Pages

Sunday, February 10, 2013

ချစ်မိပြီ ဆိုရင်…………


ချစ်မိပြီ ဆိုရင်…………
လူတစ်ယောက်ကို ချစ်မိတယ် ဆိုတာ ချောက်ကမ်းပါး တစ်ခု ထဲကို ခုန်ဆင်းသလို ခံစားမှုမျိုး ၊ တစ်ခြားဂြိုလ်ငယ် တစ်ခုပေါ်သို့ လေယာဉ် ပေါ် ကနေ ခုန်ဆင်းတဲ့ အရသာမျိုး။ အဲဒီဂြိုလ်ငယ်ပေါ် ရောက်တဲ့ အခါမှာတော့ ပန်း၊ တိရိစ္ဆာန် ၊ လူ တွေ ၀တ်ထားတဲ့ အရောက် ကအစ သဘာဝ အားလုံးကို သင်မြင်တဲ့ အမြင် ပြောင်းလဲ သွားမည်။ ချစ်မိပြီ ဆို ခဲ့ရင် သူနဲ့သာ ဘ၀ကို ဖြတ်သန်းချင်တယ် ဆိုတဲ့ စိတ်မျိုး ဖြစ်ပေါ် လာမှာပါ။
          ချစ်တယ် ဆိုတဲ့ အရာကို တော့ လုပ်ယူ လို့ မရ နိုင်သလို၊ ချစ်ရတယ် ဆိုတာက ကိုယ့် တံတောင်ဆစ်ကို ကိုယ် ပြန်နမ်းရသလို မျိုးပဲ။ ကျွန်ုပ်တို့သာ အချစ်ကို ထိန်းချုပ်နိုင်ရင် အသဲကွဲ ရောဂါ ကို ကုဖို့ ဆေးတွေ့ ပြီ ပေါ့။ အဲဒီလိုသာ တကယ်ဖြစ်ခဲ့ရင် Juliet ကလည်း Romeo ကို လျစ်လျူ ရှု ပြီးတော့ Paris မြို့ ကြီးကို ပဲ ချစ်ဖို့ ကြိုးစားမှာပေါ့။ တကယ်ဖြစ်ခဲ့ရင်ပေါ့။
          ကြိုက်တယ် (သို့မဟုတ်) သဘောကျတယ် ဆိုတာနဲ့ ချစ်တယ် ဆိုတဲ့ စကားလုံးတို့မှာ ကွဲပြားခြားနားတဲ့ အဓိပါယ် တွေ များစွာရှိပါသည်။ အအေးမိခြင်း နှင့် တုပ်ကွေး ဖြစ်ခြင်းကွဲပြားသလို မျိုးပေါ့။ တုပ်ကွေး ကတော့ အအေး မိတယ် ဆို တာထက် ပို ခံစားရတဲ့ ရောဂါ ပါ။ ဒါပေမယ့် လူတွေက အအေး မိတာကို တုပ်ကွေး ဆို ပြီး ထင်တတ် ကြသေးတယ်။
          လူတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် တော့ အဲဒီ အတွက် စိတ်ညစ်မနေပါနဲ့။ သေချာတာ တစ်ခု က တော့ သင် ဖြစ်ချင် တာတွေရော မဖြစ်ချင်တာတွေ ရော ဖြစ်လာဦးမှာမို့ပါ။ ချစ်မိသွားရင် ဘာတွေ ဖြစ်လာလဲ ဆိုတဲ့ အရာက စကြာဝဠာ တစ်ခု လုံးမှာ ရှင်းပြဖို့ အခက်ဆုံး ပါ။ စဉ်းစားမှု မပါ ပဲ လုပ်မိတဲ့ အရာတစ်ခု။ အဲဒီလို ကိစ္စမျိုးမှာ စဉ်းစားမှု ပါခဲ့ရင်လည်း ကမောက်ကမ ဖြစ်ပြီး အဆုံးသတ် သွားမလားပဲ။         ချစ်မိပြီ ဆိုရင် ညာဘက် ဦးနှောက်က အရမ်း အလုပ်လုပ်ရတာပေါ့။ ညာဘက်ဦးနှောက်က ကျွန်ုပ်တို့ စိတ် ခံစားမှု တွေ အတွက် အရေး အကြီးဆုံး အစိတ် အပိုင်း တစ်ခု ပါ။ ဘာသာစကားလိုဟာမျိုးကျတော့ ဦးနှောက်ရဲ့ ဘယ်ဘက် အခြမ်းက ထမ်းဆောင်ရတဲ့ တာဝန်ပေါ့။ အဲဒီ အကြောင်း အခြင်းအရာကြောင့်ပဲ ချစ်မိပြီ ဆိုရင် ချစ်ခြင်း ရဲ့ ခံစားချက်ကို အဓိပါယ် ဖွင့် ပြဖို့ ခက်ခဲ လာတတ်ကြသည်။ ဘယ်ဘက် ဦး နှောက်က ညာဘက် ဦးနှောက်ကို အလျင်မီအောင် စကားလုံးတွေ မပို့ နိုင်ခဲ့ တဲ့ အတွက် ကြောင့် ပါ။
          နောက်ထပ် ထူးခြား ဆန်းပြားတာတစ်ခုက ချစ်မိပြီ ဆိုရင် ကိုယ်ချစ်တဲ့သူက ပြီးပြည့်စုံ သူ တစ်ယောက် အဖြစ် ကိုယ့်ကိုယ်ကို လှည့်စား သတ်မှတ်ပြီး ဖြစ်နေတာပါပဲ။ အမှန်တကယ်ကတော့ ပြီး ပြည့်စုံ တဲ့ သူ ဆိုတာ မရှိပါဘူး။ ဒါပေမယ့် တစ်ယောက်နှင့် တစ်ယောက် ပြီး ပြည့်စုံ တဲ့ အချက်အလက်တွေ ပဲ ရှာဖွေ ပြီး နေထိုင်သွားကြမယ် ဆိုရင်တော့ ကျွန်ုပ်တို့ ရဲ့ အချစ် တွေ ခိုင်မြဲ မှာ အသေအချာပါ။
(ဘာသာပြန်သူ - ရွှေပိုးကောင် ၊ RD Feb 2013, How To Fall In Love အား ဘာသာပြန်သည်။)

No comments:

Post a Comment