပ်လို့မပျော်ပါဘူး။ သူမက Dave နဲ့ အထူးအော်ဒါအကြောင်းကို စဉ်းစားနေတာပေါ့။ဘာတွေလဲ။ အဲဒီအခန်းထဲမှာ Dave ကဘာတွေလုပ်တာလဲ။
စနေနေ့ မနက်မှာတော့ Anna က ပုံမှန် အတိုင်း အလုပ်ဆင်းလျက်ပါပဲ။Dave ကတော့ သူမကို ဘာမျှ မပြောပါဘူး။ သူက တော့ ဒေါသထွက်နေတာပေါ့။ သောကြာနေ့က Anna မလာလို့လေ။ ဘာကြောင့် နားတာလဲလို့လည်း သူမကို မမေးမြန်းဘူး။ သူမကလည်း သူ့ကို မပြောဘူးလေ။
၁၁နာရီလောက်မှာ Dave က ဆိုင်ကနေ အပြင်ကို ခဏ ထွက်သွားတယ်။ ထို့နောက် သူ၏ ကားပေါ် တက်ပြီး မောင်းထွက်သွားတော့တာပဲ။ သူမ တစ်ယောက်တည်း ပဲ ကျန်ခဲ့တာပါပဲ။ သူမအတွက် အခွင့်အရေးတစ်ခု ပေါ် လာတာပါ။သူမက ဆိုင်နောက်ဘက်ကိုသွားပြီး အထူးအမှာစာများအတွက်သာ ဆိုတဲ့ အခန်း တံခါးကို ဖွင့်ကြည့်ပါတယ်။ အခန်းက သော့ပိတ်မထားပါဘူး။Dave က သော့ခတ်ဖို့ မေ့သွားတယ် ထင်ပါတယ်။ အခန်းလေးက ကျဥ်းကျဥ်းလေးပါပဲ။မှောင်မဲနေတယ်။လေ၀င်လေထွက်တော့ သိပ်မကောင်းပါဘူး။သူမ အခန်းမီးကို ဖွင့်လိုက်ပါတယ်။ ဒါပေမယ့် အရမ်းတော့ လင်းမသွားပါဘူး။ သူမ အခန်းရဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်ပါတယ်။ စားပွဲသေးသေးလေးတစ်လုံး၊ ထိုင်ခုံ နှစ်လုံးနဲ့ သေတ္တာတွေတော့ အများသား။ဒါပါပဲ။ဘာတွေကို အထူးမှာတာလဲ။ အမှာစာရေးတဲ့စာအုပ်တို့ ဘောလ်ပင်တို့လည်း မတွေ့ပါဘူး။သူမက စားပွဲဆီကို လျှောက်သွားပါတယ်။ သေတ္တာတစ်လုံးကို သူမဖွင့်ကြည့်လိုက်တယ်။သူမတွေ့တာက magazine နဲ့ သတင်းစာတွေ ။ အောက်ဘက်မှာ ညစ်ပေနေတဲ့ အ၀တ်အစားတွေ။ အဲဒီအ၀တ်တွေရဲ့ အောက်ဘက်မှာတော့ ပိုက်ဆံ အချို့ကို သူမတွေ့တယ်။တော်တော်များတယ်။ နိုင်ငံပေါင်းစုံက ပိုက်ဆံ အမျိုးမျိုး British,French,American,German,etc… သူမတော်တော် အံ့သြသွားတယ်။ သူမ အဲဒီလောက်များတဲ့ ငွေတွေကို ဘယ်တုန်းကမျှ မမြင်ဖူး ဘူး။ သူမ ထပ်ပြီးကြည့်လိုက်တဲ့အခါမှာ Mike Bailey ၏ အိတ် ကို တွေ့သည်။ ဘာမျှတော့ မရှိဘူး ။ နောက်ပြီးတော့ Arthur Riseman ရဲ့ အိတ်။ အဲဒီအိတ် ထဲမှာလည်း ဘာမျှမရှိဘူး။ သူမ အကြီးဆုံးသေတ္တာကြီး ထဲကို ကြည့်လိုက်တယ်။ အထဲမှာ လက်၊ ခြေကျိုးနေတဲ့ အရုပ်တစ်ချို့။ အဲဒီထဲမှာ အရမ်းလှတဲ့ အရုပ်တစ်ရုပ်။ သူကတော့ လက်ကျိုးနေတာ။ သူမအဲဒီ အရုပ်လေးကို စားပွဲပေါ် တင်ထားလိုက်တယ်။
နောက်တော့ သူမ ဘောလုံးနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်ကို တွေ့တယ်။ဘောလုံးသမားတွေရဲ့ ပုံတွေပါပြီး ၊ ပုံတိုင်းက ဆုပ်ပြဲနေတယ်။ အဲဒီစာအုပ်ကိုလည်း သူမ စားပွဲပေါ် တင်လိုက်တယ်။ပြီးတော့ သူမ သေတ္တာထဲကို ပြန်ကြည့်တယ်။ကားသေးသေးလေးတွေ အများကြီးတွေ့တယ်။အားလုံးက အကျိုးအပဲ့တွေချည်းပဲ။လေယာဉ်ပျံသေးသေးလေး တစ်စီးကိုလည်းတွေ့တယ်။ ဒါပေမယ့် ကျိုးပဲ့နေတာပါပဲ။ အဲဒီဟာလေးတွေ အကုန် လုံးကို စားပွဲပေါ် တင်လိုက်တယ်။ ဘယ်လောက်ထူးဆန်းတဲ့ စုဆောင်းမှုလဲ။ ပိုက်ဆံ၊ ကျိုးပဲ့နေတဲ့ အရုပ်၊ ကစားစရာ၊ ကား၊လေယာဉ်ပျံ။ ဆုပ်ပြဲနေတဲ့ပုံတွေပါတဲ့ ဘောလုံးစာအုပ်။ သူမ စားပွဲပေါ်မှာရှိတဲ့ ပစ္စည်းတွေကို နားလည်ရခက်နေတယ်။ဒါတွေက ဘာအတွက်လဲ။ Dave က ဒါတွေကို ဒီအခန်းထဲမှာ ဘာလို့ သော့ခတ်သိမ်းထားရတာလဲ။
          ရုတ်တရက် သူမ လန့်သွားတယ်။ သူမရဲ့ နောက်မှာ အသံ တစ်ခု ကို ကြားလိုက်ရလို့ပါ။ အခန်းရဲ့ တံခါး နားမှာ တစ်စုံတစ်ယောက်ရပ်နေလို့လေ။
*************************************************************
          အသံတစ်ခု ထွက်ပေါ်လာသည်။ “စိန်လက်စွပ်ကရော ဘယ်မှာလဲ” ။ အဲဒါက Dave ပါပဲ။ သူကတော့ ဟားတိုက် ရယ်မောလျက်ပေါ့။
Dave ။ ။”ငါ မင်း အတွက် တံခါးဖွင့်ပေးခဲ့တာ။ငါ ဒီနေ့ မင်း ကို ဒီ အခန်းထဲကို ၀င်စေချင်လို့လေ။”
