Pages

Sunday, May 19, 2013

ပွင့်လင်းမြင်သာတဲ့ အကြောင်းပြချက် တစ်ချို့


ပွင့်လင်းမြင်သာတဲ့ အကြောင်းပြချက် တစ်ချို့
“သင် စောင့်ဆိုင်းနေသည့် အချိန် တွင်ပင် နားဖောက်ပြီး ဖြစ်သည်။ “ ဟူသော ဆိုင်းဘုတ်ကို ဆိုင်တစ်ဆိုင်၏ ပြတင်းပေါက်နားတွင် ချိတ်ဆွဲ ထားသည်။ Customers တွေ သူတို့ရဲ့ နားကို ခဏ အပ်ထားပြီး နောက်တစ်နေ့ မှ ပြန်ရွေးတာပဲ ဖြစ်ဖြစ်ပေါ့လေ။ ဒီဆိုင်းဘုတ်ကို ၀န်ထမ်းလေးတွေ ချိတ် ဆွဲ ထားခြင်းဟာ တခြား salon တွေ နဲ့ ကွာခြားစေတဲ့ ပွင့်လင်းမြင်သာတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
အဲဒီလိုမှ မဟုတ်ခဲ့ဘူးဆိုခဲ့ ရင်တော့ ပွင့်လင်းမြင်သာမှု ဆိုတဲ့ ရောဂါ တစ်ခု ဟာ ပြည်သူ လူထု အကြား ကပ်တစ်ခု အနေနဲ့ ၀င်ရောက်လာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ တချို့ သော အရာတွေကို တစ်ချက်တည်း ထိမိအောင် နှုတ်အားဖြင့် ဖော်ပြချင်တာမျိုးလည်း ရှိကြပြန်ပါတယ်။ ဥပမာ အားဖြင့်- airline snacks အထုပ်ကလေး တစ်ချို့မှာ “Eat after opening.” ၊ ဖွင့်ဖောက်ပြီးမှ သုံးဆောင်ရန် ဆိုတာမျိုး ရေးသားထားလေ့ရှိပါတယ်။ လောလောဆယ် အထိတော့ ကျွန်တော့် ဘေး ပတ်လည်က passengers တွေအားလုံး  ဖွင့်ဖောက်ခြင်း မပြု ပဲ သုံးဆောင်တဲ့ သူ မတွေ့ဘူးသေးပါဘူး။
Cosmo X’mas Gift Guide ကတော့ X’mas မှာ သူငယ်ချင်း တွေကို gift ပေးမယ်ဆိုရင်တော့ doorstop ကို ပေးဖို့ အကြံပေးပါတယ်တဲ့။ “အဲဒီအတွက် အရွေး မမှားပါနဲ့။ လူတိုင်းမှာ တံခါးရှိတယ်။” ဆိုတဲ့ message ကို ပေးထားပြန်ပါတယ်။ များသောအားဖြင့် journalists တော်တော်များများဟာ ပွင့်လင်းမြင်သာမှု ဆိုတဲ့ ရောဂါဆိုးကြီး ရဲ့ ဒဏ်ကို ခံရမှု များပြားလာတာကိုတွေ့ရှိရပါတယ်။ ကျွန်တော့်ဆီကို ပို့လာတဲ့ Article တစ်ခု မှာ ဖတ်လိုက်ရတာကတော့ “လေယာဉ်ပျက်ကျမှုဟာ လေယာဉ်နဲ့ မြေကြီး ထိတဲ့ အချိန်မှာ ဖြစ်ပွားတယ်လို့ သူတို့ ဆုံးဖြတ်လိုက်ကြပါတယ်” ဆိုသော စာတန်းကို “သေခြင်းတရားသည် နိုင်ငံ၏ ထိပ်တန်း လူသတ်သမား” ခေါင်းစဉ်အောက်တွင် ဖတ်ရှူ လိုက်ရသည်။ ဘယ်သူက ဘယ်လိုများ တွေး မိကြမလဲ။
