Pages

Friday, October 19, 2012

သူစိမ်းတစ်ယောက်(အပိုင်း ၂)


သူစိမ်းတစ်ယောက်(အပိုင်း ၂)
          နွေရာသီမှာ ခရီးသွားဧည့်သည်တွေWoodend ကို တော်တော်လာကြတယ်။         ရာသီဥတုက တော့ သာသာယာယာ ပါပဲ။ ဆိုင်ကလည်း အရောင်းသွက်ပါရဲ့။ Anna ကတော့ ရွှင်ရွှင်ပျပျရှိလှတယ်မဟုတ်ဘူး။ သူမ အမြဲတမ်းတွေးနေတဲ့ အကြောင်းက Greta Gordon လာလည်သွားတဲ့ အကြောင်းလေ။ ဘာကြောင့်များ Dave ကို လာတွေ့ ရတာလဲ။ သူမရဲ့ စိန်လက်စွပ်ကရော ဘယ်ရောက်သွားသလဲ။ အဲဒီမှာ ပြဿနာ တစ်ခုတော့ရှိတယ်။ Anna က Peter ကိုလည်း ချစ်တယ်။ လက်ထပ်မယ်။ ဒါပေမယ့် သူမက Dave ကို လည်း သဘောကျတယ်။ မိန်းကလေးတွေအကုန်လုံးကတော့ Dave ကို သဘောကျကြတယ်။ Anna ကတော့ နေ့စဉ် Dave နဲ့ ပို ပြီး နီးနီးကပ်ကပ်နေရတာပေါ့။ နေ့ဘက်ဆိုရင် Anna က Dave နဲ့ အမြဲရှိနေတယ်လေ။ ညနေပိုင်းဆိုရင်တော့ Peter နဲ့ အတူ ရှိနေတတ်တယ်။ သူမက ဘ၀ နှစ်ခု ကို ရှင်သန်နေ သလိုမျိုးခံစားရတယ်။ တစ်ခုကတော့ Dave အတွက် ၊ နောက်တစ်ခု ကတော့ Peter အတွက်လေ။
          တစ်နေ့သော သောကြာနေ့မှာ Dave က Anna ကို အံ့အားသင့်စေခဲ့တယ်။
“Anna , မနက်ဖြန်ကျရင် လျှောက်လည်ကြမလား၊မင်းသွားချင်တဲ့နေရာ အစုံ ကားနဲ့လိုက်ပို့ပေးမယ်။” လို့ Dave က ပြောတယ်။ “Peter မကြိုက်လောက်ဘူးထင်တယ်။” လို့ Anna က ကြောင့်ကြတဲ့လေသံနဲ့ ပြန်ပြောတယ်။”အဝေးကြီးသွားမှာမှ မဟုတ်တာ။ ထမင်းစားချိန် မှာ ဆိုင်ပိတ်ထားခဲ့ပြီး Lidney ကို ကားနဲ့ သွားရင် ခဏ လေးပါပဲ။”လို့ Dave က Anna ကို စည်းရုံးတယ်။ Anna က ခေတ္တ ခဏ စဉ်းစားပြီးနောက် “ရုပ်ရှင်ကောင်းကောင်းပြမယ်၊ စားသောက်ဆိုင်ကောင်းကောင်းမှာကျွေးမယ်ဆိုရင် လိုက်ခဲ့မယ်” လို့ Anna က ဖြေလိုက်တယ်။”ကျွေးမှာပေါ့” လို့ Dave က ရယ်မောပြီးပြောတယ်။ နောက်တစ်နေ့မှာတော့ Anna နဲ့Dave တို့ဟာLidney ကို သွားခဲ့ကြတယ်။ Dave ကလည်း Anna အတွက် ဈေးကြီးတဲ့ ဂါဝန်တစ်ထည်ကို လည်း ၀ယ်ပေးခဲ့သေးတယ်။ Anna ကြိုက်တဲ့ ရုပ်ရှင် ကိုလည်း Dave က လိုက်ပြခဲ့တယ်။ Anna နဲ့ Dave ပြန်ရောက်တော့ ညနေခင်း အချိန်ဖြစ်နေပြီ။ Dave က  လမ်းထောင့်ဈေးဆိုင် ရှေ့မှာ ကားကို ရပ်လိုက်တယ်။ ရာသီဥတုကတော့ နွေးနွေးထွေးထွေးပါပဲ။ “Dave အခုလို လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်နော်။”လို့ Anna ကပြောတယ်။ “ငါလည်း မင်းနဲ့လျှောက်လည်ရတာ ပျော်ရွှင်ပါတယ်။” လို့ပြောပြီး Anna ရဲ့ ပုခုံးကို ဖက်ပြီး နမ်းလိုက်တယ်။ လျှင်မြန်တဲ့ အနမ်းတစ်ချက် လို့ပြောလို့ရတယ်။ ဒါပေမယ့် Anna အတွက်ကတော့ထူးဆန်းနေတာပေါ့။