သူမတော်တော်ကြောက်နေပေမယ့် Dave မရိပ်မိအောင် အားတင်းထားလိုက်တယ်။
Dave။  ။”မင်း စိန်လက်စွပ်ကို ရှာတွေ့ပြီလား။”
သူမမှတ်မိတယ်။ Greta Gordon ရဲ့ စိန်လက်စွပ်လေ။ အဲဒါတွေကရော ဒီအခန်းထဲမှာပဲလား။
Dave။  ။”ဒီမှာ”
သူက အခန်းထဲဝင်လာပြီး အိုဟောင်းနေတဲ့ သေတ္တာတစ်ခုထဲကနေ ယူလိုက်တယ်။ပြီးတော့ စားပွဲပေါ် ကို ပစ်တင်လိုက်တယ်။
Anna။  ။”အဲဒါ ရှင့်ဟာ မဟုတ်ဘူးလေ။Greta Gordon ပိုင်တာလေ။”
Dave။  ။”အဲဒါ ငါ့ဟာ၊ သူမငါ့ကို ပေးသွားတာလေ။”
Anna။  ။”ဘာအတွက်လဲ။ဘာလို့သူတို့က ပေးတာလဲ။ ဒီပိုက်ဆံတွေကရော ဘယ်သူတွေက ပေးသွားတာလဲ။”
Dave။  ။”အထူးအော်ဒါမှာတဲ့လူတွေပေါ့။သူတို့ပေးတော့ အခု အားလုံးက ငါ့ဟာပေါ့”
Anna ။ ။“Mr.Bailey နဲ့ Mr.Riseman ကရော ဒီပိုက်ဆံတွေ အကုန်ပေးသွားတာလား။”
Dave။  ။”အင်း၊ ဟုတ်တယ်။မင်း ငါ့ရဲ့ အထူး အော်ဒါမှာတဲ့လူတွေကိုတော့ တွေ့ဖူးနေတာပဲ။ဒါပေမယ့် အကုန်လုံးတော့ မဟုတ်ဘူး။”
Anna။  ။ “အဲဒါဆို သူတို့က ဘာအတွက် လာတာလဲ။”
Dave။  ။”အကူ အညီလိုလို့ လာတာလေ။ငါ က ကူညီတယ်။ သူတို့က တန်ရာတန်ကြေးပေးတယ်။”
Anna။  ။ “အဲဒါဆို ရှင်က ဘယ်လို ကူညီတာလဲ။”
Dave က စားပွဲပေါ်က လက်ကျိုးနေတဲ့ အရုပ်မလှလှလေးကို ကောက်ကိုင်လိုက်ပြီး
Dave။  ။”မင်း Joanne Leighကို မှတ်မိတယ် မလား”
Anna ကခဏ စဉ်း စားလိုက်ပြီး
Anna။  ။”Joanne Leigh၊ အော်….သိပြီ။ သူမက လက်ကျိုးသွားတဲ့ မင်းသမီးလေ။ အဲဒါကြောင့်Greta Gordon က သူ့ နေရာကို ရခဲ့တာပေါ့။”
Dave။  ။”အင်း မှန်တယ်။ ဒီအရုပ်က Joanne Leigh ပဲ။”
Anna ရဲ့ ကြောက်စိတ် က ပို မို ပြင်းထန်လာတယ်။Dave Slatin က ဘယ်လို လူမျိုးလဲ။ သူက ဆုပ်ပြဲနေတဲ့ပုံတွေပါတဲ့ ဘောလုံးစာအုပ်ကို လက်ညှိုးထိုးပြလိုက်တယ်။
Dave။  ။ “အဲဒါဘယ်သူလဲ Anna?”