ထိုကဲ့သို့ ထိထိမိမိ ဖော်ပြခြင်းသည် ပြည်သူ့ အတွက် စာပေများတွင် အလွန်ရေပန်းစားနေပြီ
ဖြစ်သည်။ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင်မူ “အရှည်လွန်နေသော ၊ မသပ်မရပ်ဖြစ်နေသော ဆံကေသာ အတွက် ဆံပင်ညှပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ Hair salons နှင့် ဆံသ ဆရာမှ သင်၏ ငွေကြေး အား ဆံပင်ညှပ်ခြင်းနှင့် လဲလှယ်ပေးမည်” ဟူ၍ ရေးသားလှစ်ဟထားသည်။ ပွင့်လင်းမြင်သာမှု ဆိုတဲ့ Obviousitis သည် restaurants များအထိပင် ထိုးဖောက်ဝင်ရောက်ပြီးဖြစ်သည်။ သုံးဆောင်ပြီးသွားပြီဆိုလျှင် စားပွဲထိုး waiter မှ သုံးဆောင်ပြီးသွားသော ပန်းကန်ပြားကို ညွှန်ပြ၍ “ ပြီးပြီလား “ ဟူသော အမူအရာ နှင့် သူ့ မျက်ခုံးကို ပင့်၍ ပြသည်။
UK Adult Humor Magazine မှ ဟာသတစ်ပုဒ်တွင် Obviousitis ဟာသ အဖြစ် “ဈေးကြီးသည့် ကားနံပါတ် plate ပြားအား ၀ယ်ယူမည့် အစား သင့်နာမည်အား Mr. KVL 741Y ဟု ပြောင်းလိုက်ပါ။ ” ၊ နှင့် “မိန်းမရှုပ်တဲ့ သူ တော်တော်များများဟာ သူတို့ အိမ်သူ နဲ့ အမည်တူတဲ့ မိန်းကလေး ရဲ့ အမည်ကို အိပ်ယာထဲမှာ ယောင်မိမှာ ရှက်ကြသည်။“ ဟု ဖော်ပြထားသည်။
          အမှန်တရားရဲ့ ပြောင်းပြန်ကို ပြောတဲ့ ပွင့်လင်းမြင်သာမှုမျိုးကတော့ ဆိုးဆိုးရွားရွားဖြစ်စေပါတယ်။ စာဖတ်သူတစ်ယောက် ကျွန်တော့်ကိုပြောပြဖူးပါတယ်။ သူမကို ရဲက စစ်ဆေးဖို့သူမကားကို တားပါတယ်။ “မင်းကားလား။” ဟု ရဲကမေးတဲ့ အခါ “ခိုးလာတာ” လို့ ပြန်ဖြေလိုက်တယ်တဲ့။ အဲဒီလို ပြောလိုက်လို့ သူမကိုသေသေချာ စစ် ဆေးလိုက်တာ တစ်နာရီကျော်လောက်ကြာလေရဲ့။
အဲဒါကြောင့် ပွင့်လင်းမြင်သာတဲ့ နောက်ဆုံး အချက်တစ်ခု ကို တင်ပြလိုက်ရပါသည်။
”အချိန်ပိုတွေ မရှိဘူးဆိုရင်တော့ ရာဇ၀တ်မှု လုပ်တယ်လို့ ၀န်ခံခြင်းကို ရှောင်ကြဉ်ပါတဲ့။”
(ဘာသာပြန်သူ-ရွှေပိုးကောင်၊ For Obvious Reasons , RD Asia, 2013,May)