နွေရာသီ ကို ဖြတ်သန်းခဲ့ပြီ။ လမ်းထောင့် ဈေးဆိုင်လေးက တော့ အမြဲတမ်း အရောင်းသွက်နေတာပါ။ တစ်ခါ တစ်ရံ Dave က တနင်္ဂံနွေ နေ့ တောင် ဆိုင်ဖွင့်ပေးပါသေးတယ်။ Anna ကတော့ လစာ ကောင်းတာပေါ့။ လူတိုင်းကတော့ သူမကို ပျော်နေမှာပဲလို့ ထင်မိမှာ။ ဒါပေမယ့် ဘ၀ဆိုတာ ခက်ခဲမှုတွေနဲ့ သူဖြစ်ချင်သလို ဖြစ်နေတာမျိုးလေ။ Dave က သူမရဲ့ Boss၊ သူမထက်လည်း အသက်ကြီးတယ်။ ဒါပေမယ့် Peter ကတော့ စေ့စပ်ထားတဲ့သူ၊ သက်တူရွယ်တူပဲလေ။ Dave က ချမ်းသာပေမယ့် Peter ကတော့ မချမ်းသာပါဘူး။ Dave ကတော့ Anna အတွက် အ၀တ် အစားတွေဝယ်ပေးလေ့ရှိတယ်၊ အလည် အပတ် လိုက်ပို့ပေးတယ။် Peter ကတော့ ၀ယ်ပေးလေ့မရှိဘူး။ ဘယ်မှ လည်း လိုက်ပို့လေ့မရှိဘူး။ သူက ဘောလုံးကို ပို စိတ်ဝင်စားတယ်လေ။ Anna ကတော့ ဘောလုံးကို သိပ်ပြီးစိတ်ဝင်စားလေ့မရှိဘူး။
September လကို ရောက်လာပြီ။ Peter ကတော့ စနေနေ့ဆိုရင် ဘောလုံးကစားလေ့ရှိနေတုန်းပါပဲ။ တစ်ခုသော စနေနေ့မှာ TV မှာ ဘောလုံးပွဲအစီအစဉ်တယ်လေ။ Mr. Hart က TV အကြီးကြီးရှိတော့ ဒီလို အချိန်မျိုးမှာ ရွာခံတွေကို သူ့အိမ်ကို ဖိတ်လေ့ရှိတယ်။ Peter နဲ့ Anna ကို ရောပေါ့။
အဲဒီဘောလုံးပွဲမလာခင် သောကြာနေ့ပေါ့။ Anna ကတော့ လမ်းထောင့်ဈေးဆိုင်လေးမှာ အလုပ်တွေများနေတာပေါ့။ ၅နာရီလောက်မှာတော့ သူမက ဆိုင်တံခါးကို ပိတ်နေပါပြီ။ နှစ်မိနစ်လောက်ကြာတဲ့အခါမှာ ခေါင်းလောင်းတီးသံကြားလို့ Anna တံခါး သွားခေါက်တော့ ခပ် ငယ်ငယ် ယောကျာ်း တစ်ယောက် အိတ်တစ်လုံးကိုင်ပြီးရပ်နေတာကို တွေ့ရတယ်။ “မင်္ဂံလာပါရှင်၊ ကျွန်မ ဘာများ အကူ အညီ ပေးရပါ မလဲ။” ဟု Anna က လူငယ် ကို မေး လိုက်ပါတယ်။ “ကျွန်တော် Mr.Slatin နဲ့ တွေ့ ချင်လို့ ပါ ခင်ဗျာ။” ဟု လူငယ်က ပြောပါသည်။
Anna ကတော့ ဆိုင်ပိတ်သွားပြီ ဖြစ်လို့ “အားနာပါတယ်။ ဆိုင်က ပိတ် သွားပါပြီ ။ မနက်ဖြန် မနက်ကျမှ ဖွင့်ပါမယ်ရှင်။” ဟု ချိုမြတဲ့ မျက်နှာထားလေး နဲ့ ပြော လိုက်ပါတယ်။ ဒါပေမယ့် လူငယ် ပုံစံ ကြည့်ရတာ တော်တော် ပျာယီးပျာယာဖြစ်နေတယ်။ “ကျွန်တော် ကြိုတင် ချိန်း ထားပြီးသားပါ ခင်ဗျာ။” လို့ လူငယ် ကလည်း မျက်နှာငယ်လေး နဲ့ ပြန် ပြော ရှာသည်။
အဲဒီအချိန်မှာ Dave က တံခါးပေါက် ၀သို့ ထွက်လာခဲ့ပြီး “ခင်ဗျားတော်တော် နောက်ကျ နေတာပဲ၊ကျုပ် စောင့်နေတာ ကြာလှပြီ။” ဟု Dave က ဒေါသသံပါပါ ပြောလိုက်ပါတယ်။ “ကျွန်တော် စိတ် မကောင်းပါဘူး ၊ Mr. Slatin ၊ ကျွန်တော်….ကျွန်တော်…..” ဟု ထစ်ထစ်ငေါ့ ငေါ့ အသံဖြင့် လူငယ်က ပြန်ပြောသည်။ “တော်စမ်းပါဗျာ!” ဟု Dave က တစ်ချက် ပိတ် ဟောက်လိုက်၏ ။
Dave ရဲ့ ရိုင်းပျ မှု ဟာ Anna ကို အံ့ အားသင့် စေပါတယ်။ လူငယ် ကလည်း Dave ကို ကြောက်နေဟန် ရှိတယ်။
