Pages

Saturday, January 26, 2013

ဘောပင်တစ်ချောင်း နှင့် ကြီးမားသော အိပ်မက်များ


အာဖရိက ကို အလည် သွားဖူးတဲ့ သူတွေဆီက ပုံပြင်တစ်ပုဒ် သင်တို့ ကြားမိပါလိမ့်မယ်။ တစ်ချို့ သော ကလေး တွေက ခရီးသွားသူတွေ ဆီက တစ်ခုခု တောင်းတယ် ဆိုတာမျိုးပါ။ ဒါပေမယ့် အဲ့ဒီ ပုံပြင်လေးက တောင်းဆိုမှု တစ်ခု ထက်တော့ မပိုပါဘူး။
ဘောပင်တစ်ချောင်း နှင့် ကြီးမားသော အိပ်မက်များ
          ၁၉၉၉ ခုနှစ်ဦးပိုင်း ၊ တိမ်တွေကင်းစင်ပြီး အလွန်ပူတဲ့ နေ့ တစ်နေ့ ပေါ့။ အီသိုယိုးပီးယား နိုင်ငံ ရဲ့ တံတား တစ်ခု ပေါ် မှာ ကျွန်တော် ရပ်နေစဉ် အဆောင် အဖွဲ့ တစ်ခုကို ၀တ်ထားတဲ့ ချာတိတ် တစ်ယောက် ချဉ်းကပ်လာပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။
          “ကျွန်တော်က မာရီးရှက်(စ်)ဒိုင်ယာ ပါ။ ဦးလေးကို အီသီယိုးပီးယား ရဲ့ အရောင်တွေ ပါတဲ့ အရာတစ်ခု လက်ဆောင်ပေးချင်ပါတယ်။”
          သူက ချည်နဲ့ ရက် လုပ်ထားတဲ့ လက်ကောက်တစ်ခုကို ကျွန်တော့် လက်ကို ပတ်ပေးလိုက်တယ်။
“ပိုက်ဆံပေးစရာ မလိုဘူးနော်။ သူငယ်ချင်း ဖြစ်ရင် ရပြီ။” ဟုလည်း ပြောလိုက်သေးသည်။
“ကျေးဇူးတင်ပါတယ် မာရီးရှက်(စ်)ဒိုင်ယာ ” ဟု တုန့်ပြန်ရင်း ထို ကလေးကို သဘောကျသော အကြည့် ဖြင့် ကျွန်တော် ကြည့်နေမိသည်။  တံတားက Bahar Dar နှင့် ခပ် နီးနီးတွင် တည်ရှိသည်။ ပြာလဲ့လဲ့ နိုင်း မြစ်ကို တံတားက ဖြတ်ဆောက်ထားသည်။ မာရီး ရှက်(စ်) ကတော့ ကျောင်းကပြန်လာခြင်းဖြစ်သည်။ သူက သူ့ရဲ့ English skill ကို လေ့ကျင့် ချင်ဟန် တူပါရဲ့။ သူပေးတဲ့ ချည် လက်ကောက်လေးကို ကျွန်တော် ငုံ့ ကြည့် လိုက်မိသည်။ အသေအချာ ရက်ထား သည် ကို မြင်ရုံမျှဖြင့် သိနိုင်သည်။ အစိမ်း၊ အ၀ါ၊ အနီ ချည်အရောင်တို့ နှင့် အတူ ထို ချာတိတ်၏ တောက်ပနေတဲ့ အပြုံး ၊ နွေးထွေးမှု ၊ ပျားရည်ရောင် အသားအရည်နှင့် အမဲရောင် ဆံပင်ကောက်ကလေး နှင့် သူ့ကို ကျွန်တော့်ရင်ထဲ မှတ်မှတ် ရရ ရှိခဲ့သည်။ ထို နိုင်ငံ ရဲ့ ယဉ်ကျေးမှု ကတော့ ရှေးဆန်တုန်း ၊ ဒါပေမယ့် ခေတ်မီ ဆဲပါ။ Europe က လူတွေ က အိမ်တွေကို ခေတ်မှီအောင် ရွှံ့တွေ ၊ မြက်တွေ နဲ့ ဆောက်နေချိန်မှာ။ သူ့ ရဲ့ ဘိုးဘွားတွေက ကျောက်တုံးတွေနဲ့ နန်းတော် တည်ခဲ့ ကြတယ်။ သလင်းကျောက်တွေနဲ့ လက်ရာ မြောက်တဲ့ လက်မှု ပညာတွေ ဖန်တီး ခဲ့ ကြတယ်။
“လက်ကောက်က အရောင်တွေက ဘာကို ဆိုလိုတာလဲ။” ကျွန်တော် သူ့ကို မေးကြည့်သည်။
“အစိမ်းရောင်က မြေကို ကိုယ်စားပြုတယ်။ အ၀ါရောင်က church ကို ကိုယ်စားပြုတယ်။ အနီရောင်က … ကျွန်တော် မမှတ်မိတော့ဘူး။ ဒါပေမယ့် ဦးလေး နောက်ကျရင်တော့ အဖြေ ရှာတွေ့မှာပါ။” ဟု သူက ပြုံးစေ့စေ့ လုပ်သည်။
နောက်တော့ သူ ကျွန်တော့်ဆီမှာ ဘောလ်ပင် တစ်ချောင်းတောင်းသည်။
“တစ်ချောင်းထဲလား” ဟု ကျွန်တော် အံ့ အားသင့်စွာ ပြန်မေး လိုက်သည်။ အာရိက က ကလေး တွေ တောင်းလေ့ရှိတာက ပိုက်ဆံ နဲ့ အဲဒီထက် ပိုတဲ့ အရာတွေ မို့။ “ဟုတ်ကဲ့ ။ ဘောလ် ပင်ပဲ ပေးရင်ကျေနပ်ပြီ။ ဘောလ်ပင်မှ မရှိရင် ဒီမှာ ကျောင်းသွားဖို့ ခွင့် မပြု ဘူး။ ဒီနေ့ပဲ ကျွန်တော့် ဘော(လ်)ပင် ကုန်သွားပြီ။ နောက်တစ်ချောင်းဝယ်ပေးဖို့ အတွက် အိမ်က ပိုက်ဆံ မတတ်နိုင်ဘူးလေ။ ကျွန်တော်က ကျောင်းမှာ ပျော်တယ်။ ဆရာဝန် (ဒါမှ မဟုတ်) စာရင်းအင်း ပညာရှင် ဖြစ်ချင်တယ်။”