Friday, May 3, 2013

A to Z , စကားလုံး အချို့ ၏ အဓိပါယ် များ ကို ဟာသ ဆန်သော ဖွင့်ဟချက်များ ဖြင့် အသစ် တိုးမြှင့် လှစ်ပြခြင်း


A to Z , စကားလုံး အချို့ ၏ အဓိပါယ် များ ကို ဟာသ ဆန်သော ဖွင့်ဟချက်များ ဖြင့် အသစ် တိုးမြှင့် လှစ်ပြခြင်း
Age     (ရင့်ကျက်မှု အတွက် ဈေးနှုန်း မြင့်မြင့် ဖြင့် ၀ယ်ယူရခြင်း။)
Bookstore     (လူ တို့  အတွေး၌ စီးမြောနေသည် ဟု သက်သေ ပြ နိုင်သည့် အဖြစ်အပျက် တစ်ခု။)
Calories         (သင့်ရဲ့ ဗီရိုထဲမှာ နေထိုင်၍ ၊ သင် ၏ အင်္ကျီများကို ညစဉ် ကျဉ်းအောင် ချုပ်ပေးနေသော အလွန်သေးငယ်သည့် သတ္တ၀ါ တစ်ကောင် )
Conclusion     (တွေးတော ကြံ ဆ မှု ကို စိတ်ပျက် သော အချိန်တွင် သင် ရောက်ရှိနေသော နေရာ)
Disappointment        (Facebook ပေါ် တွင် မိမိ ၏ Post များ like မရရှိသည့် အခြေအနေ)
Experience               (မိမိ ပြု လုပ်ခဲ့သော အမှားများကို ပြန်လည် အမှတ် ရစေနိုင်သည့် ထူးခြားသည့် အရာတစ်ခု)
Fruit             (ရုပ်ရည် ရှိသည့် အသီး အနှံ)
Greeting Cards         (အကောင်းဆုံး အရာတစ်ခု ကို ပေးချင်သော်လည်း ၊ အမှန်တကယ် ရေးချစရာ အလုံ အလောက် မရှိသည့် အခါ အသုံးပြု စရာ)
Heaven         (gate စောင့် ထားရှိသော အသိုင်းအ၀ိုင်း)
Humans        (ကမ္ဘာပေါ် တွင် ရှိသော သတ္တ၀ါများ အနက်မှ သားသမီး ကို အိမ်ကို ပြန်လာခွင့် ပြု သော သတ္တ၀ါ)
Internet         (တွေးတော ကြံ ဆမှု တို့ သေဆုံးရာ)
Jury              (၁၂ ယောက်သော လူတို့က ဘယ်သူ့ ရဲ့ ရှေ့ နေ ပိုကောင်းလဲ ဟူ၍ အဆုံး အဖြတ်ပေးရခြင်း)
Life              (TV ကြည့် မနေသော အချိန် တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များ)
Media           (Mediocrity ၏ အများကိန်း)
Narcissist       (သင့်ထက် ပို လှသည် ဟု ဆိုသော လူတစ်ယောက်)
Opera           (ထိုသူ ၏ နောက်ကျောတွင် ဓားချက် မှန်လျှင်ပင် သွေးမထွက်ပဲ သီချင်းသံ ထွက်ခြင်း)
Pessimist       (အမြဲတမ်း သူ့ ကိုယ်သူ မှန် သည်ဟု ယူဆသောသူ)
Psychiatrist    (သင့်ကိုယ် သင် စကား တစ်ဦးတည်း ပြောနေပြီးနောက် ၊ သင် ပြောရမည့် နောက်တစ်ယောက်)
Queen                    (အခြား သူများ ခေတ်ရှေ့ မည်မျှ ပြေးနေပါစေ၊ ခေတ်နောက် မကျသောသူ)
Reality          (ထို အရာ နှင့် အမြဲ ထိတွေ့ နေရသော သူသည် စိတ်ဖိစီး များ သထက် များလာလိမ့်မည်။)
Savings         (မိဘ တို့ မိမိ အတွက် လုပ်ပေးသမျှ အကောင်းဆုံး အရာများ)
X-ray            (အရိုး သဏာန် ကို စိတ်ဝင်စားလာစေမည့် ပုံ)
Yoga            (ကျန်းမာရေး အတွက် အာမခံ ထားစရာမလို အပ်သည့် ကုသနည်း တစ်မျိုး)
Zucchini         (ကလေး များ စားသောက်ဖို့ မငြင်း ခင် ၊ ဖုတ်လိုက ဖုတ်၊ ကြော်လိုကကြော်၊ ပြုတ်လိုက ပြုတ်၊ ပေါင်းလိုက ပေါင်း နိုင်သည့် အသီး အရွက် တစ်မျိုး)
(ရွှေပိုးကောင် Blog ကို အားပေးကြသည့် ပရိတ်သတ်များ ပျော်ရွှင် ကြပါစေ။)
(ဘာသာပြန်သူ- ရွှေပိုးကောင်၊ An A-Z of new, improved- and far funnier – word definitions အား ဘာသာပြန်သည်။)