လက်တစ်ဖျစ်ခန့်ကြာ ပြီးနောက် Dave က ဟင်း ဟူသော သက် ပြင်း ရှည်ကြီးချလိုက်ပြီးနောက် “၀င်လာခဲ့ဗျာ။” ဟု ပြောလိုက်သည်။”Anna ၊ မင်းလည်း ၅နာရီကျော်နေပြီ၊ အိမ်ပြန်လို့ရပြီ။” ဟု Dave က Anna ဘက်ကို လှည့်၍ ပြောလိုက်သည်။
Anna           ။”ဟုတ်ကဲ့ ၊ သိပ်မကြာပါဘူး၊ သွားမှာပါ။”
Dave            ။”မင်း အခု ပြန် လို့ ပြောရင် ပြန်လိုက်တော့လေ”
Dave အလွန်တရာ ဒေါသထွက်နေသည်။ Anna ကတော့ နေချင်သေးတာပေါ့။ ဒီလူ ငယ် က ရော ဘယ်သူလဲ ဆိုတာ သူမ အလွန်သိချင်နေတယ်လေ။ ထိုလူငယ် က Dave နဲ့ အတူ “အထူး အမှာစာများအတွက် သီးသန့်” ဆိုတဲ့ အခန်းထဲကို ၀င်သွားလေပြီ။ အထူး မှာတဲ့ customer နောက်တစ်ယောက်!!!! အထူး မှာတဲ့ customer နောက်တစ်ယောက်!!!! Anna က စောင့်ကြည့်နေသေးတယ်။ ၅နာရီတော့ ခွဲသွားပြီ။ Anna က ကုတ် အကျီင်္ံ ကို ၀တ်ပြီးပြန်ဖို့ ပြင်ပါတယ်။ တံခါးကို ခပ်ကြမ်းကြမ်းလေး ပိတ်လိုက်ပါတယ်။  ဈေးဆိုင်ရဲ့ ထောင့်လေးနားမှာ Anna တစ်ယောက် ရပ်ပြီးစောင့်ကြည့်နေသေးတယ်။
          သိပ်မကြာခင်မှာ အသံ တစ်ချို့ ထွက်ပေါ် လာသည်။ လူငယ်ကတော့ ပြန်ထွက်သွားလေပြီ။Anna ကတော့ သူ့ကို မမြင်လိုက်ရပါဘူး။ ဒါပေမယ့် သူတို့ ပြောတာ ကို တော့ ကြားပါတယ်။ သူက Dave ကို ပြောနေတာတွေလေ။
Young Man။   ။”သေချာရဲ့လား။”
Dave            ။”မင်း ဘာကို ပြောတာလဲ။”
Young Man။   ။”ဒီတစ် နည်း ပဲရှိတာလား။”
Dave            ။ “အေး၊ စိတ် မပူပါနဲ့။အားလုံး အဆင်ပြေသွားပါ လိမ့်မယ်။ Bye Bye”
ပြီးတော့ ဆိုင်တံခါးပိတ်သံကို Anna ကြားလိုက်ရပါတယ်။ သူမ ဈေးဆိုင်ရဲ့ ထောင့်နားလေးကနေ ထွက်လိုက်ပါတယ်။ ထိုလူငယ်ကို သူ မြင်လိုက်တယ်။ သူ့ရဲ့ကားဆီကို ခပ်သုတ်သုတ် လျှောက်သွားတယ်။ လူငယ်ယူလာတဲ့ အိတ်က သူနဲ့ အတူ ပါမသွားဘူး ဆိုတာကိုတော့ Anna သတိ ပြု မိလိုက်တယ်။ သူမက သူ့ နောက်ကို လိုက်သွားခဲ့တယ်။
Anna။  ။“ဒီမှာ၊ ဒီမှာ တစ်ခုခုမေ့ခဲ့ပြီထင်တယ်နော်။ အိတ် ကျန်ခဲ့တယ်ထင်တယ်။”
လူငယ် က သူမကို ပြန်လှည့်ကြည့်တယ်။ သူမတော်တော်ကြောက်သွားတယ်။ သူ့ရဲ့မျက်နှာကို တွေ့ရတာ ဖြူဖွေးနေတယ်။သွေးတောင် မရှိတဲ့ပုံပဲ။ ကြောက်လို့ သွေးတွေဆုတ်ယုတ်နေတယ်လေ။
Young Man။   ။”သွားပါဗျာ၊ ကျွန်တော် တစ်ယောက်တည်းနေပါရစေ။ ကျွန်တော် အိမ်ပြန်တော့မယ်။ တစ်ယောက်တည်းနေပါရစေ။”
          သူက ကားကို မောင်းထွက်သွားလေရဲ့။ Anna ကတော့ ရပ်ပြီး တွေတွေကြီး ကြည့် ကျန်နေခဲ့တာပေါ့။ သူမ အတွက်တော့ စဉ်းစားစရာတွေ အများကြီးပါ။”ဘာကြောင့် ဒီလူငယ်က လမ်းထောင့်ဈေးဆိုင်ကို ရောက်လာခဲ့တာလဲ။သူ့ရဲ့ အထူးအော်ဒါကရောဘာလဲ။ဘာလို့ သူ့ရဲ့ အိတ်ကို Dave Slatin ဆီမှာထားခဲ့တာလဲ။”