ပုံမှန်တော့ ကျွန်တော် ခရီး ထွက်တိုင်း ဈေးပေါပေါ ဘောလ်ပင်တွေ ပုံးလိုက်သယ်လာလေ့ ရှိပါတယ်။ ကျွန်တော်သူ့ကို ဘောလ်ပင် လက်တစ်ဆုပ်စာ ပေးလိုက်တယ်။ ကြည်နူးသွားတဲ့ သူ့ရဲ့ မျက်နှာ ကိုတော့ ကျွန်တော် သေချာမြင်လိုက်ပါသည်။
“ဦး လိပ်စာပေးလေ။ ကျွန်တော် ဦး ဆီ စာရေးမယ်။”
“OK. ဦးမှာ သမီး တစ်ယောက်ရှိတယ်။ Romaney တဲ့ ။ သူ့နဲ့ သားနဲ့ က အသက်တူတူပဲ။ သူ့ ဆီ ရေးပေါ့။ အဲဒါမှ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ ဖလှယ်လို့ ရမှာလေ။”
ဒီလိုနဲ့ သိပ်မကြာခင်ပဲ ကျွန်တော့် ရဲ့ မြို့ကို ပြန်လာခဲ့ပါတယ်။ စာကတော့ ကျွန်တော့် သမီး နာမည် နဲ့ ရောက်လာခဲ့ပါတယ်။ တစ်ခြား နိုင်ငံက တံဆိပ်ခေါင်းနဲ့ပေါ့။  အဲဒီစာကတော့ မာရီး ရှက်(စ်) ဒိုင်ယာ ဆီကပါ။ ကျွန်တော်၏ ရင်ထဲမှ သူငယ်ချင်း ဆီသို့ လို့ အစချီထားသည်။ သူ့ အိမ် အကြောင်း၊ ရွာ အကြောင်း နှင့် သူ့ရဲ့ ရည်မှန်းချက်တွေပေါ့။ သမီး Romaney ကတော့ ၀မ်း သာနေတာပေါ့။ ချက်ချင်း ဆိုသလို စာပြန်တော့သည်။
ဒါပေမယ့် သူတို့ နှစ် အတော်ကြာ အဆက်အသွယ် ပြတ်သွားခဲ့ကြသေးသည်။ နောက်ဆုံးမှာတော့ ကျွန်တော့်သမီး ပို့သမျှ စာတွေကို သူ မပြန် ဖြစ်တော့ ပါဘူး။ ကျောင်းပဲ ထွက်သွားရပြီလား?? လယ်ထဲမှာပဲ လုပ်နေရပြီလား?? စာအဆက်အသွယ် မရှိတဲ့နေရာမျိုးမှာပေါ့။ ဒါမှ မဟုတ် တောင်းစားသူများဖြစ်သွားရော့လား?? အီသီယိုးပီးယား ဆိုတာ အရမ်း ဆင်းရဲတဲ့ နိုင်ငံ တစ်ခုပါ…. ။
ဒီလိုနဲ့ပဲ မာရီးရှက်(စ်) က ကျွန်တော့် အတိတ်ရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ အောက်တိုဘာလ လောက်မှာ တောင်အာဖရိက သို့ ထပ်မံ အလည် ရောက်ရှိခဲ့သည်။ ဖုန်းကလည်း မြည်နေပါတယ်။ ကျွန်တော်ကတော့ ကားမောင်းနေလို့ မကိုင်ဟု စဉ်း စားမိသည်။ ဒါပေမယ့် ဖုန်းသံကတော့ ဆက်တိုက် မြည်နေဆဲ။ ကျွန်တော် ကိုင်လိုက်တော့ တစ်ဘက်က အသံတစ်ခု။
“Don Pinnock နဲ့ ပြောချင် လို့ပါ ခင်ဗျာ။ ”
“ဟုတ်ကဲ့ ပြောနေပါတယ် ခင်ဗျာ။ အခု ပြောနေတာ ဘယ်သူပါလဲ ခင်ဗျာ။”
“ကျွန်တော မာရီး ရက်(စ်)ပါ။ အီးသီ ယိုးပီးယား က နိုင်း ဖြစ်ဘေးမှာ တွေ့ ခဲ့တဲ့ သူလေ။ မှတ်မိလား ဦး။”
“မှတ်မိတာပေါ့ကွာ။ ”
“ကျွန်တော် ဦး ရဲ့ လိပ်စာကို အင်တာနက်ကနေ ရှာတွေ့တာ။” ဟု ထပ်ဆောင်း ပြောလိုက် သေးသည်။ ဖုန်းလိုင်းကလည်း တော်တော် ဆိုးသည်။ ကျွန်တော့ email address တစ်ခု ကိုတော့ပြောလိုက် နိုင်သည်။ “ကျွန်တော် email ပို့လိုက်မယ်” ဟူသော စကားကိုတော့ ကျွန်တော် ဖုန်း လိုင်းမကျခင် အချိန်မှီလေး ကြားလိုက်ရသည်။ လမ်း တစ်လျှောက် သူ့ အကြောင်းကို စဉ်းစားနေမိသည်။ ကျွန်တော် တံတားပေါ်မှာ တွေ့ရတဲ့ ပိန်ကြုံလှီနေတဲ့  သူဆင်းရဲ ကလေး တစ်ယောက်က ဘယ်လိုများ websites တွေ သုံးပြီး mobile ဖုန်း ပြောနိုင်တာလဲ။
