Pages

Sunday, September 30, 2012

ဒါပေမယ့် မင်း


ဒါပေမယ့် မင်း
မင်းကို ငါ မျက်တောင် မခတ်တမ်းကြည့်ပြီး သဘောကျနေခဲ့တယ်။
မင်း တွေ့သွားတယ်လို့ထင်ခဲ့တာ။ ဒါပေမယ့်မင်း မတွေ့ခဲ့ပါဘူး။
…..
ချစ်တယ်လို့ပြောပြီး မင်းဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်စားခဲ့တယ်။
မင်းကြားတယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် မင်းမကြားခဲ့ပါဘူး။
…..
ငါနဲ့ အတူ ကစားဖို့ မင်းကိုတောင်းဆိုခဲ့တယ်။
မင်းလိုက်မယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် မင်းမလိုက်ခဲ့ပါဘူး။
….
မင်းအတွက် ဆိုပြီး ငါ ပုံတစ်ပုံဆွဲခဲ့တယ်။
မင်း သိမ်းထားမယ်လို့ထင်ခဲ့တာပေါ့။ ဒါပေမယ့် မင်း တန်ဖိုးမထားခဲ့ပါဘူး။
…..
ငါ တောင်တန်းတွေ ကြားမှာယာယီ ရွက်ဖျင်တဲလေးတစ်လုံး ထိုးထားခဲ့တယ်။
မင်း ငါနဲ့ အတူ ပျော်ပွဲစား ထွက်မယ် အထင် နဲ့ပေါ့။ ဒါပေမယ့် မင်း မလိုက်ခဲ့ဘူး။
…..
ငါ မင်းကို ရင်ဖွင့်ဖို့ လိုအပ်ခဲ့တယ်။
မင်း အားပေး နှစ်သိမ့်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် မင်း ငါ့ဘေးမှာမနေပေးခဲ့ဘူး။
……
ငါ့ရဲ့ နုပျိုမှုတွေကို မင်း နဲ့ အတူ ကုန်ဆုံးဖို့ တောင်းဆိုခဲ့တယ်။
ငါကတော့ မင်းဟာ ငါ့ဘ၀ လို့ထင်ခဲ့တာပေါ့။ ဒါပေမယ့် မင်း ထွက်သွားခဲ့တယ်။
……
ငါဟာ နိုင်ငံတော် အတွက် စစ်ချီဖို့ ဖြစ်လာခဲ့တယ်။
မင်းကငါ့ကို ဘေးရန်ကင်းစွာ ပြန်လာနိုင်ဖို့လိုလားခဲ့တယ်။
ဒါပေမယ့် ငါ ပြန်မလာနိုင်ခဲ့ဘူး။
(သေခြင်းတရားဆိုတာ စိန်ခေါ်မှု တစ်ရပ်ပါပဲ။ ချစ်ရဲ့သားနဲ့တော့ တစ်ဦးကို တစ် ဦး နာကျင်စေပြီး အချိန်တွေ ဖြုန်းမနေပါနဲ့ by Leo Buscaglia….)