*************************************************************
နောက်တစ်နေ့မှာတော့ ဘောလုံးပွဲရှိတယ်။Mr.Hart က လူ ဆယ်ယောက်လောက် ကို ဖိတ်ထားတာလေ။ Anna က အားပေး တဲ့ ပရိတ်သတ် မဟုတ်ပေမယ့် Mr. Hart ကို မီးဖိုချောင် ထဲမှာ ကူညီနေပါတယ်။လ္ဘက်ရည်ဖျော်ပေး နေတယ်လေ။ ဘောလုံးပွဲကတော့ တော်တော် ပွဲကောင်းပဲ ။ အားလုံးကလည်း ကြည့်လို့ကောင်းနေတာလေ။ ပွဲတစ်ဝက် နားတော့ Peter က မီးဖိုချောင်ထဲကို ၀င်လာတယ်လေ။ “Anna ဘောလုံးပွဲ လာကြည့်လေ ၊လာပါ။”ဟု Anna လက်ကို ဆွဲပြီး ခေါ်သည်။ Anna က ရယ်မောလျက်”ကျွန်မ ဒီမှာ Mr.Hart ကို ကူညီနေတာ။ လ္ဘက်ရည် ဖျော်နေတယ်လေ။ ၀ါသနာပါရင် ယူသွားပေးလေ။”
Peter။  ။”ယူသွားပေးမယ်။ ဘောလုံးပွဲက တော်တော် မိုက်တာ။ ဘောလုံးသမား Mike Bailey ကတော်တော် ဂိုးသွင်းထားပြီ။”
Peter ကတော့ လ္ဘက်ရည်ကို ဧည့်ခန်းထဲကို ယူသွားပေးတယ်လေ။ ဘောလုံးပွဲ ဒုတိယပိုင်းကလည်း ပြန်စပြီလေ။ Mike Biley က ဒုတိယပိုင်း မိနစ်နှစ်ဆယ် ကစားပြီးနောက်မှာ နောက်တစ်ဂိုး ထပ်သွင်းနိုင်ခဲ့တယ်။ ရမှတ်ကတော့ ၂ဂိုး ၀ ဖြစ်နေတာပေါ့။ တစ်ဘက် အသင်းနဲ့ ယှဉ်ရင်လေ။ နောက်တော့ တစ်ဘက် အသင်းကလည်း ၂ဂိုးကို မြန်မြန်ဆန်ဆန်သွင်းနိုင်ခဲ့တယ်။ ၂-၂ ပေါ့။ ဘောလုံးပွဲပြီးဖို့ကလည်း ငါး မိနစ်ပဲ ကျန်တော့တယ်။
Peter။  ။”သွင်းစမ်းပါ။နောက်တစ်ဂိုးလောက်သွင်းစမ်းပါ Mike!!”
Peter ကတော့ အားရပါးရ ကို အားပေးနေတယ်လေ။ နောက်ဆုံး စက္ကန့် အနည်းငယ်လောက်ကျန်တဲ့ အချိန်မှာ Mike Biley က နိုင်အောင်လုပ်သွားနိုင်တယ်လေ။ တတိယ ဂိုးကို သွင်းနိုင်ခဲ့လို့ပေါ့။ ဒါပေမယ့် တစ်ခုခုတော့ ဖြစ်သွားခဲ့တယ်။တဘက် အသင်းက ဂိုးဖမ်းသမားက ဒဏ်ရာရသွားတယ်လေ။Mike က ဂိုးသမားနဲ့ နီးနီးမှာ ရှိပြီး ဘောလုံးကို ပြင်းပြင်းထန်ထန်ကန်လိုက်ပုံရတယ်။ ဂိုးသမားရဲ့ ဇက်ကို ထိသွားပြီး ဇက် အရိုးကျိုးသွားတယ်လေ။ အဲဒီအချိန်မှာ Mr.Hart နဲ့ အတူ Anna ကလည်း ဧည့်ခန်းထဲကို ၀င်လာခဲ့တယ်။
Anna။  ။”ဘောလုံးပွဲက ဘာဖြစ်သွားတာလဲ။”
Peter။  ။”Brain Thomas၊ဂိုးသမားလေ၊ဇက်ကျိုးသွားတာ။”
တော်တော်ပြင်းထန်ပုံရပါတယ်။အကုန်လုံးက TV ကို ကြည့်နေကြပါတယ်။သူတို့ အားလုံးလည်း Mike Bailey ရဲ့ တတိယ ဂိုးသွင်းတဲ့ ပုံ ကို TV မှာ ပြန်ပြတော့ မြင်နေရတာပေါ့။ တော်တော် ကောင်းတဲ့ ဂိုးပါပဲ။ ဘောလုံးက ဂိုးဖမ်းသမားကို ထိတာကို လည်း မြင်လိုက်တာပါ။ မတော်တဆမှုပါပဲ။
****************************************************************
TV Announcer ။        ။”Mike Biley နဲ့ အင်တာဗျူးကို တိုက်ရိုက်ထုတ်လွှင့်ပေးပါမယ်။”