ရက် သတ္တပတ် အနည်း ငယ် ထိကို သူ့ဆီက email မလာခဲ့ပါဘူး။ ဒါပေမယ့် တစ်စောင်တော့ ရောက်လာခဲ့ပါတယ်။ မာရီး ရှက်(စ်)က Holland ကို ရောက်ရှိနေတဲ့ အကြောင်း ၊ သို့သော် သူ အဲဒီ မှာ ကျောင်းတက်ဖို့ အဆင်မပြေတဲ့ အကြောင်းတွေပေါ့။ သူ့ရဲ့ နောက် email တစ်စောင်ကတော့ ကျွန်တော့ အတွက် သတင်းကောင်း တစ်ခုပါပဲ။
“ကျွန်တော် Brunel University မှာ ရောက်နေပြီ။ စာရင်းအင်း ပညာရပ်တွေကို လေ့ လာနေဆဲပါ။ ” တဲ့။
(ဘာသာပြန်သူ - ရွှေပိုးကောင်၊ Big Dreams and a Ballpoint Pen from Reader Digest, January 2013 အား ဘာသာပြန်သည်။)




Saturday, January 12, 2013

ကြွက် (အပိုင်း ၁)

ကြွက် (အပိုင်း ၁)
          သူ့ နာမည်က ဗိုလ်ကြီး Grey ၊ သူ့ အကျင့်က သူများကို ချောက်တွန်းရမယ်ဆို အူကို ထုံးပြီး တောင် ရအောင် လုပ်တဲ့သူ။ အထက်က လူတွေ ဟောက်ရင်တော့ မျက်နှာငယ်လေးနဲ့ တွန့် ရွံ့ သွားတဲ့ အကျင့်လေးကလည်း ရှိသား။ အခုတော့ရေခဲများများရိုက်ထားတဲ့ ဘီယာပါရုံလေးနဲ့ အသားလို့ ထင်ရတဲ့ ကြက်ဥကြော် ကို မြည်းပြီး ဆစ်ဒနီ မှာ ရှိတဲ့ သူ့ အိမ် ၊ အိမ်သူ ရဲ့ ကိုယ်သင်းနံ့ တို့ကို ဆွေးတမြည့်မြည့် နဲ့ လွမ်းဆဲ။ အသံ တစ်ခုက သူ၏ အတွေးစတို့ကို တစ်စဆီ ပိုင်းပစ်လိုက်၏။
          “ဆက် ကြိုးစားပေါ့ ဗိုလ်ကြီး ၊ သိပ်မကြာခင်တော့ အထောက်အထားတော့ ရအောင်ရှာ ။“ ဟူသော ဗိုလ်မှူး ၏ အသံ။ “ကျွန်တော် သူ့ကို ဖမ်းချင်နေတာ ။ အထောက်အထားရှာပြီး ထောင်ထဲထည့်မှာပါ။“ ဟူသော Grey ၏ အသံ ခပ်ပြတ်ပြတ်။
“အမှန်ပဲပေါ့။” ဗိုလ်မှူးကလည်း စိတ်တူ ကိုယ်တူ ထောက်ခံလျက်။ “သူ ပိုင်ဆိုင်တဲ့ အရာတွေ အားလုံးကြောင့်ပဲ သူ့ကို ထည့်ချင်တာ။ သူကိုယ်တိုင်ကိုက ငလိမ် ၊ ငကောက် ၊ ဂုတ်သွေးစုပ် ၊ သူခိုးလေ ဗျာ။” Grey ကတော့ မကျေနပ်ချက်တွေ အားရပါးရ ဖွင့်ဟလိုက်သည်။
ဗိုလ်မှုးကတော့ ကံကောင်းပါစေ လို့ စိတ်ထဲက ဆုတောင်းလျက်။ အားလုံးကဖမ်းပေးမယ်ဆိုရင်တော့ မင်း King ကိုရပါလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ အတူ။ သူကိုယ်တိုင်ကလည်း Grey ကို မနှစ်သက်။
          King ကို မနှစ်သက်တာကတော့ Grey တစ်ယောက်ထဲလို့ ပြောလို့ တော့မရ။ ချန်ကြီး ကျွန်း တစ်ကျွန်း လုံးဆို လျှင် ပို၍ မှန်မည်။ သူတို့ မုန်းနေတဲ့ အဓိက အကြောင်း အရင်းက သူ့ရဲ့ လှပတဲ့ ကြွက်သားတွေကြောင့် လည်း ကောင်း၊ သူပိုင် ဆိုင် တဲ့ အပြာရောင် မျက်လုံးထဲက မိမိကိုယ်ကို ယုံကြည်ချက်ကြောင့် လည်း ကောင်း ဖြစ်လိမ့်မည်။ အလင်းရောင် တစ်ဝက်ပဲ ရှိတဲ့ ညနေဆည်းဆာ လို အချိန်မျိုးမှာ တောင် မို့မောက် နေတဲ့ သူ့ရဲ့ ကြွက်သားတွေ နဲ့ လွှမ်းမိုးနိုင်တဲ့သူ့ရဲ့မျက်နှာ ၊ အရပ်အမောင်း တို့က ၀န်တိုစရာ အချက်။
“ဟေ့ကောင် လာစမ်းပါဦးကွာ။ တပ်ကြပ်ကြီး” Grey က လှမ်းခေါ် လိုက်သည်။ Grey မခေါ် ခင်ကတည်းက King က အဲ့ နားမှာ ယောင်လည်လည် လုပ်နေတာလေ။ Grey ရဲ့ အကျင့်ကို လည်း သူက နပ်တယ်။
ရန်သူ ဘာလုပ်မလဲ သိအောင် သူ့အနားမှာ ယောင်လည် လည် လုပ်ရတယ် ဆိုပြီး မှတ်ယူထားပုံ လည်း ရတယ်။ King က Grey အကြောင်းကို တစ်ခြားလူတွေ သိတာထက် ပို သိတဲ့ လူပေါ့။ ခေါ် သံ ကြားပေမယ့် ပြန်မလှည့် ပဲ  ဆက် လျှောက်နေတယ်။ ပြီးတော့ တစ်ခြားတဲထဲကို ချောင်းကြည့်လိုက်ပြီးမှ နောက်ပြန်လှည့်ကာ ဟိုရှာသည်ရှာနဲ့ “ဆရာ ၊ ကျွန်တော့်ကို ခေါ်တာပါလား ခင်ဗျာ။” ဟု ပြောင်စပ်စပ် မျက်နှာ နဲ့ ပြောလိုက်သည်။ အပြုံးကလည်း ပြောင်သည်။ နေကာမျက်မှန်ကလည်း သူ့မျက်နှာ တစ်ခုလုံးကို ဆာရီ ခြုံထားသကဲ့သို့ ဖုံးလျက်သား။
