Pages

Thursday, December 20, 2012

ကွတ်ကီး သူခိုး


ကွတ်ကီး သူခိုး
တစ်ညမှာ အမျိုးသမီးကြီး တစ်ယောက်ဟာ လေဆိပ်မှာ သူမရဲ့ လေယာဉ် မဆိုက်ခင် အချိန်တော်တော်ကြာ စောင့်နေတယ်။ လေဆိပ်က စာ အုပ်ဆိုင် တစ် ဆိုင် ကနေ ၀တ္ထု တစ် အုပ် နဲ့ ကွတ် ကီး တစ်ထုပ် ၀ယ်ခဲ့တယ်။ ထို့နောက် သူမ ထိုင်ဖို့ နေရာ တစ်နေရာ လိုက်ရှာတာပေါ့။
          သူမ ၀ယ်လာတဲ့ ၀တ္ထုကို ဈာန်ဝင်စားပြီး ဖတ်နေတာပေါ့။ ဒါပေမယ့် သူမ မျက်လုံးထဲမှာ တစ် ခုခု ကို မြင်လိုက်တယ်။ လူတစ်ယောက်ပေါ့။ သူမနဲ့ သူ့ ရဲ့ ကြားမှာရှိတဲ့ ကွတ်ကီး ထုပ်ထဲက ကွတ်ကီး နှစ်ခုကို နှိုက်စားနေတယ်။ သူမ အဲဒီမြင်ကွင်းကို လျစ်လျူ ရှု ထားလိုက်ပါတယ်။ စာကို ဆက်ပြီးဖတ်နေတယ်။ ကွတ်ကီးကို ၀ါးလိုက်၊ နာရီ ကို ကြည့်လိုက်လုပ်နေလေရဲ့။  ဒါပေမယ့် သူမ တဖြည်း ဖြည်း စိတ်တိုလာတယ်။ သူမ မုန့်ကို ခိုးစားနေတဲ့ ဘေးနားက ကွတ်ကီး သူခိုးကြောင့်လေ။ “ငါ စိတ် ကောင်းရှိနေလို့ပေါ့။ နို့မို့ဆို မျက်လုံးကို ဆွဲ ဖေါက် လိုက်ပြီ။” လို့ တွေးနေတယ်။ သူမ ကွတ်ကီး တစ်ခု ယူတိုင်း သူကလည်း တစ်ခု ယူတယ်။ နောက်ဆုံး ကွတ်ကီး တစ်ခု ပဲ ကျန်တဲ့ အချိန်မှာ သူ ဘာလုပ်မလဲ ဆိုတာ ကို သူမသိချင်လာတယ်။
ထိုသူက သူမကို ပြုံးပြီး ရယ်ပြသေးတယ်။ နောက်ဆုံးကျန်တဲ့ ကွတ်ကီးကို နှိုက်လိုက်တယ်။ တစ်ဝက်ခွဲပေးပြီး တစ်ဝက်ကိုသူက စားလိုက်တယ်။ သူမက ကျန် တဲ့ ကွတ်ကီးတစ်ဝက် ကို စားရင်း “အမလေး၊ ရိုင်းလိုက်တာ၊ ကျေးဇူးကို မသိတတ်ဘူး” ဟု စိတ်ထဲက ရေရွတ် နေမိတယ်။ သူမသွေးတွေ ဆူပွက်နေသလို ခံစားနေရတယ်။
လေယာဉ် ပေါ် တက်ရမယ့် သတိပေးသံ ကြားမှ သူမ စိတ်ကို ဖြေလျှော့လိုက်တယ်။ သူမမှာ ပါလာတဲ့ ပစ္စည်း အားလုံးကို စုစည်းလိုက်တယ်။ ဂိတ် ပေါက်ဝ စီကို ဦးတည် သွားတယ်။ ကွတ်ကီးသူခိုးရှိတဲ့ဘက် ကို လှည့် မကြည့်ပဲနဲ့ ရင်ကော့ပြီး လမ်း လျှောက်လာခဲ့တယ်။
လေယာဉ်ပေါ် ရောက်ပြီးတော့ ခုံမှာ ထိုင်လိုက်တယ်။ ဖတ်လို့ ပြီးခါနီးနေတဲ့ ၀တ္ထုကို လက်စသတ်ဖို့ သူမရဲ့ ခရီးဆောင်အိတ်ထဲမှာရှာဖွေနေစဉ် သူမ တစ် ခုခု ကို စမ်းမိတယ်။ သူမ အံ့ အားသင့်သွားတယ်။ သူမ၀ယ်လာတဲ့ ကွတ်ကီးထုပ်ကို စမ်းမိလို့လေ။ “ဒါက ငါ့ ဟာ ဆိုရင် ၊ ဟိုဟာက သူ့ဟာပေါ့။ သူက ငါ့ကို ဝေကျွေးနေတာပဲ။” ဟု သူမ စိတ်မကောင်းစွာ ဖြင့် နှုတ်က ရေရွတ်မိလေ ၏။ တောင်းပန် ဖို့တော့ တော်တော် နောက်ကျသွားပြီ။ သူမ နားလည်လိုက်ပါသည်။ သူမက သာ အရိုင်းအစိုင်း တစ်ယောက်၊ ကျေးဇူးမသိတတ်တဲ့သူ၊ ကွတ်ကီး သူခိုး တစ်ယောက်….
(ဘာသာပြန်သူ-ရွှေပိုးကောင်၊ The Cookie Thief အား ဘာသာပြန်သည်။)