Interviewer ။  ။”Mike,၃ဂိုးသွင်းထားတဲ့ အတွက် ဘယ်လိုခံစားရပါသလဲ။”
Mike Bailey ကတော့ ဘာမျှ မပြောပါဘူး။ သူ စကားတောင် မပြောနိုင်တော့ဘူး။ပြောဖို့ကြိုးစားနေပေမယ့် တစ်လုံးမျှ ထွက်မလာပါဘူး။ သူအတွက်တော့ အတော် တုန်လှုပ်နေပါတယ်။ အင်တာဗျူးသူက နောက် မေးခွန်းတစ်ခု ကို ကြိုးစားပြီး မေးပါတယ်။
Interviewer။   ။ “တတိယဂိုးနဲ့ ပတ်သက်ပြီးသိပါရစေ Mike။ တော်တော် ကောင်းတဲ့ ကန်ချက်ပါပဲ။ ဒါပေမယ့် Brain Thomas ဒဏ်ရာရသွားတာနဲ့ပတ်သက်လို ခံစားချက်လေး သိပါရစေ။”
တော်တော်ဆိုးတဲ့ မေးခွန်းပါပဲ။ ဒဏ် ရာ ရသွားတဲ့ ဂိုးသမားက ဘောလုံးကို ဘယ်တော့မှ ပြန် မကစားနိုင်တော့ပါဘူး။Mike Bailey ကလည်း တစ်လုံးမှ ပြန် မဖြေနိုင်ခဲ့ဘူး။ သူ့ ကြည့်ရတာ အဖျားတက်နေတဲ့ ပုံစံပဲလေ။ Interview ပြီးသွားတဲ့ အချိန်မှာ Mr.Hart က TV ကို ပိတ်လိုက်တယ်။ Anna မရှိတော့ဘူး ဆိုတာကိုတော့ဘယ်သူမျှ သတိမပြုမိဘူး။ TV ထဲက Mike Bailey က ကြောက်နေသလို Anna လည်း တော်တော် ကြောက်နေတယ်လေ။ မနေ့က မှ Mike Bailey ကို လမ်းထောင့်ဈေးဆိုင်မှာ Anna တွေ့ခဲ့တာလေ။
          ************************************************************
          Anna ကတော့ ဘာကို ဘာမှန်း အသေအချာမသိဘူးဖြစ်နေတယ်။သူမက အခုမှ ၁၇ နှစ်လေ။ ဒါပေမယ့် တစ်ခါတစ်လေ သူမ အသက်အိုမင်းနေတယ်လို့တောင်ခံးစားနေရတယ်။ သူမ Dave ကို Mike Bailey နဲ့ Greta Gordon အကြောင်းမေးချင်နေတယ်။ အထူးအော်ဒါ ဆိုတာ ဘာတွေလဲဆိုတာလဲသူမ သိချင်နေတာပေါ့။ သူမ သိရဖို့ အချိန် အတိုင်းအတာ တစ်ခုတော့ စောင့် လိုက်တယ်။
တစ်နေ့မှာတော့ ဆိုင်မှာ လူရှင်းတဲ့ အချိန် Dave နဲ့ Anna နှစ်ယောက်တည်းရှိနေခိုက်…
Dave ။ ။”Peter ရော ဘာတွေလုပ်နေလဲ။”
Anna။  ။”ဘောလုံးပဲ ကန်နေတယ်လေ။”
Dave။  ။”Anna သူနဲ့ သိပ်မတွေ့ဖြစ်သလိုပဲနော်”
Anna။  ။”တစ်ပတ်ကို သုံး၊လေး ကြိမ် လောက်တော့ တွေ့ဖြစ်ပါတယ်။”
Dave။  ။”စနေ၊တနင်္ဂနွေရော”
Anna။  ။”အဲဒီနေ့တွေမှာ သူက ဘောလုံးကန်နေတယ်လေ။”
Dave က ရယ်မောပြီး Anna ကို သဘောကျလျက်ရှိနေသည်။
Dave။  ။”မင်းက ဘယ်တော့ လက်ထပ်မှာလဲဟင်။”
Anna။  ။”လောလောဆယ်တော့ မဆုံးဖြတ်ရသေးပါဘူး။နောက်နှစ်မှပဲ ဖြစ်မလားမသိဘူး။”
Dave။  ။”ဘာဖြစ်လို့ နောက်ကျမှ လက်ထပ်မှာလဲ။”
Dave က Anna ကို ပြုံးပြသည်။ Anna ရင်တွေခုန်လာတယ်။ စိတ်တွေလည်း တအားလှုပ်ရှားနေတယ်။ ဘာကြောင့်ဆိုတာကိုတော့ သူမသေသေချာချာ မသိပါဘူး။Dave က Anna ရဲ့ မျက်လုံးလေးကို အသေအချာ စိုက်ကြည့်လိုက်ပါတယ်။
Dave။  ။”အရမ်းပျင်းနေတယ်မှတ်လား။ ”
Anna။  ။”အင်း..”