အခန်းရဲ့ ပြတင်းပေါက်ကနေ Grey က King ကို ငေးကြည့်လိုက်သည်။ သူ့ရဲ့ အမုန်းတွေကို အပြင်ထွက်မကျလာအောင် မနည်း အားတင်းထားရသည်။ “မင်း ဘယ်သွားမလို့လဲ” ။ Grey ရဲ့ အကြည့်က မသကာ`် အကြည့်။
“ကျွန်တော့် တဲ ဆီ ပြန် မလို့ပါ ဆရာ” ။ King ရဲ့ ချိုသာတဲ့အသံ နှင့်အတူ သူကအမြဲတန်း ဖြတ် ချိုးရမည့် ထောင့်ချိုးတွေကို ရှာဖွေလျက်။ တစ်ယောက်ယောက်ကများ Grey ကို များ သတင်း ပေးလိုက်သလား ဆိုတဲ့ မေးခွန်းတွေကလည်း စိတ်ထဲမှာ ဖြစ်ပေါ် နေဆဲ။
“မင်း ဒီ အကျီ ဘယ်က ရတာလဲ ပြောစမ်း။”
အဲဒီ အကျီကို တစ်နေ့ကမှ ဗိုလ် တစ်ယောက်ဆီက King ၀ယ်ခဲ့သည်။ အဲဒီ ဗိုလ်ကလည်း ငွေလိုရင် ရောင်းလို့ရအောင် လွန်ခဲ့တဲ့ နှစ်နှစ်ကျော် လောက်တည်းက သေချာသိမ်းခဲ့တာလေ။ King ကလည်း အကျီ`် အသစ်ကို စတိုင်ကျကျ နဲ့ သပ်သပ်ရပ်ရပ် ၀တ်ချင်သူလေ။ သူများတွေနဲ့ မတူချင်သူ တစ်ယောက်။ အဲ ဒီဗိုလ်ကို သူ ဒီနေ့ ကျေးဇူး အတင်ဆုံးပေါ့။ ဒီနေ့ သူ့ အကျီက သန့်ရှင်းလျက်။ ဖိနပ် ကို လည်း ပေါ် လစ်က တိုက်ထားသေး။ ဦးထုပ်ကလည်း Brand ကောင်းသားနဲ့။ သူစိတ်ထဲ ဒီ ချိန်မှာ အရယ် ချင် ဆုံး က  Grey က ချေး အကွက် ကွက် ထနေတဲ့ ဘောင်းဘီတို နဲ့လေ။ ဘိနပ်ကတော့ ခုံ ဖိနပ် ပေါ့။
“ကျွန်တော် ၀ယ်လာတာလေ။ အရင်တည်းက ၀ယ်ယူခြင်းနဲ့ ပတ်သက်ပြီး ဘာ ဥပဒေမှ ဟိုဟို ဒီဒီမှာ မပြထမ်းခဲ့ ဘူးလေ နော် ၊ ဆရာ။”
Grey ကတော့သိပ် စိတ်မရှည်ချင်တော့။ “ကောင်းပြီလေ။ အထဲဝင်ခဲ့စမ်းကွာ။”
“ဘာလို့ပါလဲ ခင်ဗျာ။”
“မင်းကို ငါ စစ်ဆေးရလိမ့်မယ်။”
King ကတော့ ဒေါသကို ချုပ်တည်းထားရသည်။ King ကတော့ တဲထဲကို ၀င်သွားပြီး စားပွဲနားမှာ ရပ် နေလိုက်သည်။ “ကဲ ၊ ဘာလုပ်မှာလဲ ဆရာ။”
“မင်းရဲ့ အိတ်တွေထဲ က ဟာတွေ အကုန်ထုတ်စမ်းကွာ။”
“ဘာဖြစ်လို့လဲ ဆရာ”
“ငါ ပြောသလိုသာ လုပ်စမ်းမှာ။ ငါ့မှာ ဘယ်သူ့ကို မဆို ကြိုက်တဲ့ အချိန်ရှာပိုင်ခွင့်ရှိတယ်ကွ။”
အဲဒီတော့ King ၊ သူ့ မှာ ကွယ်ဝှက် ထားစရာမရှိတော့။ လက်ကိုင်ပုဝါ၊ ဘီး၊ ပိုက်ဆံ အိတ်၊ စပါယ် ရှယ် စီးကရက် တစ်ပါကင်၊ မီးခြစ်တွေ။ Grey က အိတ်ထဲက ပစ္စည်းတွေ ကုန်ပြီးလား သေချာ စစ်ဆေးလိုက်သေးတယ်။ ပြီးတော့ ပိုက်ဆံ အိတ် ကို ဖွင့်လိုက်တယ်။ အမေရိကန် ဒေါ်လာ ၁၅ ရွက် ၊ ဂျပန် ပိုက်ဆံ နဲ့ စင်ကာပူ ပိုက်ဆံ အရွက် ၄၀၀ လောက်ရှိမယ်။
“မင်း အဲဒီ ပိုက်ဆံ တွေ ဘယ်ကရလဲ။” Grey က ခပ်ဆတ်ဆတ် ပြောလိုက်သည်။ ကျနေတဲ့ ချွေးတွေကို လည်း သုတ် လိုက်သေးသည်။
“လောင်းကစားလုပ်ရင်းနဲ့ပေါ့ ဆရာ။” ဟု King က ဖြေလိုက်သည်။
Grey က သရောသံ နှော ၍ ရယ် လိုက်သည်။ “ဒါဆို မင်းက တော်တော်ကံကောင်းနေတဲ့ ကောင်ပေါ့ ဟင်။ အဲဒီ အလောင်းကစားကို မင်း သုံးနှစ်လုံးလုံး နိုင်နေတာ ဖြစ်နိုင်ပါ့မလားကွ။ ဖြစ်နိုင်ပါ့မလား…တောက်”
“အဲဒါဆို ဆရာ ၀ါသနာ ပါရင် လိုက်ကစားကြည့်ပါလားဆရာ။”
“တော်ပြီ။ မင်း နာရီ ပြစမ်း ငါ့ကို..”