ဘာသာပြန်သူ-ရွှေပိုးကောင်၊ Stan Gebhardt ၏ But You Didn’t အား ဘာသာပြန်သည်။

Sunday, September 23, 2012

နောက်ဆုံး ဂျယ်လီ တစ်ခွက်


နောက်ဆုံး ဂျယ်လီ တစ်ခွက်
ကလေးတွေက ဂျယ်လီ နဲ့ မြေပဲ ပေါင်မုန့် ညှပ်တွေ နှင့်အတူ ကြီးပြင်း ခဲ့ပြီ။ ကျွန်မ နဲ့ ကျွန်မ ခင်ပွန်းကတော့ တစ်ခါ တစ်ရံ ညဘက်ဆို နို့်တစ်ခွက်ကို ဂျယ်လီ၊ မြေပဲ ပေါင်မုန့်ညှပ်လေးတွေနဲ့သောက် ခဲ့ကြသေးတာ။ Sandwich ကို ဖန်တီး ပေးခဲ့တဲ့ Mr. Sandwich ကိုယ်တိုင်ကလည်း ကျွန်မနဲ့ ထပ်တူ သဘောတူညီမှာပါ။ Sandwich လေးတွေရဲ့ ကြားမှာ မြေပဲယို နဲ့ ဂျယ်လီ ကို စုပေါင်းစပ်ပေါင်းလေးထည့်ပေးတာကိုလေ။ ဂျယ်လီ ကောင်းမှန်ရင် ခံတွင်းတွေ့စေတယ်တဲ့။ အိမ်လုပ် ဂျယ်လီ ကတော့ ကျွန်မရဲ့ ရွေးချယ်မှုပဲလေ။
အိမ်လုပ်ဂျယ်လီဆိုလို့ ကျွန်မကိုယ်တိုင် လုပ်တာ မဟုတ်ပါဘူး။ ကျွန်မယောက္ခမကြီးရဲ့ လက်ရာလေ။ သူမက ရသာခဲ တွေကို တရားလွန် တရားမဲ ထည့်တာမျိုးတော့ မဟုတ်ပါဘူး။ စပျစ်သီး ၊ ဒါမှမဟုတ်ရင် ရှမ်းဆီးသီး နဲ့ လုပ်လေ့ ရှိတယ်။ အမျိုးတွေလာတဲ့နေ့မျိုးဆို ပေါင်မုန့်ညှပ်နဲ့ ဧည့်ခံမယ်ဆိုပြီးရွေးချယ်လိုက်မိတာပါပဲ။ မြေပဲထောပတ် နဲ့ ဂျယ်လီလေးကို ပေါင်မုန့်ကြား လေးမှာ ညှပ်ပေးလိုက်ရတာက ကျွန်မအတွက်တော့ အလွယ်ကူ ဆုံးပဲလေ။ ကျွန်မ ကတော့ အရသာ နှစ်မျိုးလုံး ကို သဘောတွေ့ပါတယ်။ ရေခဲသေတ္တာ ထဲမှာပဲဖြစ်ဖြစ် ၊ ကြောင်အိမ်ထဲမှာပဲဖြစ်ဖြစ် မြေပဲထောပတ် နဲ့ ဂျယ် လီ ကိုတွေ့ ရင် ယူ စားနေကြလေ။ ကျွန်မကတော့ ဘယ်တော့မှ အလွတ်ပေးလေ့ မရှိဘူး။
ကျွန်မတို့ ယောက္ခမကြီးအိမ် သွားလည်ပြီဆိုရင် အလွန် အရသာ ရှိလှတဲ့ ဂျယ်လီ တွေကို ဘူး ကြီး ကြီးတစ်ဘူးထဲ ထည့် ၊ အသေအချာ ပိတ်ပြီး ကလေးတွေ စားဖို့ အတွက် အပြန် ကျရင် ထည့် ပေးလိုက်သေးတာလေ။ ကျွန်မရဲ့ အိမ်ထောင်သက် ၂၂ နှစ် တစ်လျှောက် လုံးမှာ ဂျယ်လီကို မိသားစုအတွက် လုပ်ပေးချင် ပေမယ့် ဂျယ်လီ တစ်ခွက် ကတော့ အမြဲတမ်း ရှိနေခဲ့တာလေ။ အမြဲတမ်း မှ အမြဲတမ်း ပါ ပဲ။ အဲဒီတော့ ကျွန် မ လုပ်ဖြစ်သွားတာက ဂျယ်လီကို စားဖြစ် နေတာပဲလေ။ ဂျယ်လီ လုပ်တယ် ဆိုတာက ကျွန် မ ယောက္ခမကြီးရဲ့ ဘ၀နေနည်း လို့တောင် ပြောရမလို ဖြစ်နေပါပြီ။