Dave။  ။”ကိုယ်နဲ့ အတူ London ကို လျှောက်လည်ရအောင်လေ။”
Anna။  ။”London!!!!!!!”
Anna ကတော့ စိတ်လှုပ်ရှားတာပေါ့။ ဒါပေမယ့် Peter ကို အားနာနေတယ်လေ။
Anna။  ။”Peter……”
Dave။  ။”အဲဒါတွေစဉ်းစားမနေပါနဲ့။ လျှောက်လည်ရုံပဲလေ။ မင်းကြိုက်တဲ့ ရုပ်ရှင်လည်း လိုက်ပြမယ်လေ။လိုက်ခဲ့။”
Anna ကတော့ ဘာမျှ ပြန်မပြောဘူး။ဒါပေမယ့် ချက်ချင်းဆိုသလို သူမ အကြံတစ်ခုရသွားတယ်။
Anna။  ။”အဲဒါဆို သိချင်တာ ပြောပြရင် လိုက်ခဲ့မယ်။”
Dave။  ။”ဘာကို သိချင်တာလဲ။”
Anna။  ။”အထူးအော်ဒါနဲ့ပတ်သက်ပြီး သိချင်တယ်။”
Dave။  ။”တော်တော်ပါးနပ်တာပဲ။မင်းက ရွာသူ၊ ဒါပေမယ့် တော်တော်ပါးနပ်တယ်။”
Anna။  ။”ရွာသူတွေက မမိုက်မဲဘူး။ ကျွန်မ အထူးအော်ဒါနဲ့ ပတ်သက်ပြီးသိချင်တယ်။”
Dave က တော်တော် စိတ်တိုလာသည်။ဒေါသ တွေဖုံး ပြီး အောင့်အီးနေရသည့်ပုံပေါက်သည်။
Dave။  ။”မေးခွန်း၁ခုပဲ၊ ၁ခုပဲမေး”
Anna ။ ။”အင်း ..။မအော်နဲ့နော်။ ဘာလို့ လူတွေက ရှင့်ကို မှလာတွေ့တာလဲ။”
Dave။  ။”အကူအညီလိုလို့လာကြတာလေ။ငါက အဲဒီလိုအပ်တဲ့ အကူ အညီ ကို သူတို့ကို ပြန်ရောင်းတာပေါ့။ဒါပါပဲ။”
Anna က နားမလည်ပါဘူး။
Anna။  ။”ဘယ်လို အကူ အညီမျိုးလဲ။”
Dave။  ။”မေးခွန်း၁ခုပဲမေး လို့ ပြောထားတယ်လေ။ မင်း အဖြေကို ငါ ဖြေပြီးပြီ”
Dave က Anna ကို အော် ငေါက် လိုက်ပါတယ်။ သူမ ဘာမျှ ထပ် မပြောတော့ပါဘူး။သူမနဲ့ Dave နဲ့က သဘောတူညီမှု လုပ်ထားတာကိုး။ Anna ကမေးသလိုDave ကလည်း ပြန် ဖြေပြီးပြီလေ။ သူမ သူနဲ့ အတူ London ကို သွားရဦးမှာပေါ့။
*****************************************************************
Anna ကတော့ တော်တော်ပျော်နေပါတယ်။ သူတို့ London ကို ရောက်နေကြပြီလေ။ ဈေးတွေလည်း လျှောက်ဝယ်ကြတယ်။အပန်းဖြေ စခန်းတွေလည်း ရောက်တယ်။ သူ အရမ်း ကြိုက်တဲ့ ရုပ်ရှင်လည်း ကြည့်ရတယ်လေ။သူတို့ Woodend ကို တနင်္ဂံနွေ ညဘက်မှာ ပြန်ရောက်လာကြတယ်။တနလာင်္ံနေ့ နံနက်မှာ Anna ကတော့ ပုံမှန် အတိုင်း ဆိုင် ဖွင့် နေပြီပေါ။ အဲဒီအချိန်မှာ Peter ရောက်လာပြီး
Peter။  ။”Anna ၊ မင်း မနေ့က Dave ကားပေါ် မှာ ပါသွားတာ ငါ တွေ့လိုက်တယ်။”
Anna။  ။”အင်း ၊အဲဒါက London ကို သွားလည်…”
Peter။  ။”တော်စမ်း Anna။ငါ မသိချင်ဘူး။မင်းငါ့ကို အဲဒီအကြောင်းမပြောနဲ့တော့။သူက ငါ့ထက်စာရင် ပိုက်ဆံ အများကြီးရှိတယ်။ မင်းကို နေရာစုံလိုက်ပို့နိုင်တယ်။ သူက မြို့ကြီးသား၊ငါကတော့ရွာသား။Anna မင်းရွေးလို့ရပါတယ်။ငါတို့ နှစ်ယောက်ထဲက တစ်ယောက်ကိုပေါ့။ဒါပေမယ့် မင်း နှစ်ယောက်လုံးကိုတော့ရွေးလို့မရဘူးနော်။”
Anna။  ။”Peter ငါ နင့်ကို Dave အကြောင်းပြောချင်နေတာ။ သူတစ်ခုခု ထူးဆန်းနေတယ်။”