“ဒီနာရီက ဟိုတစ်လောက ဆရာကောက်သွားတဲ့ စာရင်းထဲမှာ ပါတယ်လေ ဆရာ။”
“ငါ့ကို ပြလို့ ပြောနေတယ်။”
King ကတော့ အံကို တစ်ချက် ကြိတ်ပြီး သူ့ နာရီကို ချွတ်ပေးလိုက်တယ်။ Grey က King ကို သာ မမုန်းခဲ့ဘူးဆိုရင် သူ ချီကျူးမိမှာ။ နာရီက water proof ၊ shock proof ၊ သံ လိုက် အိမ်မြှောင်ကလည်း ရသေး။ တံဆိပ်က Oyster Royal တဲ့လေ။ ချန်ကြီး ကျွန်းရဲ့ အဖိုးအတန်ဆုံး ပစ္စည်း ပဲလေ။ သူတို့က အဲဒါမျိုးဆို ရွှေထက်တောင် ဈေးကောင်းပေးဝယ်ကြတာ။ ဒီနာရီဟာ သူ့ရဲ့ ပိုင်ဆိုင်မှု စာရင်းတွေ ထဲမှာ ပါလားဆိုတာကို Grey က စာရင်း မှာ ပြန်လည် စစ်ဆေးကြည့်လိုက်သေးတယ်။
“မပူပါနဲ့ ဆရာရယ်။ စာရင်းမှာရှိပါတယ်။”
“ငါ ပူနေတာ မဟုတ်ဘူးကွ။ မင်းကိုက ပြသနာကောင် ဖြစ်နေတာ”။ သူက နာရီကို ပြန်ပေးလိုက်တယ်။ ဒီ နာရီ တစ်လုံးကတင် ခြောက်လလောက် ထိုင်စားလို့ရတဲ့ တန်ဖိုးရှိနေတယ်လေ။ King ကတော့ နာရီကို သူ့လက်မှာ ပြန် ၀တ်ထားလိုက်ပြီး၊ ပိုက်ဆံ အိတ်နဲ့ တခြားပစ္စည်းတွေကို အိတ်ထဲပြန်ထည့်လိုက်သည်။
“နေဦး ၊ မင်း လက်စွပ်၊ ပြစမ်း”။
ဒါပေမယ့် အဲ့ဒီ လက်စွပ်ကလည်း စာရင်းထဲမှာ ပါနေပြီး ဖြစ်သည်။ ဖော်ပြချက် ကလေး တောင် ပါလိုက်သေး။ ရွှေလက်စွပ် - ကမ္ဘာကျော် Gordan လက်မှတ်ရေးထိုးထားသည် တဲ့။
“အမေရိကန် တစ်ယောက်က  Gordon ရဲ့ လက်စွပ် ဘာလှိ့ပိုင် နေတာလဲ” ဆို တဲ့ မေးခွန်းမျိုး Grey မေးပေါင်းလည်း များပြီ။
“ကျွန်တော် ပိုကာ ဆွဲ လို့ နိုင်လာတာလေ။” ဟု King ဖြေ ပေါင်းလည်း များပြီ။
Grey က လက်စွပ်ကို ပြန်ပေးလိုက်သည်။
သူသိတယ် ၊ King က တော်ရုံ မကြောက်တတ်ဘူး ဆိုတာလေ။ ဒါပေမယ့် နာရီ၊ လက်စွပ်၊ စီးကရက်၊ မီးခြစ် ၊ ပိုက်ဆံ  တို့နှင့် အတူ Grey က သွေးဆူ လျက်။ “မင်း တစ်ယောက် တည်း အဲလောက်တောင် ရှိရလားကွ၊ ကျန်တော့ လူ တွေမှာ ဘာမှ မရှိဘူးလေ။”
“ဆရာမသိသေးဘူး ထင်တယ်။ ကျွန်တော် က ကံ ကောင်း တယ်လေ။”
“မင်း ပိုက်ဆံ တွေ ဘယ်က ရလဲ”
“လောင်း ကစားပေါ့ ဆရာ”။ King ကတော့ အမြဲ ယဉ်ယဉ် ကျေးကျေး။ အမြဲတန်း ဆရာ လို့ ထည့်ခေါ် လေ့ရှိတယ် အရာရှိ တိုင်းကိုပေါ့။ အလေးပြုတယ်။ အဂ`်လိပ် ပဲ ဖြစ်ဖြစ်။ သြစတြေး လျပဲ ဖြစ်ဖြစ်လေ။ အဲဒါ အမေရိကန်တွေ လုပ်နေကျတော့ မဟုတ်ဘူးလေ။ သူ့ရဲ့ ခံယူချက်က လူကို လူ လို့ပဲ မြင်တယ်၊ မိသားစု အခြေအနေတွေ အဆင့် အတန်းတွေ မကြည့်ပဲပေါ့။ သူကတော့ ရိုသေတဲ့ အနေနဲ့ ဆရာလို့ တပ်ခေါ်လေ့ ရှိတယ်။ သူမရိုသေရင်ရော ??? မရိုသေရင်တော့ ဆဲနည်း တစ်နည်းနည်းပေါ့လေ။ နောက်တစ်နည်းကတော့ သွားသေလိုက် ဆိုတာမျိုးပေါ့။
King ကတော့ လက်စွပ် ကို ပြန်ဝတ်ပြီး အိတ်တွေကို ပိတ်လျက် အကျီပေါ် က ဖုန် တစ် ချို့ကို ခါ ချ လိုက်သည်။
“ဒါပဲ မှတ်လား ဆရာ”