Anna က သူ့ မျက်နှာကို မှတ်မိတယ်။ သူမ TV ထဲမှာ ကြည့်ဖူးတယ်။
Anna။  ။”Brain Thomas ,ဂိုးသမားလေ။”
Dave ။ ။”Brain Thomas,ဂိုးသမား။ အဲဒီစာအုပ်ထဲက ပုံက Brain Thomas ပဲ။”
Anna က ရူးသွားလောက်အောင်သွေးပျက်နေပြီ။Dave က အလွန်ယုတ်မာတဲ့သူပဲ။Dave က Anna ၏ အနားသို့ တဖြည်းဖြည်းတိုး၍ လာခဲ့သည်။သူက ကျိုးနေတဲ့ လေယာဉ်ကို ပြသည်။
Dave။  ။”ဒါကိုရော မင်းဘယ်လိုထင်လဲ။ Anna”
Anna အဖြေကိုသိနေပါသည်။ ဒါပေမယ့် သူမ ပါးစပ်က ပြောမထွက်တော့ပါ။Dave က Anna ကို တင်းတင်းကျပ်ကျပ်ဖက်လိုက်တယ်။Anna က ရုန်းထွက်ဖို့ ကြိုးစားနေတာပေါ့။ Dave က အသံနက်ကြီးနဲ့ ရယ် ပြီး အဲဒီထပ်ပို တင်းကျပ်စွာဖက်ထားလိုက်ပါတယ်။Dave က Anna ရဲ့ နား နားကို ကပ်ပြီးပြောလိုက်တယ်။
Dave။  ။”Anna ၊ နားထောင်၊ ငါမင်းကို လိုအပ်တယ်၊ လိုချင်တယ်၊မင်းငါ့ကို လက်ထပ်ရမယ်။ Peter ကို လက်မထပ်ရဘူး။ငါ့ကိုပဲ လက်ထပ်ရမယ်။”
Anna။  ။”လက်မထပ်ဘူး။ရှင့်ကို လက်မထပ်ဘူး။ ကျွန်မကို လွှတ်။”
Dave။  ။”Anna ၊မင်း နားမလည်သေးလို့ပါ။ငါ့မှာ စွမ်းအားတွေရှိတယ်။ ငါ မင်းလိုတာကို ဘာမဆိုပေးနိုင်တယ်။”
Dave က Anna ရဲ့ မျက်လုံးကို စေ့စေ့ ကြည့်လိုက်တယ်။
Dave။  ။”ငါက မင်းကို ပိုက်ဆံနဲ့ စိန်တွေပေးမယ်။ မင်းက ငါ့အတွက် ကလေး လေးတွေ မွေးပေးရုံပဲ။ ငါ့ကလေးတွေ အားလုံးမှာလည်း ငါ့ရဲ့ စွမ်းအားတွေပါလာလိမ့်မယ်။”
Anna က Dave ကို တွန်းပြီး ကန်လိုက်ပါတယ်။သူမ အထူးအမှာစာများအတွက်သာ ဆိုတဲ့ အခန်းထဲက အမြန်ဆုံးထွက်လာခဲ့ပါတယ်။သူမ၏ အိမ်ဆီသို့ ခပ်မြန်မြန် ပြေးပါတော့သည်။
********************************************************************
           သူမ အိမ်ရောက်တဲ့ အထိကို ကြောက်လန့်နေတုန်းပါ။ အိပ်ရာထဲက ခွေအိပ်လိုက်ပါတယ်။
ညနေခင်းမှာ Peter က သူမကို တွေ့ဖို့ လာပေမယ့် သူမ အဖျားတက်နေတာကြောင့် မတွေ့ခဲ့ရ။ သူမ ညဘက်တိုင်းလည်း အိပ်လို့ မပျော်။
          နောက်တစ်နေ့ ၊တနင်္ဂံနွေ၊ အောက်တိုဘာလ 31ရက် က Woodend အတွက်တော့ ကံဆိုးစရာတစ်ခု ဖြစ်လာတဲ့ နေ့ပါပဲ။ သူမကတော့ အိပ်ရာထဲမှာ လဲနေတုန်းပါ။အဖျားအလွန်ကြီးလွန်းလို့ ၊ ဆရာဝန် ပင့်ပါတယ်။
