Pages

Saturday, January 26, 2013

ဘောပင်တစ်ချောင်း နှင့် ကြီးမားသော အိပ်မက်များ


အာဖရိက ကို အလည် သွားဖူးတဲ့ သူတွေဆီက ပုံပြင်တစ်ပုဒ် သင်တို့ ကြားမိပါလိမ့်မယ်။ တစ်ချို့ သော ကလေး တွေက ခရီးသွားသူတွေ ဆီက တစ်ခုခု တောင်းတယ် ဆိုတာမျိုးပါ။ ဒါပေမယ့် အဲ့ဒီ ပုံပြင်လေးက တောင်းဆိုမှု တစ်ခု ထက်တော့ မပိုပါဘူး။
ဘောပင်တစ်ချောင်း နှင့် ကြီးမားသော အိပ်မက်များ
          ၁၉၉၉ ခုနှစ်ဦးပိုင်း ၊ တိမ်တွေကင်းစင်ပြီး အလွန်ပူတဲ့ နေ့ တစ်နေ့ ပေါ့။ အီသိုယိုးပီးယား နိုင်ငံ ရဲ့ တံတား တစ်ခု ပေါ် မှာ ကျွန်တော် ရပ်နေစဉ် အဆောင် အဖွဲ့ တစ်ခုကို ၀တ်ထားတဲ့ ချာတိတ် တစ်ယောက် ချဉ်းကပ်လာပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။
          “ကျွန်တော်က မာရီးရှက်(စ်)ဒိုင်ယာ ပါ။ ဦးလေးကို အီသီယိုးပီးယား ရဲ့ အရောင်တွေ ပါတဲ့ အရာတစ်ခု လက်ဆောင်ပေးချင်ပါတယ်။”
          သူက ချည်နဲ့ ရက် လုပ်ထားတဲ့ လက်ကောက်တစ်ခုကို ကျွန်တော့် လက်ကို ပတ်ပေးလိုက်တယ်။
“ပိုက်ဆံပေးစရာ မလိုဘူးနော်။ သူငယ်ချင်း ဖြစ်ရင် ရပြီ။” ဟုလည်း ပြောလိုက်သေးသည်။
“ကျေးဇူးတင်ပါတယ် မာရီးရှက်(စ်)ဒိုင်ယာ ” ဟု တုန့်ပြန်ရင်း ထို ကလေးကို သဘောကျသော အကြည့် ဖြင့် ကျွန်တော် ကြည့်နေမိသည်။  တံတားက Bahar Dar နှင့် ခပ် နီးနီးတွင် တည်ရှိသည်။ ပြာလဲ့လဲ့ နိုင်း မြစ်ကို တံတားက ဖြတ်ဆောက်ထားသည်။ မာရီး ရှက်(စ်) ကတော့ ကျောင်းကပြန်လာခြင်းဖြစ်သည်။ သူက သူ့ရဲ့ English skill ကို လေ့ကျင့် ချင်ဟန် တူပါရဲ့။ သူပေးတဲ့ ချည် လက်ကောက်လေးကို ကျွန်တော် ငုံ့ ကြည့် လိုက်မိသည်။ အသေအချာ ရက်ထား သည် ကို မြင်ရုံမျှဖြင့် သိနိုင်သည်။ အစိမ်း၊ အ၀ါ၊ အနီ ချည်အရောင်တို့ နှင့် အတူ ထို ချာတိတ်၏ တောက်ပနေတဲ့ အပြုံး ၊ နွေးထွေးမှု ၊ ပျားရည်ရောင် အသားအရည်နှင့် အမဲရောင် ဆံပင်ကောက်ကလေး နှင့် သူ့ကို ကျွန်တော့်ရင်ထဲ မှတ်မှတ် ရရ ရှိခဲ့သည်။ ထို နိုင်ငံ ရဲ့ ယဉ်ကျေးမှု ကတော့ ရှေးဆန်တုန်း ၊ ဒါပေမယ့် ခေတ်မီ ဆဲပါ။ Europe က လူတွေ က အိမ်တွေကို ခေတ်မှီအောင် ရွှံ့တွေ ၊ မြက်တွေ နဲ့ ဆောက်နေချိန်မှာ။ သူ့ ရဲ့ ဘိုးဘွားတွေက ကျောက်တုံးတွေနဲ့ နန်းတော် တည်ခဲ့ ကြတယ်။ သလင်းကျောက်တွေနဲ့ လက်ရာ မြောက်တဲ့ လက်မှု ပညာတွေ ဖန်တီး ခဲ့ ကြတယ်။