သူက Grey ရဲ့ မျက်လုံးထဲ ဒေါသ လှိုင်းထသွားတာကို သေချာ မြင်လိုက်ရသည်။ အနားက ရဲဘော် တစ်ယောက်ကို Grey က ရေခပ်ခိုင်းသည်။ ရင်ထဲမှာ အပူ လုံး ဆို့နေသည် မဟုတ်လော။ ယူလာတဲ့ ရေက မနေ့ က လက်ကျန်ရေ တွေမှန်းသိသည်။ ရှက်ရှက်နှင့်ပင် သောက်လိုက်ရသည်။
“စီးကရက် ကြိုက်လား ၊ ဆရာ” King က စီးကရက် ဘူးကို လှမ်းပေးသည်။ သူ စပါယ်ရှယ် စီးကရက်ကို သောက်ခဲ့ရတဲ့ အချိန်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပါ။ သူ့ရဲ့ ၂၂ နှစ် ပြည့် မွေးနေ့မှာလေ။ စီးကရက် ဘူး ကို လှမ်းကြည့်လိုက်သေး။ တစ်လိပ်လောက်လိုချင်မိ။ တစ်ဘူးလုံးလည်း လိုချင်မိ။
“မသောက်ဘူးကွာ” ကြိတ်မှိတ်ပြီးသာပြောလိုက်ရသည်။ “ငါ မင်း စီးကရက် ကို ဘယ်တော့မှ မသောက်ဘူးကွ။”
“ကျွန်တော်သောက်ရင်တော့ ဆရာ စိတ်မဆိုးပါဘူးနော်”
“အေး” ဟုသာ တစ်ခွန်းတည်းပြောလိုက်ရသည်။
King က Grey ကို တစ်ချက်ကြည့်ပြီး ၊ စီးကရက်ကို ထုတ်၍ မီးညှိလိုက်သည်။ အငွေ့တွေကို အားရပါးရ ရှူသွင်းလိုက်သည်။
“အဲဒါကို မင်း ပါးစပ် က ခုပဲ ထုတ်လိုက်စမ်း။” Grey က အမိန့်ပေးသည်။
“ဟုတ်ကဲ့ ဆရာ” ။ King က အကြောတင်းတင်း နှင့် တရှိုက် ထပ်ရှိုက်ပြီးမှ ဆွဲထုတ်သည်။ ထို့နောက် အသံမာမာနှင့် “အဲဒါ ကို တော့ ကျွန်တော် မလိုက်နာ နိုင်ပါဘူး ဆရာ။ ကျွန်တော် သောက်ချင်တဲ့ အချိန် မသောက်ရဘူး ဆိုတဲ့ ဥပဒေ မရှိလို့ပါ။“
“မင်းကို ငါ တစ်နေ့ ကျရင် ငါ ကိုယ်တိုင် ဖမ်းပြမယ်။ မင်း ရဲ့ ခေါင်း ကြာကြာ မြဲ မယ် မထင်နဲ့ ကွ။”
“ဟုတ်ကဲ့ ပါ ဆရာ ကျွန်တော် စောင့်နေပါ့မယ်။”
ထို စကားက Grey ရဲ့ ဒေါသတွေကို ပိုမို ၍ ကြွလာစေ၏။ King ကံကောင်းတယ်ဆိုတာမျိုးက ကြိုးစားပြီး အစီအစဉ် ချတတ်သူ တစ်ယောက်ဖြစ်တာကြောင့်။ အလောင်းကစား ကြောင့်တော့ မဟုတ်။ ဒီနေ့ ဆိုရင် လေးရတီ ရှိတဲ့ စိန် တစ်လုံး။ လက်ထဲဘယ်လို ရောက်အောင် လုပ်ရမယ် ဆိုတဲ့ နည်းကို သူ သိတယ်လေ။ ချန်ကြီးမှာ အဲဒါမျိုးကို လောင်းကစားလုပ်ရုံနဲ့ ဘယ်ရလိမ့်မလဲ။
“မင်းရဲ့ ကံ ကောင်းခြင်းတွေ တာမရှည် တော့ပါဘူး။ ဘာကြောင့်လဲဆိုတာ မင်းသိမှာပါ။ မင်းလုပ်နေတာ အားလုံးက ပြစ်မှု မြောက်နေတယ်။ လောဘကြီးတဲ့ ကောင်။ ဒီစခန်းမှာ အရောင်းအ၀ယ် လုပ်ငန်း မလုပ်ရဘူး ဆိုတဲ့ ဥပဒေ ရှိတာ မင်း မသိဘူးလား။”
“အဲဒါဆို သက်သေပြပါ ဆရာ”။
“မင်း မေ ကလွားတဲ့ကောင်” 
King ကတော့ အသင့် အနေအထားနဲ့ လက်သီးကို ဆုပ်ထားပြီး Grey ရှိရာသို့ ခြေလှမ်းတွေ ဟန်ပြင်ထားစဉ်။
“ဘာတွေ ဖြစ်နေကြတာလဲ။” ဗိုလ်မှူးကြီး Brant က သံသယ ဖြစ်တဲ့ မျက်လုံး အချို့ နှင့် အတူ တဲထဲသို့ လှမ်းကြည့်လိုက်သည်။ သူက ပုသေးသေး ၊ဂင်တိုတို ၊ ဆာဒူးပုံဆံ မုတ်ဆိတ်မွှေး စသည်တို့ကို ပိုင်ဆိုင်ထားသည်။ လက်ထဲမှာလည်း ကြာပွတ်နှင့်။ ၀တ်စုံကတော့ ပြောက်ကျား ၀တ်စုံ ၊ စကားပြောသည့် အခါ ရွှေသွားက တစ်ဝင်းဝင်းပေါ် နေသေး၏ ။