သူမကတော့ ဂျယ်လီ ကို ရိုးရာဓလေံ လုပ်ထုံးလုပ်နည်း အတိုင်းလုပ်တာပါ။ ဂျယ်လီလုပ်ပြီးရင် သစ်သီးလေး တွေကို အပေါ် ကနေ ဖြူးပြီး စင် လေးပေါ်မှာ လေသလပ်ခံ ထားလိုက်သေးတာ။ ပြီးရင်တော့ ကြောင်အိမ်ထဲမှာ အစီ အရီလေးထည့်သိမ်းပေးထားတယ်လေ။
          ကျွန်မရဲ့ယောက္ခထီး ကြီးက တော့ ဆုံးပါးသွားတာ နှစ်တော်တော်ကြာခဲ့ပြီ။ ယောက္ခမကြီးကတော့ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာက ကွယ်လွန်ခဲ့ပြီလေ။
သူမရဲ့ သားသမီးတွေအကုန် လုံး ကလည်း အမွေတွေခွဲဝေ ယူပြီးကြပြီဆိုတော့ သူမရဲ့ အိမ်မှာကျန်ရှိတာက စည်သွပ်ဘူးလိုဘူးမျိုးတွေပဲလေ။သူမရဲ့ သားသမီးတွေကတော့ အာလူးဖျော်ရည်၊ ပဲစိမ်းစေ့ ဂျယ်လီတို့ကိုပဲရွေးယူသွားကြတယ်လေ။ ကျွန်မရဲ့ ခင်ပွန်းသယ်လာခဲ့တဲ့ ဘူး ကို လည်း ကျွန်မက သေသေချာချာ ကြောင်အိမ်ထဲမှာသိမ်းရတာပေါ့။
နောက်တစ်နေ့ မှာ ကျွန်မ သူမ အိမ် ကို ရောက်ပါတယ်။ ကျွန်မတို့ကို လုပ်ပေးနေကျဂျယ်လီမျိုးတွေ ရှိဦးမလားဆိုပြီးတော့ပေါ့။ အဲဒီမှာပဲ။ စပျစ်သီး ဂျယ်လီဘူးလေး က သူတစ်ယောက်ထဲ ထိုင်နေသယောင်။ အဖုံးကတော့ သံချေားအနည်းငယ် တက်နေပါပြီ။ အနက်ရောင် ဆော့ပင် နဲ့ စပျစ် ဆိုပြီးတော့လည်း ရေးထားသေးတာ။ အောက်ဘက်မှာလည်း လုပ်ခဲ့ တဲ့ ခုနှစ် လည်းပါတယ်။ တိတိကျကျပဲ။ သေချာအောင် ကျွန်မ ကြောင်အိမ်တံခါးကိုဖွင့်ကြည့်လိုက်သေးတယ်။ အင်း အဲဒီမှာ နောက်ဆုံးဂျယ်လီတစ်ခွက် ကျန်နေသေးတယ်။ စတိုးဆိုင် က ဂျယ်လီ ကို ပဲဝယ်စားနေရတာကြာပြီလေ။ ဒါပေမယ့် သူမ ဆေးရုံတက်နေတုန်းက တောင် ကျွန်မတို့ အပြန်ကို ဂျယ်လီတစ်ဘူး နောက်ဆုံး အကြိမ်ပေးလိုက်သေးတာ။
သူမလောကကြီးက ထွက်သွားတာ တစ်နှစ် နီးပါးလောက်တော့ရှိပေမယ့် သူမရဲ့ အထင်ကရ လေးကတော့ ကျွန်မတို့ နဲ့ အတူ ကျန်ခဲ့တယ်လို့ထင်ပါတယ်။ သူမသာ ဂျယ်လီဘူးတွေကို ထောင်ပေါင်းများစွာမလုပ်ခဲ့ဘူးဆိုရင် ကျွန်မတို့ ရဲ့မနက်စာမှာ ဂျယ်လီဘူးကို ဖွင့်ဖို့တောင်လွယ်ခဲ့မှာမဟုတ်ပါဘူး။ ကျွန်မရဲ့ကလေးတွေကလည်း သူတို့ အဖွားလုပ်တဲ့ ဂျယ်လီမစားရတဲ့နေ့မျိုးကို အိပ်မက်တောင်မမက်လောက်ဘူး။ ဂျယ်လီဆိုတာ ဘာမှမဟုတ်လောက်ဘူးလို့ထင်ကောင်း ထင်မိနိုင်ပါတယ်။ ဒါပေမယ့် ရက်တွေ ကြာလာတဲ့ အခါမှာ အဲ ဒါလေးက ကျွန်မတို့ မိသားစု မနက်စာ ကို ပြည့်ဝစေတယ်လို့ ထင်လာခဲ့မိတယ်။ ဒီနေ့ ကျွန်မ ဒီ ဂျယ်လီဘူးလေးကို တွေ့ လိုက်တာ တကယ့် ရတနာသိုက် ကို ရှာဖွေတွေ့ရှိရသလိုပါပဲ။
