Pages

Thursday, October 24, 2013

မင်းကို အရမ်း ချစ်ခဲ့တာပါ

မင်းကို အရမ်း ချစ်ခဲ့တာပါ
အုတ်ဂူနံဘေးမှာ တရား ဆရာက သူ  လုပ်ပေးသင့်တာကို အတတ် နိုင်ဆုံး လုပ်ပေးခဲ့ပါပြီ။ ဇနီး ဆုံးကာစ အသက် ၇၈ နှစ် အရွယ်ရှိတဲ့ အဘိုးအို တစ်ယောက်ကတော့ အသံ နက်ကြီး နှင့် အော်ဟစ်ငိုကြွေး လျက်ရှိပါတယ်။ “ငါ မင်းကို အရမ်းချစ်ခဲ့တာပါ ကွာ” ။ သူ့ရဲ့ ပူဆွေးငိုကြွေးမှု ဟာ တိတ်ဆိတ် ငြိမ်သက်နေတဲ့ အသုဘ အခမ်းအနားမှာ ပေါ်လွင်လို့နေပါတယ်။ သူ့ မိသားစု ၀င်တွေကတော့ စိတ်မကောင်းစွာသော အကြည့် နှင့် အတူ ရှက်စိတ်တို့ ဖြင့် ပင်။ သူ့ ရဲ့ အရွယ်ရောက်နေတဲ့ သားလေး တစ်ယောက်က တော့ မျက်နှာ နီရဲစွာဖြင့်၊ “အဖေ တိုးတိုး လုပ်ပါ။ ”
မည်သို့ ပင်ဆိုစေကာမူ သူ့ မျက်လုံးတွေကတော့ အုတ်ဂူ နားမှမခွာ။ တရားဆရာက သူ့ဆီ သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ တရားဆရာက ထို အဖိုးအို မှ လွဲ၍ မိသားစုကို တစ်လှည့်စီ နှစ်သိမ့်အားပေးခဲ့သည်။ အဘိုးအို ကတော့ ငိုကြွေးဆဲ။ “ငါမင်းကို အရမ်းချစ်ခဲ့တာပါကွာ။”
သူ့ ရဲ့ သားနဲ့ သမီးက အဘိုးအို ကို နှစ်သိမ့်ကြပေမယ့် “ငါ မင်းကို အရမ်း ချစ်ခဲ့တာပါကွာ” ။ သူ့ ပါးစပ်က မြည်တွန် ငွေကြွေးဆဲ။
          လူတော်တော်များများကတော့ အသုဘ အခမ်းအနားဆီမှ ထွက်ခွာသွားပါပြီ။ သို့သော် အဘိုးအိုကတော့ အုတ်ဂူ နားကနေ တဖ၀ါးမှ မခွာ သေး။ ခေါင်းမာစွာ နှင့် အုတ်ဂူ ကို ဖက်လျက် ငေးကြည့်နေလေရဲ့။ တရားဆရာ က အဘိုးအိုနားကို ချဉ်းကပ်လျက် “ဘယ်လောက်ထိ ခံစားရမယ်ဆိုတာ ကျွန်တော် သိပါတယ် ဗျာ။ ဒါပေမယ့် ပြန်ဖို့အချိန်ရောက်နေပါပြီ။ ကျွန်တော်တို့ အားလုံး ဘ၀မှာ ကြုံ ရ၊ ဆုံ ရပြီးရင် ထွက်ခွာရမယ့် လူတွေချည်းပဲလေ။”
          “မင်းကို အရမ်းချစ်ခဲ့တာပါကွာ” အဖိုးအိုကတော့ စိတ်မကောင်းကြီးစွာ ငိုကြွေးလျက်။ ထို့နောက် တရားဆရာဘက်ကို ကြည့်၍ “ကလေး မင်း နားလည်မယ် မထင်ပါဘူး။ ငါ သူ့ကို တစ်ကြိမ်ထဲပြောခဲ့ တဲ့ စကားမို့ပါ။”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လူတွေရဲ့ အကြီးမားဆုံးအားနည်းချက်က အသက်ရှင်နေသမျှ ကာလမှ ချစ်တဲ့ သူကို ချစ်တယ်လို့ပြောဖို့ ဆုတ်ဆိုင်းခြင်းပါပဲ။
(ဘာသာပြန်သူ-ရွှေပိုးကောင် ၊ Oh,How I loved her ၊ Chicken Soup for the Soul အား ဘာသာပြန်သည်။)


Saturday, October 12, 2013

သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်

သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် (Download)
နှမပြာဝင်းနေရစ်မင်းဟု ကျွန်တော် မပြောရက်ပါ။ တတ်နိုင်လျှင် ကျွန်တော်မပြောချင်ပါ။ နွေ၏ပင်အိုကို စွန့်ခွာမြေသက် လေထက်ပါလေသူ ရွက်ဝါတို့အား ပင်အိုသည် နှုတ်ဆက်စကားမဆိုနိုင်သကဲ့သို့ ကျွန်တော်လည်း မဆိုနိုင်ချင်ပါ။ ခက်သည်မှာ ခိုင်သည် ရွက်ဝါ မဟုတ်။ ကျွန်တော်သည်လည်း ပင်အိုမဟုတ်။ ကြုံရချက် နာသမျှမှာ ရွက်ဝါ နှင့် ပင်အိုပမာပင် မနှိုင်းသာခဲ့။ ပင်အိုအတွက်မူ ညိုသောရွက်တို့ ကြွေစင်လေလျှင် ပျိုသောရွက်တို့ ဝေလွင်ပေမည်။ နှစ်လွှာပေါင်းမှ တစ်ရွက် ဖြစ်ရသည့် စွယ်တော်ရွက်လျှင် တစ်လွှာကြွေခဲ့ပြီမို့ တစ်ရွက်မမည်လေသကဲ့သို့ မပြည့်စုံတော့သော အထီးကျန် ဤဘ၀၀ယ် ဘယ်အချိန်ထိ ရပ်တည်နေရမှန်းမသိနိုင်သည့် ကျွန်တော်နှင့်စာလျှင် ပင်အိုသည် ကံကောင်းပါလေသည်။ ခံစားမှု မရှိ၍လည်း ပို၍ ကံကောင်းပါလေသည်။
....
သံသရာအဆက်ဆက် ပြန်ဆုံတွေ့ရတဲ့ရက်ထိ ခိုင့်ကို သူငယ်ချင်းအဖြစ်နဲ့ပဲ မောင်..ဆက်ချစ်ပါရစေတော့ ခိုင်…

                   (သူငယ်ချင်းလိုပဲဆက်၍ခေါ်မည် ခိုင် ၊ တက္ကသိုလ် ဘုန်းနိုင်)