Pages

Monday, February 25, 2013

နေ့လည်ခင်း အချိန် ပန်းခြံထဲမှာ


နေ့လည်ခင်း အချိန် ပန်းခြံထဲမှာ
GOD နဲ့ တွေ့ ချင်တဲ့ ကောင်လေး တစ်ယောက်ရှိခဲ့ ဖူးပါသည်။ GOD နေတဲ့ နေရာကို ရောက်ဖို့ အတွက် ခရီး ရှည် တစ်ခု ကို ဖြတ်သန်းရမယ် ဆိုတာကို လည်း သူသိနေသည်။ ထို့ကြောင့် ကိတ်မုန့် နဲ့ အအေး ဘူး တွေ အပြည့် အိတ် တစ်လုံးထဲမှာ ထည့်ပြီး ခရီးကို စတင်ပါတော့သည်။
သုံး ဘလောက် လောက် ရောက်တဲ့ အခါမှာတော့ အဖွား အို တစ်ယောက်နဲ့ ဆုံတွေ့ပါတယ်။ သူမကတော့ ပန်းခြံထဲမှာ ထိုင်နေရင်း ခိုငှက်တွေကို ငေးကြည့်နေတာပေါ့။ ကောင်လေးက အဖွားအို ဘေးနားမှာဝင်ထိုင်လိုက်ပြီး အစားအသောက်တွေ ထည့်လာတဲ့ အိတ်ကို ဖွင့်လိုက်ပါတယ်။ အအေးကို သောက်မဲ့ ဆဲဆဲ မှာ သူဟာ တစ်ခုခု ကို သတိ ထားမိလိုက်ပါတယ်။ အဖွားအို ကြည့်ရတာ ဆာလောင်နေပုံပါပဲ။ အဲဒါကြောင့် သူဟာ ပါလာတဲ့ ကိတ်မုန့် တစ်ခုကို ပေးလိုက်ပါတယ်။ သူမကလည်း ကျေးဇူးတင်သော အပြုံးချိုချို နှင့် ပြန်လည် ပြုံးပြလျက်။ သူမရဲ့ အပြုံးက ကျက်သရေ ရှိပြီး မြင်ရသူ ရဲ့ စိတ်ကို ကြည်နူးစေပါသည်။ ကောင်လေးက သူမရဲ့ အပြုံးကို ထပ်မြင်ချင်မိတယ်။ ထို့ကြောင့် သူ့မှာ ပါတဲ့ အအေး တစ်ပုလင်းကို ထပ်ပေးလိုက်ပါတယ်။ ဒီတစ်ခါလည်း သူမက သူ့ကို ပြုံးပြပြန်ပါပြီ။ ကောင်လေးရဲ့ စိတ်ထဲမှာ ကြည်နူးမှု တွေ ပြည့် နှက်လျက်။ သူတို့ နှစ်ယောက်သားး နေ့ လည်ခင်း တစ်ခင်းလုံး စားသောက်ရင်း ၊ အပြုံးတွေ ဖလှယ်ရင်းပေါ့။ ဒါပေမယ့် စကားတော့ မပြောဖြစ်ကြဘူး။
မှောင်စပြုလာပြီ။ ကောင်လေးကလည်း အိမ်ပြန်ချိန် ရောက်ပြီဆိုတာကို သိလိုက်သည်။ ဒါကြောင့် ပြန်မည် ဟု ဟန်ပြင်လိုက်ပြီးမှ အဖွားအို ဘက်ကို ပြန်လှည့် ၍ နွေးထွေးစွာ ပွေ့ ဖက်လိုက်ပါသည်။ သူမကတော့ အမြဲတမ်း အပြုံးချိုချို တစ်ခု ပေးလျက်ပေါ့။
ကောင်လေး အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ သူ့ မေမေက သူ့ မျက်နှာပေါ် က အပြုံးရိပ်တို့ကြောင့် အံ့အားသင့်နေခဲ့ပါတယ်။ “ဘယ်လို အရာကများ ငါ့သားလေးကို ဒီလောက်တောင် ပျော်ရွှင်စေတာလဲကွယ်။”
ဟု မေးလိုက်ပါသည်။
သူပြန်ပြောလိုက်သည်။ “GOD နဲ့ နေ့လည်စာ စားခဲ့တယ် မေမေ။ သူမက ကျွန်တော်မြင်ဖူးသမျှ ထဲမှာတော့ အရမ်းလှတဲ့ အပြုံးကို ပိုင်ဆိုင်ထားသူပဲ။”
ထို အချိန်တွင်ပင် အဖွားအို လည်း ကြည်နူးပီတိ တို့နှင့် အိမ်ကို ပြန်လည် ရောက်ရှိလာသည်။ သူမရဲ့ သားကတော့ သူမရဲ့ မျက်နှာပေါ်က အေးချမ်းကြည်လင်တဲ့ အရိပ် အယောက်တွေ ကြောင့် “ဘယ်လိုကြောင့် အမေ အရမ်း ပျော်နေပါလိမ့်။” ဟု မေးလိုက်သည်။
သူမပြန်ပြောလိုက်သည်။ “GOD နဲ့ အတူတူ ကိတ်မုန့် စားခဲ့တယ်လေ။ သူက ငါထင်တာထက်တောင် ငယ်ပြီး နု နေသေးတယ် သားရဲ့”
(ဘာသာပြန်သူ - ရွှေပိုးကောင်၊ An Afternoon in the Park အားဘာသာပြန်သည်။)

No comments:

Post a Comment