Tuesday, December 18, 2012

ငှက်ကလေးတို့ တောင်ပံ တစ်ချက်ခတ်လိုက်တိုင်း

ငှက်ကလေးတို့ တောင်ပံ တစ်ချက်ခတ်လိုက်တိုင်း
        ငှက်ကလေးတွေ ပျံသန်းရာ တစ်လျှောက်ကို ငေးကြည့်လိုက်မယ်ဆိုရင် V ပုံစံ ဖြစ်နေခြင်းကို တွေ့မြင်ရပါလိမ့်မယ်။ ဘာကြောင့် ငှက်ကလေးတွေဟာ အဲဒီပုံစံနဲ့ ပျံသန်းကြတာလဲ ဆိုတဲ့ အကြောင်းကို သိပ္ပံ နည်း အရ ရှာဖွေမှုတွေ ရှိခဲ့သည်။ အဲဒီလို ပုံစံမျိုးနဲ့တောင်ပံ တစ်ချက် ခတ်လိုက်တိုင်း ငှက်ကလေးတွေဟာ ချက်ချင်းဆိုသလို အပေါ် ကို မြင့် တက်သွားကြလို့လေ။ ငှက်တစ်ကောင်တည်း သီးသန့် ပျံနေ ခြင်းထက် ၊ ငှက်အစုအဝေးလိုက် V ပုံစံ ပျံသန်းခြင်းဟာ ပျံသန်းနှုန်း ၇၁ ရာ ခိုင်းနှုန်းပိုစေတယ် တဲ့။

          လူတွေဟာလည်း တူညီတဲ့ ရည်မှန်းချက်တွေ ကို အမြန်ဆုံး နှင့် အလွယ်ကူဆုံး ရောက်ရှိ နိုင်မည့် နည်း လမ်း တွေကို အများနဲ့ ထပ်တူ ခံစားကြဖို့ ဝေမျှ ရပါမယ်။ တစ်ယောက်ကို တစ် ယောက်ယုံကြည်စွာနဲ့ ခရီးဆက် ကြဖို့လေ။
         
အကယ်၍ ငှက်တစ်ကောင်ဟာ ပျံနေလျက်နှင့် V ပုံစံ ပျက်သွားခဲ့ပါက တစ်ခုခုက ဆွဲထားသလို ခံစားရမှာဖြစ်ပြီး ၊ ပြန်လည် ပျံတက်နိုင်ဖို့ ခံနိုင်ရည် အားကို မြှင့်တင်ရမှာ ဖြစ်ပြီး ရှေ့ တစ်ကောင်ရဲ့ တက်နိုင်အားနဲ့ V ပုံစံ ဖြစ်အောင်ပြန်လည် ထူထောင်ရမှာ ဖြစ်ပါတယ်။

          ကျွန်ုပ်တို့ မှာလည်း ငှက်ကလေးတွေလောက် အသိဥာဏ် ရှိခဲ့မယ် ဆိုရင် ကျွန်ုပ် တို့ လို ရည်မှန်း ချက် တစ်ခု ကို အရောက် သွားဖို့ ဦးတည် နေကြတဲ့ သူ အချင်းချင်း လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ကြရမှာ ဖြစ်ပါတယ်။
         
ထိပ်ဆုံးက ငှက် က ပင်ပန်း လာပြီ ဆိုရင်တော့ နောက်ဘက်နေရာကို သွားဖို့ သူ့ရဲ့ တောင်ပံကို ပြန်လှည့်တတ်ပါတယ်။ နောက်ငှက် တစ်ကောင်ကတော့ သူ့ နေရာကို ၀င်ထိန်းပေးတာပေါ့။

