ကြောင်ကလေး
Willa
Alan ။ ။Willa
မနက်တိုင်း သစ်ပင်အောက်မှာပဲထိုင်နေတယ်။
အိမ်နောက်ဖေးက ပေ၁၀၀ လောက်မြင့်တဲ့ ယူကလစ်ပင်ကြီးရဲ့
အောက် မှာ ဘာကြောင့် ထိုင်နေတာလဲလို့ willa ကို ကျွန်မမေးစရာမလိုတော့ပါဘူး။တစ်ခါတစ်လေ
သူက ယူကလစ်ပင် ပေါ် တက်ပြီး မှီရာ အကိုင်းလေးတွေကို လှုပ်နေသေးတယ်။အသိုက်ထဲက ငှက်ကလေးတွေကျလာမလား
ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
သူက အ၀လွန်နေတဲ့ penguin
ငှက်ကြီးတစ်ကောင်နဲ့တူတာပေါ့။ကျွန်မတို့ အိမ်မှာမွေးထားတဲ့ ကြောင် လေးကောင် ထဲမှာ သူက
အထိုင်းဆုံးပဲလေ။ သူ့ညီအစ်ကိုတွေ ဖမ်းသလို ပုံစံမျိုးကို သူ လိုက်လုပ်လေ့ မရှိပါဘူး။
သူက ဘူးနဲ့ အသင့်လုပ်ထားတဲ့ ကြောင်စာ ကိုပဲ တစ်နေ့ နှစ်ကြိမ်စားလေ့ရှိတယ်။ အခုတော့
သူက အရင် ကထက် အိုပြီး လေးလံလာခဲ့ပြီ။ ဒါကြောင့် သူက ဖမ်းတဲ့ဘက် ကို စိတ်မသန်တော့ဘူး။
သူ အမြဲ ယူကလစ်ပင်အောက် ကို တွားသွားပြီး မျက်လုံးစောင်းလေးနဲ့ ခေါင်းလေးကို မော့ကာ
အပေါ် ကို ငေးကြည့်နေကျလေ။ သူ့ရဲ့ ကံတရားက ဒီအတိုင်းမနေဘူး ဆိုတာကိုတော့ သူတွေးခဲ့ရမှာပါ။
နောက်တစ်နေ့မနက်ရောက်တော့လည်း
willa လေးက အဲဒီသစ်ပင်အောက်မှာပဲ ဖွဖွကလေး ရွေ့လို့ လို့ပေါ့။
“အဲလိုလုပ်နေလို့ အပိုပဲ
willa။ ငှက်ဆိုတဲ့ အကောင်မျိုးက သစ်ပင်ပေါ်ကနေ ကျလာခဲတယ်။ဖြစ်နိုင်တာကိုလုပ်ပါကွယ်“
လို့ ကျွန်မပြောပါတယ်။သူ က ကျွန်မပြောတဲ့စကားကို လျစ်လျူရှုပြီးနေတယ်။ဆောင်း အ၀င် မနက်တိုင်း
သူကတော့ ယူကလစ်ပင်အောက်မှာပါပဲ။
တစ်နေ့ ကျွန်မ သူ့ ကို ပုံမှန်နေရာလေးမှာမတွေ့ရတော့ဘူး။ဒါလည်းကောင်းတာပဲ
သူနောက်ဆုံးတော့ အဓိပါယ် မရှိတဲ့အလုပ်ကို လုပ်မိတယ်ဆိုတာသိသွားတယ်လို့ ကျွန်မစိတ်ထဲသုံးသပ်ရင်းတစ်ချက်ပြုံးလိုက်မိတယ်။
ဒါပေမယ့် ကျွန်မအထင်တွေ မှားခဲ့ပါတယ်။
သူလုပ်ခဲ့တဲ့ အစီအစဉ်က အလုပ်မဖြစ်ဖူးလို့
သူသုံးသပ်မိတယ်။ ဒါကြောင့် နွေဦးမှာ သူရဲ့ အစီအစဉ်တွေကို ပိုကောင်းအောင်လုပ်ခဲ့တယ်။
တစ်နေ့သော June ညနေခင်းမှာ
ကျွန်မ အိမ်က လူတွေကိုမေးခဲ့တယ်။“ဒီကြွက်ကို ဘယ်သူချီလာတာလဲ။“
Alan ။ ။ သိမ်းထားလိုက်မယ်လေ။
Takery ဒါမှမဟုတ် Starry များဖမ်းလာတာလား။
ကျွန်မဘာမှ ပြန်မပြောလိုက်ပါဖူး။ ဒါပေမယ့် သူပြောတာ မဟုတ်တဲ့
အကြောင်း ကျွန်မမှာ အချက်အလက်တွေရှိလို့ပါ။ Takery ကနေ့လည်ခင်းတစ်ခုလုံးအိပ်နေပြီး၊
Starry ကတော့ ကြွက်ဆိုရင် မစားတဲ့ အကျင့်ရှိလို့လေ။ Charlotte Bronte များဖြစ်နေမလား။
