Pages

Monday, February 25, 2013

တစ်ခြားနည်း လမ်း တစ်ခု သေချာပေါက် ရှိလိမ့် မည်


တစ်ခြားနည်း လမ်း တစ်ခု သေချာပေါက် ရှိလိမ့် မည်
တောရိပ်တောင်ရိပ်တွေ ဖုန်းလွှမ်း နေတဲ့ သဘာဝ အလှ တို့ နှင့် ပြည့်နှက်နေသော အေးချမ်းတဲ့ hotel တစ်ခု က တိတ်ဆိတ်တဲ့ အခန်းထောင့် တစ်နေရာမှာ ကျွန်ုပ် ထိုင်နေသည်။ အချိန်ကတော့ နေ့လည် ၊ ဇူလိုင်လ ဖြစ်ပါသည်။ ထိုစဉ် ရှင်သန် မှု နှင့် သေဆုံး ခြင်း ကြားရုန်းကန်နေရသည် ဟု ထင်ရသော အသံ တစ်ခုကို ကြားလိုက်ရပါသည်။
ယင်ကောင်တစ်ကောင်က သူ့ ရဲ့ တိုတောင်းလှတဲ့ ဘ၀ရဲ့ စွမ်းအင်တွေကို ပြတင်းပေါက် မှန်ကို ဖြတ်ပြီး ပျံသန်းဖို့ အသုံးမ၀င်တဲ့ ကြိုးစားမှုတွေ နဲ့ ကြိုးစားနေတာပေါ့။ သူရဲ့ တစ်ဖျပ်ဖျပ် ခတ်နေတဲ့ အတောင်တွေက တော့ ပြောနေတယ် ။ သူသုံးတဲ့ ဗျူ ဟာက ပြင်းပြင်းထန်ထန် ကြိုးစားပါတဲ့။
ဒါပေမယ့် အဲဒါက ဘာမျှ ဖြစ်မလာဘူးလေ။
သူကြိုးစားနေသမျှ ရုန်းထွက်မှု အားလုံးက အသက်ရှင် ဖို့ မျှော်လင့်ချက် မရှိ ဘူး လေ။ ရုန်းကန်ခြင်းဆိုတာ ထောင်ချောက်တစ်ခု ရဲ့ တစ်စိတ် တစ်ပိုင်းပါပဲ။ ဖန်ပြတင်းကို ဖေါက်ထွက် နိုင်ဖို့ ဆိုတာ အားစိုက်ထုတ်ပြီး ပျံသန်းရုံနဲ့ ဖြစ်လာနိုင်တဲ့ အရာ မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ ယင်ကောင်ငယ်လေးဟာ သူဖြစ်ချင်တာဖြစ်ရဖို့ အတွက် ဘ၀တစ်ခု လုံးနဲ့ အလောင်းအစား လုပ်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားလိုက်ပါတယ်။
ဒါပေမယ့် ယင်ကောင်လေးရဲ့ ကံ ကြမ္မာ ကတော့ မကောင်းရှာပါဘူး။ ပြတင်း ပေါက် ဘောင်ပေါ် မှာပဲ ခြေကုန်လက်ပန်းကျပြီး အသက်ဆုံးသွားရှာတယ်။
ထိုနေရာ နှင့် ခြေလှမ်း ၁၀ လှမ်း စာလောက် သော နေရာမှာ တံခါးမကြီး ဖွင့်ထားပါတယ်။ သူသာ ၁၀ စက္ကန့် လောက် ပျံ့သန်းခဲ့ရင် ယင်ကောင်ငယ်လေးဟာ အပြင် ကို ရောက်မှာ အသေအချာပါ။ အပြင် ကို ရောက်တာနဲ့ သူ သဘာဝ တရားရဲ့ အလှအပတွေကို ခံစားနိုင်ပြီပေါ့။ အဲဒီလိုသာ လုပ်ခဲ့ ရင် သူ အားအနည်းငယ်ကို ပဲ စိုက်ထုတ် သုံးစွဲ ရမှာပါ။ ပိတ်မိ နေတဲ့ နေရာကလည်း ရုန်းထွက် နိုင်မယ်။ ဖောက်ထွက် ဖို့ အတွက် ဖြစ်နိုင်ချေပါပဲ။ အရမ်းကို လွယ်ကူပါတယ်။
ဘာကြောင့်များ ဒီယင်ကောင်လေး တခြားနည်း နဲ့ မစမ်း ကြည့်တာလဲ။ ပုံမှန်အတိုင်းကြိုးစားရမယ် ဆိုတဲ့ စဉ်း စားတွေးခေါ် မှု မှာပဲ ဘာကြောင့် ပိတ်မိနေတာလဲ။ အောင်မြင်ဖို့ အတွက် သေချာတဲ့ အားထုတ်မှု မျိုးကိုပဲ အားထုတ်သင့်တယ်။ ဖောက်ထွက်ဖို့ အတွက် ဘယ်လို ဒသန မျိုးက အသေအချာ သေသည် အထိ တည် ရှိ နေမှာလဲ။
ပြင်းပြင်း ထန်ထန် ကြိုးစားရမယ်ဆိုတဲ့ စိတ်ကူးမျိုး အဲဒီ ယင်ကောင်မှာ ရှိတာ က ပြသနာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ စိတ်ကူးက သူ့ကို ဇီဝိန်ခြွေတဲ့ စိတ်ကူး ဖြစ်သွားတာပါ။
ပြင်းပြင်းထန်ထန်ကြိုးစားခြင်းဟာ တစ်ခါတစ်ရံမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ အတွက် အထောက်အကူ မပေးနိုင်ပါဘူး။ ဒီလို လုပ်ရင် ဒီလို ဖြစ်မယ်ဆိုတဲ့ ခိုင်မာချက်မျိုးပေးထားတာလည်း မရှိပါဘူး။ တစ်ခါ တစ်ရံ တော့ အဲဒါဟာ ပြသနာ တစ်ခု ရဲ့ အကြီး မားဆုံး အစိတ် အပိုင်းပါပဲ။
ကျွန်ုပ်တို့ ဖြစ်ချင်တာတွေ ဖြစ်ဖို့ ကြိုးစားမှု တစ်ခု ထဲမှာပဲ အမြဲ ပုံ အပ် မထားပါနဲ့။ ပုံအပ်ထားခဲ့ ရင် တော့ အောင်မြင်ဖို့ အတွက် အခွင့် အလမ်းတွေ ကို ပျောက်ဆုံးစေပါလိမ့်မယ်။
(ဘာသာပြန်သူ- ရွှေပိုးကောင်၊ Try Something Different အားဘာသာပြန်သည်။)

No comments:

Post a Comment