“ဘာမှ အထွေ အထူး မရှိပါ ဘူး ဆရာ၊ ကျွန်တော် ဒီတပ်သားကို ရှာကြည့်ရုံပါ။” Grey က ပြောပြောဆိုဆိုနှင့် ယင်ကောင် ပျံသကဲ့သို့ လက်ကို လေထဲမှာဝဲ၍ အလေးပြု လိုက်သည်။
“ဒီမှာ Grey ၊ မင်း ဥပဒေ အကြောင်းပြောလိုက်တာ ကြားလိုက်ပါတယ်။ မင်းသူ့ကို ရှာရင်း မေးရင်းနဲ့လေ။ သူ့ကို ဘာ အပြစ်မှ ရှာ လို့ မရဘူး ဆိုတာ လူတိုင်းသိနေတာပဲကွာ”။
King ဘက်သို့လှည့်၍ သူ့ ခေါင်းက ချွေးသီးလေး များကို သုပ်လိုက်ပြီး “ဒီမှာ မောင်ရင် ၊ မင်း ရဲ့ စည်းကမ်း နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဆီ စာမတင်တာ မင်း ငါ့ကို ကျေးဇူးတင်ရမယ်ကွ။”
“ဟုတ်ကဲ့ပါ ဆရာ” King က အပြင်ပန်းတော့ တည်ငြိမ် ဟန်နှင့် ၊ စိတ် ထဲမှာတော့ Grey ကို ကျိန်ဆဲမှု များစွာ။
“မင်း ငါ့ကို ကြည့်စမ်း။ ငါ့ရဲ့ ၀တ်စားပုံ စတိုင်လ် ကို ဘယ်လိုမြင်လဲ။”
King ကတော့ ဘာမျှ ပြန် မပြော။ အဲဒါမှ ပြသနာလေ။ သူ့ရဲ ၀တ်စားပုံ က ခြသေ`့် တစ်ကောင် နှင့် အသွင်တူနေ ၏။ အတွင်းခံ လည်း ၀တ်ထားပုံ မပေါ်။ ချန်ကြီး ကျွန်း တစ်ကျွန်း လုံး တွင်  King တစ်ယောက်သာ အတွင်းခံ ၀တ်သူ ဖြစ်သည်။ သူသည် အတွင်းခံ ခြောက်စုံ ကို ပိုင်ဆိုင် ထားသူ ဖြစ်သည်။
“ငါက မင်းရဲ့ ဖိနပ် အကောင်းစား အပေါ် ဒေါသစိတ် ၀င် မိတယ်များ မင်း ထင်လား။ မင်းရဲ့ ရှုပ်ထွေးတဲ့ ပုံစံကိုရော ငါ ကြိုက်တယ် ထင်လား???”
“ကျွန်တော် မသိပါဘူး ဆရာ” King ကတော့ ကိုယ့်ကိုယ် ကိုယ် နှိမ့် ချတဲ့ လေသံ မျိုးနှင့်  နားဝင် ချို အောင်ပြောလိုက်သည်။
“ ဒါ အမှန်ပဲ။ အမှန်တရားပဲ။”  ဗိုလ်မှူးကြီးက Grey ဘက်သို့ တစ်ဖန် လှည့်၍ ”မင်း ဒီ သူငယ်ကို တောင်းပန် သင့်တယ်။ အခု လို လုပ်တာဟာ တစ်ဘက်စွန်းရောက်နေတယ်။ တရားမျှတသင့်တယ်လို့ ငါ ထင်တယ် Grey”
သူခေါင်းက ကျနေတဲ့ ချွေးတစ်ချို့ကို လက်ဝါး ဖြင့်သုတ် လိုက်သည်။
အဲဒီ အရာ ကတော့ Grey ကို ကျဉ်း ထဲ ကျပ်ထဲ ရောက်စေတာပါပဲ။ ကျိန်ဆဲနေတာတွေကို ဖျောက်ပြီး တုန်ရီတဲ့ အသံ နှင့် အံကြိတ်လျက်။
“တောင်းပန် တယ် ကွာ။ ”
အဲဒီ စကားလုံးမျိုးက နှိမ့်ချပြီးပြောတာမျိုးဆိုတော့ King က သူ့မျက်နှာမှာ အပြုံးရိပ် မပေါ် မိအောင် အတော် သတိ ထားနေရသည်။
“အရမ်း ကောင်းတာပေါ့ ကွာ။ ” ဗိုလ်မှူးကြီးက ခေါင်း တစ် ဆတ်ဆတ် ညှိမ့်၍ King ဘက် သို့ လှည့်ပြီး “ကောင်းပြီ သူငယ် ၊ မင်းသွားလို့ ရပြီ။”
King က စမတ်ကျကျ နဲ့ အလေး ပြု ရင်း “ကျေးဇူးတင်ပါတယ် ဆရာ” ။ အခုတော့သူ ပေါ့ ပေါ့ ပါး ပါး ဖြစ်သွားပြီ။ နေရောင်အောက်မှာ အသက်ကို ၀၀ ရှူရင်း လမ်းဘေးမှာ ခေတ္တ ထိုင်ရင်း စီးကရက် နောက်တစ်လိပ်ကို မီးညှိလိုက်တယ်။ လမ်းသွားသူ တွေ အားလုံးကလည်း စီးကရက်ကို မြင်ကြတယ်။ အနံ့ လည်း ရကြတယ်။ Grey ကတော့ စိတ်ထဲမှာ ကျေနပ်မှု ကို မရှိဘူး။ King အပေါ် အတော် ခံပြင်းလျှက်။