Peter။  ။”Dave!Dave!Dave! နင် သူ့ အကြောင်းမပြောရရင် မနေနိုင်ဘူး။ ငါ သူ့ နာမည် ထပ် မကြားချင်ဘူး။”
Peter ဒေါ ကြီးမောကြီးနဲ့ လမ်းထောင့်ဈေးဆိုင်လေးကနေ ထွက်သွားပါတော့တယ်။
Anna က အခု တော့ တစ်ယောက်တည်းပါပဲ။ သူမက တော်တော်စိတ်မကောင်းဖြစ်ကျန်ခဲ့ရပါပြီး။ Peter ကို ပြောပြချင်တာတွေအများကြီးပါ။ Greta Gordon နဲ့ Mike Bailey အကြောင်းပေါ့။ဒါပေမယ့် Peter ကတော့ သူမကို ထားပြီး ထွက်သွားပြီလေ။
**********************************************************
အောက်တိုဘာလဆိုတော့ အလွန်အေးပြီးစိုစွတ်တဲ့ရာသီပေါ့။ Anna ကတော့ ဆိုင်မှာ သိပ် အလုပ်မများလှပါဘူး။သူမ စိတ် မပျောရွှင်ဘူး။ သူမက တစ်ခြားမိန်းကလေး တွေလိုမဟုတ်ပဲ ပို ပြီး အိုစာ လာတယ်လို့တောင်ထင်ရတယ်။ အလည်အပတ် လည်း သိပ် မသွားတတ်ဘူး။ သူမကြည့်ရတာ နေမကောင်းနေသလိုပါပဲ။ ရွာခံတွေက တော့ သိကြတာပေါ့။ Anna နဲ့ Peter ရန်ဖြစ်ထားတယ်ဆိုတာလေ။ Anna က Dave နဲ့ London ကို လိုက်သွားတဲ့ အတွက်ကြောင့်ဆိုတာကိုရောပေါ့။ သူမကို ဘယ်သူကမှ ကူညီပေးလို့ မရဘူးဖြစ်နေတယ်လေ။ သူမအခု ဘယ်သူ့ကို မျှ စကားမပြောဘူး။ ဒီကိစ္စ မဖြစ်ခင် အရင်ကတော့ သူမက အမြဲ ပြုံးနေခဲ့တာပေါ့။ အခုတော့ သူမ ၀မ်းနည်းပြီး အထီးကျန်နေရပါပြီ။ သူမက လမ်း ထောင့်ဈေးဆိုင်လေး ကိုတော့ မပျက်မကွက် သွားဖြစ်ပြီး နောက်ထပ် အထူးအော်ဒါ မှာမည့်သူတစ်ယောက်ကို စောင့်မျှော်နေတာပေါ့။ ဒါပေမယ့် သူမ သိပ်မစောင့်လိုက်ရပါဘူး။ ထမင်းစားချိန်လောက်မှာ သက် လတ်ပိုင်းအရွယ်လောက် လူတစ်ယောက်က ၀င်လာခဲ့တယ်။ သူက လူကောင် ကြီးကြီး မားမားနဲ့ နှုတ်ခမ်းမွှေး ရှိတဲ့လူ။အ၀တ် အစားကောင်းတွေနဲ့။အိတ် အကြီးကြီးတစ်လုံးလဲပါသေးတယ်။
ထို လူကြီးက သူမကို “မင်္ဂံလာပါ” ဟု ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပါသေးတယ်။
Anna။  ။”ဟုတ်ကဲ့၊ မင်္ဂံလာပါရှင်။ဘာ အကူ အညီပေးရပါမလဲရှင်။”
လူကြီး။ ။”ကျွန်တော် Mr.Slatin နဲ့တွေ့ချင်လို့ပါ ခင်ဗျာ။”
Anna။  ။”ကုန်ရောင်းကုန်ဝယ် လုပ်တဲ့သူ ပါလားရှင်။”
သူမသိပါတယ်။ထိုလူကြီးက ကုန်ရောင်းကုန်ဝယ်လုပ်တဲ့သူ မဟုတ်ဘူးဆိုတာကိုလေ။အဲလို လူမျိုးနဲ့လည်း မတူပါဘူး။ ဒါပေမယ့် သူမက အဲဒီလူကြီးနဲ့ စကားပြောချင်လို့လေ။
လူကြီး။ ။”ဟုတ်ကဲ့။ ကျွန်တော်က ကုန်ရောင်းကုန်ဝယ်လုပ်တဲ့သူပါပဲခင်ဗျာ။”
သူ လိမ်လိုက်တယ်ဆိုတာကို Anna ကတော့ သိလိုက်ပါတယ်။
Anna။  ။”ကျွန်မက ကုန် ရောင်းကုန်ဝယ် အတွက် စကားပြောနေကြပါရှင် ၊ကျွန်မနဲ့ပြောလို့ရပါတယ်။ကျွန်မ ကူညီနိုင်ပါတယ်ရှင်။”
Anna က မသိသလို ဟန်ဆောင်၍ ပြောဆိုလိုက်သည်။ သူမက အဲဒီလူကြီးရဲ့ အိတ်ကို လည်း ကြည့်လိုက်သေးတယ်။ အဲဒီအိတ်ပေါ် မှာ စာတချို့ပါတယ်လေ။ “A.R.    I.C.S” ဟု ရိုက်နှိပ်ထားသည်။