“လက်ကောက်က အရောင်တွေက ဘာကို ဆိုလိုတာလဲ။” ကျွန်တော် သူ့ကို မေးကြည့်သည်။
“အစိမ်းရောင်က မြေကို ကိုယ်စားပြုတယ်။ အ၀ါရောင်က church ကို ကိုယ်စားပြုတယ်။ အနီရောင်က … ကျွန်တော် မမှတ်မိတော့ဘူး။ ဒါပေမယ့် ဦးလေး နောက်ကျရင်တော့ အဖြေ ရှာတွေ့မှာပါ။” ဟု သူက ပြုံးစေ့စေ့ လုပ်သည်။
နောက်တော့ သူ ကျွန်တော့်ဆီမှာ ဘောလ်ပင် တစ်ချောင်းတောင်းသည်။
“တစ်ချောင်းထဲလား” ဟု ကျွန်တော် အံ့ အားသင့်စွာ ပြန်မေး လိုက်သည်။ အာရိက က ကလေး တွေ တောင်းလေ့ရှိတာက ပိုက်ဆံ နဲ့ အဲဒီထက် ပိုတဲ့ အရာတွေ မို့။ “ဟုတ်ကဲ့ ။ ဘောလ် ပင်ပဲ ပေးရင်ကျေနပ်ပြီ။ ဘောလ်ပင်မှ မရှိရင် ဒီမှာ ကျောင်းသွားဖို့ ခွင့် မပြု ဘူး။ ဒီနေ့ပဲ ကျွန်တော့် ဘော(လ်)ပင် ကုန်သွားပြီ။ နောက်တစ်ချောင်းဝယ်ပေးဖို့ အတွက် အိမ်က ပိုက်ဆံ မတတ်နိုင်ဘူးလေ။ ကျွန်တော်က ကျောင်းမှာ ပျော်တယ်။ ဆရာဝန် (ဒါမှ မဟုတ်) စာရင်းအင်း ပညာရှင် ဖြစ်ချင်တယ်။”
ပုံမှန်တော့ ကျွန်တော် ခရီး ထွက်တိုင်း ဈေးပေါပေါ ဘောလ်ပင်တွေ ပုံးလိုက်သယ်လာလေ့ ရှိပါတယ်။ ကျွန်တော်သူ့ကို ဘောလ်ပင် လက်တစ်ဆုပ်စာ ပေးလိုက်တယ်။ ကြည်နူးသွားတဲ့ သူ့ရဲ့ မျက်နှာ ကိုတော့ ကျွန်တော် သေချာမြင်လိုက်ပါသည်။
“ဦး လိပ်စာပေးလေ။ ကျွန်တော် ဦး ဆီ စာရေးမယ်။”
“OK. ဦးမှာ သမီး တစ်ယောက်ရှိတယ်။ Romaney တဲ့ ။ သူ့နဲ့ သားနဲ့ က အသက်တူတူပဲ။ သူ့ ဆီ ရေးပေါ့။ အဲဒါမှ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ ဖလှယ်လို့ ရမှာလေ။”
ဒီလိုနဲ့ သိပ်မကြာခင်ပဲ ကျွန်တော့် ရဲ့ မြို့ကို ပြန်လာခဲ့ပါတယ်။ စာကတော့ ကျွန်တော့် သမီး နာမည် နဲ့ ရောက်လာခဲ့ပါတယ်။ တစ်ခြား နိုင်ငံက တံဆိပ်ခေါင်းနဲ့ပေါ့။  အဲဒီစာကတော့ မာရီး ရှက်(စ်) ဒိုင်ယာ ဆီကပါ။ ကျွန်တော်၏ ရင်ထဲမှ သူငယ်ချင်း ဆီသို့ လို့ အစချီထားသည်။ သူ့ အိမ် အကြောင်း၊ ရွာ အကြောင်း နှင့် သူ့ရဲ့ ရည်မှန်းချက်တွေပေါ့။ သမီး Romaney ကတော့ ၀မ်း သာနေတာပေါ့။ ချက်ချင်း ဆိုသလို စာပြန်တော့သည်။
