Pages

Tuesday, December 18, 2012

ငှက်ကလေးတို့ တောင်ပံ တစ်ချက်ခတ်လိုက်တိုင်း

ငှက်ကလေးတို့ တောင်ပံ တစ်ချက်ခတ်လိုက်တိုင်း
        ငှက်ကလေးတွေ ပျံသန်းရာ တစ်လျှောက်ကို ငေးကြည့်လိုက်မယ်ဆိုရင် V ပုံစံ ဖြစ်နေခြင်းကို တွေ့မြင်ရပါလိမ့်မယ်။ ဘာကြောင့် ငှက်ကလေးတွေဟာ အဲဒီပုံစံနဲ့ ပျံသန်းကြတာလဲ ဆိုတဲ့ အကြောင်းကို သိပ္ပံ နည်း အရ ရှာဖွေမှုတွေ ရှိခဲ့သည်။ အဲဒီလို ပုံစံမျိုးနဲ့တောင်ပံ တစ်ချက် ခတ်လိုက်တိုင်း ငှက်ကလေးတွေဟာ ချက်ချင်းဆိုသလို အပေါ် ကို မြင့် တက်သွားကြလို့လေ။ ငှက်တစ်ကောင်တည်း သီးသန့် ပျံနေ ခြင်းထက် ၊ ငှက်အစုအဝေးလိုက် V ပုံစံ ပျံသန်းခြင်းဟာ ပျံသန်းနှုန်း ၇၁ ရာ ခိုင်းနှုန်းပိုစေတယ် တဲ့။

          လူတွေဟာလည်း တူညီတဲ့ ရည်မှန်းချက်တွေ ကို အမြန်ဆုံး နှင့် အလွယ်ကူဆုံး ရောက်ရှိ နိုင်မည့် နည်း လမ်း တွေကို အများနဲ့ ထပ်တူ ခံစားကြဖို့ ဝေမျှ ရပါမယ်။ တစ်ယောက်ကို တစ် ယောက်ယုံကြည်စွာနဲ့ ခရီးဆက် ကြဖို့လေ။
         
အကယ်၍ ငှက်တစ်ကောင်ဟာ ပျံနေလျက်နှင့် V ပုံစံ ပျက်သွားခဲ့ပါက တစ်ခုခုက ဆွဲထားသလို ခံစားရမှာဖြစ်ပြီး ၊ ပြန်လည် ပျံတက်နိုင်ဖို့ ခံနိုင်ရည် အားကို မြှင့်တင်ရမှာ ဖြစ်ပြီး ရှေ့ တစ်ကောင်ရဲ့ တက်နိုင်အားနဲ့ V ပုံစံ ဖြစ်အောင်ပြန်လည် ထူထောင်ရမှာ ဖြစ်ပါတယ်။

          ကျွန်ုပ်တို့ မှာလည်း ငှက်ကလေးတွေလောက် အသိဥာဏ် ရှိခဲ့မယ် ဆိုရင် ကျွန်ုပ် တို့ လို ရည်မှန်း ချက် တစ်ခု ကို အရောက် သွားဖို့ ဦးတည် နေကြတဲ့ သူ အချင်းချင်း လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ကြရမှာ ဖြစ်ပါတယ်။
         
ထိပ်ဆုံးက ငှက် က ပင်ပန်း လာပြီ ဆိုရင်တော့ နောက်ဘက်နေရာကို သွားဖို့ သူ့ရဲ့ တောင်ပံကို ပြန်လှည့်တတ်ပါတယ်။ နောက်ငှက် တစ်ကောင်ကတော့ သူ့ နေရာကို ၀င်ထိန်းပေးတာပေါ့။

          လူတွေနဲ့ပတ်သက်ပြီးဖြစ်ဖြစ်၊ ငှက်တို့ ပျံသန်းစဉ် ဖြစ်ဖြစ် များပြားလှသော အလုပ် တာဝန် များ အကြား အလှည့်ကျ တာဝန် ယူမှု ဆိုတာက အလွန် အရေးကြီးသော အရာ တစ်ခု ဖြစ်ပါသည်။
         
နောက်ကငှက်တွေက ရှေ့က ငှက်တွေ အရှိန် မြန်စေဖို့ အော်သံ တစ်ချို့ နဲ့ အားပေးကြတယ်။
နောက်ဆုံးတစ်ခုကတော့ အရမ်းကို အရေးကြီးတဲ့ အရာ တစ်ခုပါ။ ငှက်တစ်ကောင် ဖျားနာနေရင်သော်လည်းကောင်း ၊ သေနတ်ထိလို့ ဒဏ်ရာ ရသွားလျှင်သော်လည်းကောင်း ၊ Vပုံစံ ပျက်သွားတယ် ဆိုကြပါစို့။ ဘေးနားက ငှက်နှစ်ကောင်ကပါ ထို ငှက် ကို ကူညီကာကွယ်  ဖို့ အလိုက်သင့် အောက်သို့ နှိမ့်ကာ ပျံသန်းပေးပါတယ်။ ထိုငှက် ပျံသန်းနိုင်သည် အထိ သော် လည်းကောင်း ၊ သေဆုံးချိန် အထိသော်လည်းကောင်း ထို ငှက်နဲ့ အတူ နေကြသည်။ ပြီးတော့ မှ သူတို့တစ်ကောင်တည်း အပေါ်သို့ ဆန်တက်ရင်တက်၊ ဒါမှ မဟုတ် တခြားပုံစံနဲ့ သူတို့ရဲ့ ငှက်အုပ်ရှိရာ ကို အမှီ လိုက်ကြတယ်။

          ကျွန်ုပ်တို့မှာ ငှက်တွေလောက် အသိဥာဏ်ရှိခဲ့မယ်ဆိုရင် တစ်ဦးကို တစ်ဦး အဲဒီလိုမျိုး အမှီ သဟဲ ပြုရအောင်…..
(ဘာသာပြန်သူ-ရွှေပိုးကောင်၊ A Sense of a Goose အား ဘာသာပြန်သည်။)
         

No comments:

Post a Comment