မဟုတ်ဘူး။ မဖြစ်နိုင်ပါဘူး။
ကြွက်သေတွေကတော့
နေ့စဉ်တွေ့နေရတယ်လေ။ အဲဒီဟာတွေက willa ဖမ်းတယ်လို့ သိလိုက်ရတဲ့ အချိန်မှာ အံ့သြခြင်းနဲ့အတူ
ကျွန်မ မှာပဟေဠိ ပုစ္ဆာတစ်ပုဒ် ရှိနေခဲ့တယ်။ ကျွန်မ မယုံနိုင်ခဲ့ပါဘူး။ သူက ကြွက်ဖမ်းဖို့
အတွက်ကို အလွန်ဝပြီး အသက်အရွယ် အိုမင်းနေတဲ့ ကြောင်တစ်ကောင်ပါ။
နောက်တစ်နေ့မှာတော့ကျွန်မသူ့ကို
ခြေရာခံခဲ့တယ်။ သူဝေးဝေးတော့မသွားခဲ့ပါဘူး။ အိမ်နောက်က သစ်ပုံကြီးရဲ့အောက်မှာ ကြွက်တွေအများကြီးရှိတယ်လေ။
တစ်နေ့ နံနက် ခင်းမှာ willa နောက်ကို လိုက်သွားခဲ့တယ်။ အိမ်နောက်ဖေးမြေကွက်လပ်လေးမှာ
ခုံတစ်ခုယူထိုင်ပြီး ကော်ဖီသောက်ရင်း သူဘာလုပ် မယ် ဆိုတာကို မျှော်လင့်စောင့်စားနေခဲ့တာပေါ့။ ကြွက်ဖမ်းတယ် ဆိုတာ စိတ်ရှည်ရမယ့် အားကစားတစ်ခုပါ။
ကျွန်မ စောင့်ကြည့်နေခဲ့တယ်။သူရဲ့ အစီအစဉ်လေးကတော့ တော်တော်လေးပါးနပ်တာပဲ။ သစ်ပုံပေါ်တက်ပြီး
ပွင့်နေတဲ့ ကြွက်တွင်းရဲ့ အ၀ မှာရွရွလေးဖွနင်းပြီး သူ့ရဲ့ သားကောင်တွေက သူတို့ လုံခြုံတယ်လို့ထင်ရတဲ့အထိ
မလှုပ်မယှက် နားနေတယ်။ အဲဒီအချိန်မှာထွက်လာတဲ့ကြွက် ကို သူ့ အမဲရောင်ခြေဖ၀ါးနဲ့ တစ်ချက်
ခပ်ကြမ်းကြမ်းလေးရိုက်လိုက်တာပါ။ နွေတစ်ရာသီလုံး willa က အဲဒီကြွက်တစ်သုတ်လုံးခဲ့ ရှင်းနိုင်ခဲ့တယ်။
တစ်ကောင်ပြီးတစ်ကောင် သူ့ရဲ့ စိတ်ရှည် လှတဲ့ ခြေဖ၀ါးအောက်မှာပဲ သက်ဆင်းခဲ့ရတယ်။
*********************************************************************
ကျွန်မရဲ့ပေါင်ပေါ်မှာ
willa ကတော့ အညောင်းဆံ့ နေတယ်လေ။ သူ့ ရဲ့ သက်တမ်း ၁၆ နှစ်ပြည့်ခဲ့တာ မကြာသေးပါဘူး။
ဒါပေမယ့် မနက်ဖြန်ကတော့ သူ့ ကို ဆေးခန်းပြဖို့ ရက်ချိန်းလေ။ Willa မှာ cancer ရောဂါရနေပြီ။
သူ့အတွက် ဘာမှလုပ်မပေးနိုင်တော့ပါဘူး။ ကျွန်မ သူ့ကိုယ်ပေါ်က အမွှေးလေး တွေကိုပွတ်သပ်ရင်း
သူ့နဲ့သိခဲ့ရတာ အရမ်းကံကောင်းတယ်လို့ တွေးမိတယ်။ ခန့်ညားပါးနပ်တဲ့ ကြောင်တစ်ကောင်မို့လေ။
သူက အသက်ကြီးလာခြင်း ရဲ့ အကျိုးကို ပြသခဲ့တယ်လေ။ အသက်အရွယ်ကြီးရင့်လာရင် ဘယ်နေရာမှာနေရမလဲဆိုတာသိလာတယ်။
ပြီးတော့ နေရာမှန်ရင် ကိုယ်တောင့်တတာတွေက ကိုယ့်ဆီရောက်လာတယ်ဆိုတာကိုပေါ့။
Willa
ကျွန်မကိုမော့ကြည့်တယ်။
ကျိန်ပြောရဲပါတယ်
သူပြုံးနေတယ် ဆိုတာကိုလေ။
ဘာသာပြန်သူ-ရွှေပိုးကောင်၊
“What Willa Knows from Chicken Soup for The Cat Lovers’ Soul“
No comments:
Post a Comment