ကျွန်မ နောက်ဆုံးဂျယ်လီဘူးလေး ကို လက်ထဲမှာကိုင်ရင်း ၊ သူမနဲ့ အတူ ဖြတ်သန်းခဲ့တဲ့ နေ့တွေ ကို ပြန်စဉ်းစားမိတယ်။ ကျွန်မ၀မ်းနဲ့လွယ်မွေးရတဲ့ ကလေးတွေကိုလည်း သူမချစ်ရှာပါတယ်။ သူမမှာ မြေး က သုံး၊ လေး ယောက်ထက်မပိုဘူးလေ။ လယ်ကွင်းတွေထဲမှာ လမ်း လျှောက်ထွက်လေ့ရှိတယ်။ ကောက် ရိုး ကို ဂါဝန် လုပ် ၀တ် လယ်ထွန်စက် နောက်မှာထိုင် ပြီး သစ်တောတွေ ထဲကို လည်း သွားခဲ့သေးတယ်။ သူမရဲ့ အသုဘ မှာ လည်း သူမချစ်တဲ့ ကလေးတွေ ဘေးမှာဝိုင်းနေပေမယ့် ညှိုးငယ်နေတဲ့ သူမရဲ့ မျက်နှာ ကို လည်း တွေ့ခဲ့ရတယ်။
အိမ်ရောက်တော့ ကျွန်မ ဂျယ်လီ ကို စင်ပေါ်မှာ ခဏ တင်ထားလိုက်တယ်။ ကျွန်မ တို့ အိမ် ရောက်ရင်တော့ ဒီ ဂျယ်လီ သိပ် ကြာကြာ ခံမှာ မဟုတ်ပါဘူး။ ရိုးရာ ရဲ့ အဆုံးသတ်ခြင်းပဲလေ။ ကျွန်မ ယုံ ကြည်တာက လေ အဲဒီ ဂျယ်လီတွေသာ ရှိနေမယ်ဆို သူမ အငွေ့ အသက်တွေက သူမ အသက်ရှင်နေသလို အမြဲရှိနေမယ်။
ကျွန်မ တို့ မိသားစု သူမ ရဲ့ ပိုင်ဆိုင်မှု တော်တော်များများကို ရရှိခဲ့ပြီးပါပြီ။ ပစ္စည်း ကိရိယာတွေ၊ နှစ်လုံးပြူးသေနတ်၊ ပရိဘောဂ၊ သူမကိုယ်တိုင်ထိုးခဲ့တဲ့ ဆွယ်တာက အစပေါ့။ သူမနဲ့ အတူ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ၊ သူမနဲ့ အတူ ရှိခဲ့တဲ့ အမှတ်တရတွေ။ အဲဒါ တွေ အားလုံးဟာ သူမ ဖြတ်သန်းချင်ခဲ့တဲ့ ဘ၀ပုံစံ နဲ့ တစ်ထပ်တည်းကျ ခဲ့ ရဲ့လား။ ကျွန်မကတော့ နောက်ဆုံးဂျယ်လီ ခွက်လေး ကို မကုန်စေချင်ဘူး။ ကျွန် မ ရင်ထဲမှာ ရှိတဲ့ အမှတ်တရတွေက အဲဒီဘူးလေးကိုဖက်တွယ်ထားဖို့ ပဲ ကျွန်မကို ပြောနေရော့သလား။ ဒါပေမယ့် ကြာကြာ မခံ မှာလဲ စိုးရတယ်။ အဲဒီတော့ စားလိုက်ရမလား၊ မစားရဘူးလား????......အင်း ၊ ဒီနေ့တော့ မဟုတ်သေးဘူး။
(ဘာသာပြန်သူ- ရွှေပိုးကောင်၊ Andy Skidmore ၏ The Last Jar of Jelly အားဘာသာပြန်သည်။)