          လူတွေနဲ့ပတ်သက်ပြီးဖြစ်ဖြစ်၊ ငှက်တို့ ပျံသန်းစဉ် ဖြစ်ဖြစ် များပြားလှသော အလုပ် တာဝန် များ အကြား အလှည့်ကျ တာဝန် ယူမှု ဆိုတာက အလွန် အရေးကြီးသော အရာ တစ်ခု ဖြစ်ပါသည်။
         
နောက်ကငှက်တွေက ရှေ့က ငှက်တွေ အရှိန် မြန်စေဖို့ အော်သံ တစ်ချို့ နဲ့ အားပေးကြတယ်။
နောက်ဆုံးတစ်ခုကတော့ အရမ်းကို အရေးကြီးတဲ့ အရာ တစ်ခုပါ။ ငှက်တစ်ကောင် ဖျားနာနေရင်သော်လည်းကောင်း ၊ သေနတ်ထိလို့ ဒဏ်ရာ ရသွားလျှင်သော်လည်းကောင်း ၊ Vပုံစံ ပျက်သွားတယ် ဆိုကြပါစို့။ ဘေးနားက ငှက်နှစ်ကောင်ကပါ ထို ငှက် ကို ကူညီကာကွယ်  ဖို့ အလိုက်သင့် အောက်သို့ နှိမ့်ကာ ပျံသန်းပေးပါတယ်။ ထိုငှက် ပျံသန်းနိုင်သည် အထိ သော် လည်းကောင်း ၊ သေဆုံးချိန် အထိသော်လည်းကောင်း ထို ငှက်နဲ့ အတူ နေကြသည်။ ပြီးတော့ မှ သူတို့တစ်ကောင်တည်း အပေါ်သို့ ဆန်တက်ရင်တက်၊ ဒါမှ မဟုတ် တခြားပုံစံနဲ့ သူတို့ရဲ့ ငှက်အုပ်ရှိရာ ကို အမှီ လိုက်ကြတယ်။

          ကျွန်ုပ်တို့မှာ ငှက်တွေလောက် အသိဥာဏ်ရှိခဲ့မယ်ဆိုရင် တစ်ဦးကို တစ်ဦး အဲဒီလိုမျိုး အမှီ သဟဲ ပြုရအောင်…..
(ဘာသာပြန်သူ-ရွှေပိုးကောင်၊ A Sense of a Goose အား ဘာသာပြန်သည်။)
         

မွေးစားကလေး တစ်ယောက် သို့ ပေးစာ


နာဂစ် တွင် မိဘ ဆုံးပါးသွားသော ကလေးများအတွက် အလွန် ၀မ်းနည်းမိသောကြောင့် Legacy of an Adopted Child အားဘာသာပြန် ဖြစ်ခဲ့သည်။ ထိုသို့သော ဘေးမျိုးနှင့် မည်သူ မျှ မဆုံတွေ့ ပဲ ဘေးကင်းရန်ကွာ  ရှိပါစေကြောင်းဆုတောင်းလျက်
                                                                                      (ရွှေပိုးကောင်)