(ဘာသာပြန်သူ - ရွှေ ပိုးကောင် ၊ James Clavell ၏ King Rat အား ဘာသာပြန်သည်။)

ရှင်သန်ခြင်း


ရှင်သန်ခြင်း
          လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်တော် ဟာ  အိမ်နဲ့ အဝေးတစ်နေရာမှာ ရှိခဲ့တာပေါ့။ အဲဒီနေရာဟာ ထောင်ပါပဲ။ စစ် ရဲ့ အကျဉ်းသား တစ်ယောက် အဖြစ်နဲ့ နှိပ်စက်မှု ၊ အနိုင်ကျင့်ခံရမှု ၊ ငတ်ပြတ်မှု တို့နှင့် အတူ ၆ နှစ်တိတိ နေ ထိုင်ခဲ့ရပါတယ်။
          အဲဒီ အချိန်မှာ တွေ့ကြုံ ခဲ့တဲ့ အခြေအနေ တွေ ရဲ့ စိတ်ခံစားချက်တွေဟာ ဒီချိန်ထိ ကို အမှတ် ထင် ကျန် ရစ်နေဆဲ။ အပြင်းဆုံး အနံ့ ကို ခံစားချင်တဲ့ အချိန်ဆို ထောင်ရဲ့ အိမ်သာ ဆီသို့ ကျွန်တော်တို့ ဦးတည်လေ့ ရှိပါတယ်။ ပါးစပ် ရဲ့ထောင့် တစ်နေရာမှာ အမြဲ လိုလို ဆားအရသာ တစ်ခုခု လိုမျိုးရှိနေတယ်။ ကျွန်တော့် ရဲ့ ချွေးတွေလေ။ သေးငယ်လှတဲ့ သွပ်မိုး ထောင် အခန်းကျဉ်းလေးကတော့ ကျွန်တော့်ရဲ့ ချွေးထုတ်ခန်းပါပဲ။ အဲဒီထဲက တစ်ချို့ ခံစားမှုတွေက ကျွန်တော်တို့ ဆယ်ကျော်သက် အရွယ်က ခံစားခဲ့ရတဲ့ စိန်ခေါ်မှု တွေနဲ့ နိယာမတူတူပဲလို့ ကျွန်တော် ခံစားမိပါတယ်။ ကြောက်ရွံ့ ခြင်း ၊ အထီးကျန်ခြင်း ၊ ကျရှုံး ခြင်း တွေ လေ။ ဒီ အပြင် ဘယ်ကို မှ လည်း အဆက် အသွယ် လုပ်လို့ မရဘူးလေ။ ဒီထောင်ထဲမှာ ကျွန်တော် အမြဲ ကြိုးစားနေရတာကတော့ ရှင်သန်နေဖို့ပါပဲ။
          “သင်တို့မှာ ရှိတဲ့ ဘယ်လို အရည် အသွေးက ရှင်သန်နေအောင် လုပ်ပေးတာလဲ????”
မေးခွန်းကို ဒီမှာရပ်ပြီး ၊ ဒီမေးခွန်းကို စဉ်းစားကြည့်ကြပါစို့။ ရှင်သန်ဖို့ လိုအပ်တဲ့ အရည်အသွေး ၅ မျိုးလောက်ကို စာရွက်တစ်ရွက်ပေါ် ချရေး ကြည့်လိုက်ပါ။ အကယ်၍ သစ္စာရှိမှု ၊ ကတိတည်မှု ၊ ပေးဆပ်ခြင်း စသည် တို့ကို သင် ရေးချမိခဲ့ ပြီ ဆိုရင်တော့ အဲဒီ သကေ`်တ တွေဟာ အကျဉ်းထောင် အတွက်တော့ မှားယွင်းသွားပြီ လို့ ဆို ရပါမယ်။ ကျွန်တော် တွေ့ရှိခဲ့တာက ရှင်သန်ခြင်းရဲ့ အခြေခံ အုတ် မြစ်ကို မိဘ ၊ဆရာ ၊ ခေါင်းဆောင် တို့ ဆီက လေ့လာခဲ့ပြီး ဖြစ်နေတယ် ဆိုတာလေ။
          ဆုံးဖြတ်ဖို့ကြုံ လာရင် ဆုံးဖြတ်ရမယ်။
          ရွေးချယ်ဖို့ ကြုံလာရင် ကျွန်တော်တို့ရွေးချယ်ရမယ်။
          ခြံစည်းရိုး ပေါ် ထိုင်နေခဲ့ ရင် တော့ ဟို မရောက် ဒီမရောက် ဖြစ်မှာပါ။
          ဒါ့ အပြင် နိုင်ဖို့ ရှုံး ဖို့ ဆို တာ မသေချာဘူးလေ။
(ဘာသာပြန်သူ - ရွှေ ပိုးကောင် ၊ The Qualities of Survival နှင့် Barry Spilchuk ၏ Quotes အား ပေါင်း၍ ဘာသာပြန်သည်။)