ဒါပေမယ့် သူတို့ နှစ် အတော်ကြာ အဆက်အသွယ် ပြတ်သွားခဲ့ကြသေးသည်။ နောက်ဆုံးမှာတော့ ကျွန်တော့်သမီး ပို့သမျှ စာတွေကို သူ မပြန် ဖြစ်တော့ ပါဘူး။ ကျောင်းပဲ ထွက်သွားရပြီလား?? လယ်ထဲမှာပဲ လုပ်နေရပြီလား?? စာအဆက်အသွယ် မရှိတဲ့နေရာမျိုးမှာပေါ့။ ဒါမှ မဟုတ် တောင်းစားသူများဖြစ်သွားရော့လား?? အီသီယိုးပီးယား ဆိုတာ အရမ်း ဆင်းရဲတဲ့ နိုင်ငံ တစ်ခုပါ…. ။
ဒီလိုနဲ့ပဲ မာရီးရှက်(စ်) က ကျွန်တော့် အတိတ်ရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ အောက်တိုဘာလ လောက်မှာ တောင်အာဖရိက သို့ ထပ်မံ အလည် ရောက်ရှိခဲ့သည်။ ဖုန်းကလည်း မြည်နေပါတယ်။ ကျွန်တော်ကတော့ ကားမောင်းနေလို့ မကိုင်ဟု စဉ်း စားမိသည်။ ဒါပေမယ့် ဖုန်းသံကတော့ ဆက်တိုက် မြည်နေဆဲ။ ကျွန်တော် ကိုင်လိုက်တော့ တစ်ဘက်က အသံတစ်ခု။
“Don Pinnock နဲ့ ပြောချင် လို့ပါ ခင်ဗျာ။ ”
“ဟုတ်ကဲ့ ပြောနေပါတယ် ခင်ဗျာ။ အခု ပြောနေတာ ဘယ်သူပါလဲ ခင်ဗျာ။”
“ကျွန်တော မာရီး ရက်(စ်)ပါ။ အီးသီ ယိုးပီးယား က နိုင်း ဖြစ်ဘေးမှာ တွေ့ ခဲ့တဲ့ သူလေ။ မှတ်မိလား ဦး။”
“မှတ်မိတာပေါ့ကွာ။ ”
“ကျွန်တော် ဦး ရဲ့ လိပ်စာကို အင်တာနက်ကနေ ရှာတွေ့တာ။” ဟု ထပ်ဆောင်း ပြောလိုက် သေးသည်။ ဖုန်းလိုင်းကလည်း တော်တော် ဆိုးသည်။ ကျွန်တော့ email address တစ်ခု ကိုတော့ပြောလိုက် နိုင်သည်။ “ကျွန်တော် email ပို့လိုက်မယ်” ဟူသော စကားကိုတော့ ကျွန်တော် ဖုန်း လိုင်းမကျခင် အချိန်မှီလေး ကြားလိုက်ရသည်။ လမ်း တစ်လျှောက် သူ့ အကြောင်းကို စဉ်းစားနေမိသည်။ ကျွန်တော် တံတားပေါ်မှာ တွေ့ရတဲ့ ပိန်ကြုံလှီနေတဲ့  သူဆင်းရဲ ကလေး တစ်ယောက်က ဘယ်လိုများ websites တွေ သုံးပြီး mobile ဖုန်း ပြောနိုင်တာလဲ။
ရက် သတ္တပတ် အနည်း ငယ် ထိကို သူ့ဆီက email မလာခဲ့ပါဘူး။ ဒါပေမယ့် တစ်စောင်တော့ ရောက်လာခဲ့ပါတယ်။ မာရီး ရှက်(စ်)က Holland ကို ရောက်ရှိနေတဲ့ အကြောင်း ၊ သို့သော် သူ အဲဒီ မှာ ကျောင်းတက်ဖို့ အဆင်မပြေတဲ့ အကြောင်းတွေပေါ့။ သူ့ရဲ့ နောက် email တစ်စောင်ကတော့ ကျွန်တော့ အတွက် သတင်းကောင်း တစ်ခုပါပဲ။
“ကျွန်တော် Brunel University မှာ ရောက်နေပြီ။ စာရင်းအင်း ပညာရပ်တွေကို လေ့ လာနေဆဲပါ။ ” တဲ့။
(ဘာသာပြန်သူ - ရွှေပိုးကောင်၊ Big Dreams and a Ballpoint Pen from Reader Digest, January 2013 အား ဘာသာပြန်သည်။)




No comments:

Post a Comment