မွေးစားကလေး တစ်ယောက် သို့ ပေးစာ
အမျိုးသမီး နှစ်ယောက် ၊ တစ်ယောက် ကို တစ်ယောက် မသိကြဘူး။
တစ်ယောက်ကိုတော့ မင်းမမှတ်မိတော့ဘူး ၊ နောက်တစ်ယောက် ကိုတော့ အမေ လို့ ခေါ် ခဲ့ရတယ်။
မတူညီတဲ့ ဘ၀ နှစ်ခု က မင်းဘ၀ ကို ဖန်တီးပေးတယ်။
တစ်ယောက် က မင်းကို သွန်သင် ဆုံးမပေးတဲ့ ကြယ်ပွင့် ၊ နောက် တစ်ယောက်ကတော့ နေတစ်စင်းလို မင်းဘ၀ ကို လင်းစေသူ။
ပထမတစ်ယောက်က မင်းကို ဘ၀ တစ်ခု ပေးခဲ့တယ်။ ဒုတိယ တစ်ယောက် ကတော့ အဲဒီ ဘ၀ မှာ ဘယ်လို နေထိုင်ရမယ်ဆိုတာကို သင်ကြားပေးတယ်။
ပထမတစ်ဦးက မင်းကို အသက်ပေးပြီး ချစ်ခဲ့တယ်။ ဒုတိယ တစ်ဦးကတော့ မင်းအနားမှာ လိုအပ်သမျှ အချစ်တွေ ပေးနေခဲ့တယ်။
တစ်ယောက်က မင်း ကိုယ်မှာ သူ့ သွေးတွေ စီးဆင်းစေခဲ့တယ်။ တစ်ယောက်က မင်းကို နာမည် ပေးခဲ့တယ်။
တစ်ဦးက ဥာဏ်ရည် ဥာဏ်သွေးကို ပေးခဲ့တယ်။ တစ်ယောက်က ရည်မှန်ချက်ကို ထူထောင်ပေးတယ်။
တစ်ဦးက မင်းရဲ့ ပထမဆုံးချိုမြတဲ့ အပြုံးကို မြင်ခဲ့ရတယ်။ တစ်ဦးက မင်းရဲ့ မျက်ရည်တွေကို ခြောက်သွေ့ စေခဲ့တယ်။
တစ်ဦးကတော့ မင်း အတွက် သူမပေးနိုင်ခဲ့တဲ့ အိမ်ကလေးကို ရှာဖွေမိခဲ့ပါတယ်။ တစ်ဦးကတော့ မင်းရဲ့ တောင်းဆိုမှုတွေ ကို ဖြည့်ဆည်း နိုင်ပါစေ လို့ ဆုတောင်းနေခဲ့တယ်။
အခုတော့ မင်း မေးပြီပေါ့။
မင်းသိတတ်တဲ့ အရွယ်မှာ ငါ ဘယ်လိုဖြေပေးရမလဲ ကလေးရေ…
မျိုးဗီဇ နဲ့ ပတ်ဝန်းကျင်ဆိုတာ နှစ်ခု မြှောက်ရင် ဘာရမယ်လို့ မင်းထင်လဲ ကလေး။
အဲဒါတွေက ဘာမျှ အရေးမကြီးပါဘူး။ … အရေးမကြီးပါဘူး။ မတူညီတဲ့ အချစ် နှစ်ခုပေါ့ကွယ်။

ကျွန်မရဲ့ အသွေး အသားတွေ မဟုတ်ပါဘူး။  ဒါပေမယ့် ကျွန်မရဲ့ ကလေးပါ။
သူဟာ ကျွန်မရဲ့ သွေးသားနဲ့ ကြီးပြင်းလာတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ နှလုံးသားမှ မွေးဖွားလာတာပါ။
အဲဒါကိုတော့ တစ်စက္ကန့်လေးမျှ မမေ့စေချင်ပါဘူး……….
(ဘာသာပြန်သူ - ရွှေပိုးကောင်၊ Legacy of an Adopted Child အားဘာသာပြန်သည်။)