Doctor။                   ၊၊”ကျွန်တော် တစ်ခုတော့စိုးရိမ်တယ်။ အရမ်းဖျားနေတော့လေ။ရောဂါလဲ ဘယ်လိုစမ်းသပ် စမ်းသပ် မပေါ်ဘူး ဖြစ်နေတာကြောင့်ပါ။ ညဘက်ကျမှ ကျွန်တော ထပ်လာကြည့်ပါဦးမယ်။”
Peter က နေ့လည်ခင်းမှာ Anna ကို တွေ့ဖို့လာပါတယ်။ သူမကို စကားပြောဖို့ကြိုးစားတယ်။ သူမ အရမ်း ဖျားနေတာကြောင့် ကုတင်ဘေးမှာပဲ တိတ်တိတ်လေး ထိုင်နေခဲ့တယ်။ ည ၇ နာရီလောက်မှာ Peter က လမ်းမပေါ်က အော်သံ တစ်ချို့ကို ကြားရပါတယ်။ သူက ပြတင်းပေါက်ကနေ ထွက်ကြည့်လိုက်တယ်။ လူတွေက ပြေးတဲ့ လူကပြေး၊ အောတဲ့သူက အော်နဲ့ပေါ့။”မီး..မီး…မီး…လမ်းထောင့်ဈေးဆိုင်မှာ” လို့ ရုန်းရင်းဆန်ခတ်နဲ့အော်နေကြတယ်။
Peter က Anna ရဲ့ အိမ် ထဲက နေ ထွက်ပြီး လမ်း ပေါ် ကို ထွက်ကြည့်တယ်။ မီးက အတော်ကို လောင်နေခဲ့တာ။ ဆိုင်တစ်ခုလုံးမီးလျှံတွေနဲ့ချည်းပဲ။ Dave Slatinကိုတောင် မမြင်မိဘူး။
Mr.Hart။        ။”သူ့ ကားက ဒီမှာ ၊ Dave က အထဲမှာ ဖြစ်လောက်တယ်။”
အဲဒီနောက်မှာတော့ ရွာခံတွေက သူ့ကို မြင်ကြတယ်။အပေါ်ထပ် ပြတင်းပေါက်နားမှာလေ။”ခုန်ချလိုက် ၊ ခုန်ချလိုက် ” လို့ အော်တဲ့သူတွေတော့ရှိတာပေါ့။ ဒါပေမယ့် Dave က နည်းနည်းမျှ မလှုပ်ဘူး။ပြတင်းပေါက်နားမှာ ရပ်ပြီး အသံ နက်ကြီးနဲ့ ရယ်မောနေတယ်။ တစ်ချို့သော အမျိုးသမီးတွေရဲ့ အော်သံတွေက လည်း ဆူညံလို့ပေါ့။ Mr.Hart ကတော့ ဆိုင်ထဲဝင်ပြီးသူ့ကို ကယ်မယ်။သွားခေါ်လာမယ် လို့လုပ်ပေမယ့်ဆိုင်တစ်ခုလုံးကို မီးက ၀ါးမျိုလုနီးပါးရှိနေပြီ။ မီးညွန့်တွေကလည်း Dave ဆီကို ရောက်သွားပြီ။ဒါပေမယ့် သူ ရယ်နေတာကို ရွာခံတွေ အကုန်လုံးမြင်လိုက်တယ်။ အဲဒါ သူ့ကို မြင်ရတာ နောက်ဆုံးပါပဲ။ ဘယ်သူမှ သူ့ကို မကယ် နိုင်လိုက်သလို ၊ နောက်လည်း ဘယ်တော့မှ မတွေ့ရတော့ဘူး။
Peter ကတော့ Anna အိမ်ကို ပြန်လာတာပေါ့။ ဆရာဝန်က Anna ရဲ့ အမေ ကို မီးဖိုချောင်ထဲမှာစကားပြောနေတယ်။
ရုတ်တရက် အော်သံတစ်ခုကြားရတယ်။သူတို့ အားလုံး အပေါ်ထပ်ကို Anna ရဲ့ အခန်းဆီကို သွားကြတာပေါ့။ Anna ဆုံးပြီ။
****************************************************************
(ဘာသာပြန်သူ-ရွှေပိုးကောင် ၊ Norman Whitney ၏  The Stranger ကို ဆီလျော်အောင် ဘာသာပြန်သည်။)

No comments:

Post a Comment