Friday, December 14, 2012

ကိုယ်ကိုယ်တိုင် က အစ ပြု ကြစို့


ကိုယ်ကိုယ်တိုင် က အစ ပြု ကြစို့
ကျွန်ုပ် ငယ်ရွယ်စဉ် အခါက စိတ် ကူးစိတ်သန်းတွေ ဒု နဲ့ ဒေး ရှိခဲ့ ဖူးသည်။ လွတ်လပ် စွာ တွေးခေါ် ခဲ့သည်။ ကမ္ဘာ ကြီး ကို ပြောင်းလဲ ဖို့ အထိ စိတ်ကူးယဉ်ခဲ့ ၏ ။ ကျွန်ုပ် သိတတ် စ အရွယ် တွင် မူ အနည်း ငယ် သုံးသပ် တွေးခေါ် တတ်လာ သည်။ ကမ္ဘာ ကြီးကို ပြောင်းလဲဖို့ မဖြစ်နိုင်ကြောင်းသိရှိခဲ့သည်။ သက် ပြင်း တွေ ကို တိုတို နဲ့ ဖြတ်ခဲ့သည်။ ကျွန်ုပ် ၏ နိုင်ငံ ကို သာ ပြောင်းလဲ ဖို့ ဆုံးဖြတ် လိုက်ရသည်။
ထို အရာ သည် လည်း ပြောင်းလဲဖို့ မလွယ် ကူပါချေ။
ထို့ကြောင့် ကျွန်ုပ် နှင့် အနီးဆုံးဖြစ်သော ကျွန်ုပ် ၏ မိသားစု ကို သာ ပြောင်းလဲရန် ကြိုးစားခဲ့သည်။ သို့သော် အရာ မထင်ခဲ့ပေ။
အခု ကျွန်ုပ် ဘ၀ ၏ နောက်ဆုံး အချိန် တွင် ၊ ကျွန်ုပ် နားလည်ခဲ့ ပြီ ။
ပထမဦးစွာ ကိုယ်ကိုယ်တိုင် က အစပြု၍ ပြောင်းလဲရမည် ဖြစ်သည်။ ထို့နောက် တွင်မှ မိသားစုကို စံနမူနာအားဖြင့် ပြောင်းလဲရန် ကြိုးစားရမည် ဖြစ်သည်။  သူတို့ ၏ အကြံဥာဏ် နှင့် အားပေးမှု တို့မှ တဆင့်သာ တိုင်းပြည် အတွက် ကျွန်ုပ် တတ် နိုင်သလောက် အကောင်းဆုံးတို့ကို ပြု လုပ်နိုင်မည် ဖြစ်သည်။ ဒီလိုနဲ့ ကျွန်ုပ် ကမ္ဘာ ကြီးကို လည်း ပြောင်းလဲ လာ နိုင်မည် ဖြစ်သည်။
ကျွန်ုပ် ၏ နှုတ် မှ ဖွင့်ဟ လာသော စကားလုံးများတွင် သော်လည်းကောင်း၊ ရေး ချမိခဲ့ သော စာလုံးများတွင်လည်းကောင်း ၊ ရင်နင့် ဖွယ် အကောင်းဆုံးသည် “လုပ်ခဲ့သင့်တယ်” ဟူသော စကားလုံးပင် ဖြစ်သည်။
(ဘာသာပြန်သူ-ရွှေပိုးကောင်၊ Start With Yourself အား ဘာသာပြန်သည်။)

Thursday, December 13, 2012

ထိရောက်တဲ့ ကုသမှု တစ်ခု


ထိရောက်တဲ့ ကုသမှု တစ်ခု
ရွေ့လျားနိုင်တဲ့ အစိတ် အပိုင်း၊ ဘက်ထရီ စသည် တို့ ဖြင့် ပြု လုပ်ထားခြင်း မရှိပါ။
ကုသမှု ကို သုံးစွဲ ခြင်းဖြင့် လစဉ်ပေးရတဲ့ အခကြေးငွေမျိုး မလိုဘူး။
ဈေးနှုန်း အတက် အကျ လည်း မရှိသဖြင့် စိတ် ချ သုံးစွဲ နိုင်ပါသည်။။ အမြတ် ခွန် ကောက်ခြင်း မပါဝင် သော ကြောင့်ပေါ့ပေါ့ပါးပါးလေး ပဲ သုံးစွဲနိုင်ပါသည်။
ဤ ကုသမှု သည် ခိုးသူ တို့ ခိုးယူနိုင်ခြင်း မရှိသည့် အပြင် ပတ်ဝန်းကျင် ညစ်ညမ်းခြင်း မရှိကြောင်း အာမခံပါသည်။ စွမ်းအင် အနည်းငယ် ကို အသုံးပြု ရုံဖြင့် အကျိုးများစွာ ရရှိ နိုင်သဖြင့် မိဘ ပြည်သူအပေါင်း စိတ်ကျေနပ် မည် မှာ အမှန် ဖြစ်ပါသည်။
ဤ ကုသမှု ကို သုံးစွဲနေစဉ်
- စိတ်ကို ဖြေလျော့ထားပါ။
-ပျော်ရွှင်ခြင်းတွေကို တိုးမြှင့် လိုက်ပါ။
-ကိုယ့်ကို ယိုင်လဲစေမည့်  စိတ် ဓာတ် ကျဆင်းမှု ကို တိုက်ဖျက်ပါ။
-မိမိကိုယ်ကို လေးစားမှု ကို မြှင့်တင်ပါ။
ဤ သို့ ပြု ခြင်းအားဖြင့် သွေး လေ မှန် ကန်လာပါလိမ့်မည်။ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ တကယ့် ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါသည်။ ထို ကုသနည်း အား ဆေး ညွှန်းရမည် ဆိုပါက သူငယ်ချင်းရေ  မိမိ ရဲ့ လက်တစ်စုံ နဲ့ ကြင်နာစွာ ထွေးပွေ့ လိုက်ပါ။ ကြင်နာမှု သည် အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိပါသည်။
(ဘာသာပြန်သူ- ရွှေပိုးကောင် ၊ Universal Rx အားဘာသာပြန်သည်။)