လူကြီး။ ။”ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် က ကြိုတင် ချိန်းဆိုထားပြီးသားပါ။ London ကနေ လာရတာပါ ။ Mr.Slatin နဲ့ တွေ့မှကို ဖြစ်မှာပါ။”
Anna။  ။”ဟုတ်ကဲ့ ၊ ကျွန်မ ဘယ်သူလို့ပြောပေးရမလဲရှင်။”
လူကြီးက ပြုံး၍
လူကြီး။ ။”Roberts,….Arthur Roberts”
Anna က Dave ကို အကြောင်းကြားပေးပြီးနောက် Dave က ဈေးဆိုင်ရဲ့ ရှေ့ နားကို ထွက်လာခဲ့တယ်။
Dave။  ။ “မင်္ဂံလာ နံနက်ခင်းပါ။ တွေ့ရတာဝမ်းသာပါတယ်။ Mr. Riseman”
Anna က အသေအချာကို လိုက်၍ နားထောင်နေလေ၏။ Riseman!Riseman! ပြောခဲ့တုန်းကတော့ Roberts ။ဘယ်လောက်တောင် လိမ်ချင်နေတာလဲ။ Anna ရဲ့ စိတ်ထဲ တွင် တတွတ်တွက် တုံ့ပြန်သံတို့ ဆူညံနေသည်။ ထိုလူကြီးကလည်း Anna ကို စေ့စေ့ ပြန် မကြည့်ရဲပေ။
လူကြီး။ ။”ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ။”
Dave။  ။”ဟုတ်ကဲ့ အဲဒါဆို ကျွန်တော်နဲ့လိုက်ခဲ့ပါခင်ဗျာ။”
Mr.Riseman ကတော့ Dave နဲ့အတူ အထူး အမှာစာများအတွက်သာ ဆိုတဲ့ အခန်းထဲသို့ ၀င်သွားလေပြီ။
တစ်မိနစ်လောက်ကြာတော့ Dave ထွက်လာခဲ့ပြီး
Dave။  ။”ထမင်းစားချိန်ဆိုတော့ အိမ်ပြန်တော့နော် ၊Anna”
Anna ။ ။”ရပါတယ်၊ကျွန်မ ခဏလောက်နေမှသွားပါမယ်။”
Dave က အထူး အမှာစာများအတွက်သာ ဆိုတဲ့ အခန်းထဲသို့ ပြန်ဝင်သွားသည်။ Anna ကတော့ မပြန်ပါဘူး။ စောင့်နေတုန်းပေါ့။ ပြီးတော့ စာရွက်ထဲမှာ မှတ်ထားလိုက်တယ်။ A.R.    I.C.S. သူမ နားလည် သလိုတော့ ရှိသွားသည်။ Arthur Riseman A.R. လေ။ ဒါပေမယ့်  I.C.S ဆိုတာက ဘာလဲ သူမ မသိဘူး။ တစ်နာရီခွဲလောက်မှာတော့ စကားပြောသံ တစ်ချို့ကိုစကြားရတယ်။ Mr.Riseman ကလည်း ပြန်တော့မှာပေါ့။
Dave။  ။”ကျေးဇူးတင်ပါတယ်။Mr.Riseman”
Mr.Riseman။   ။”ကျွန်တော့်ကို ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။”
Dave။  ။”ရပါတယ်။ ကျွန်တော့် ဆိုင်ဝန်ထမ်း မရှိဘူး။ အေးအေး ဆေးဆေး ပြန်နိုင်ပါပြီခင်ဗျာ။”
Dave ကတော့ အပေါ်ထပ်ကို တက်သွားလေရဲ့။ Mr.Riseman ကတော့ ဆိုင်ရှေ့နားကိုရောက်လာပြီပေါ့။Anna ကတော့ တိတ်တိတ်လေး ထိုင်နေတာပေါ့။Mr.Riseman က Anna ကို မြင်တော့ လန့်သွားပြီး
Mr.Riseman။   ။”အိုး….ကျွန်တော်က ခင်ဗျားအိမ်ပြန်သွားပြီ အောက်မေ့တာ။”
Anna။  ။”မပြန်ပါဘူး။ကျွန်မဒီနေ့ ထမင်းကို ဆိုင်မှာပဲစားမလို့ ဆုံးဖြတ်ထားတယ်။”
Anna နဲ့ Mr.Riseman တို့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်။ နှစ်ယောက်လုံးက တစ်ဦးကို တစ်ဦး တင်းမာစွာနဲ့ပေါ့။တိတ်ဆိတ်ငြိမ်သက်ခြင်းကလည်း သူတို့ နှစ်ဦးကြားဝင်ရောက်လို့လာတယ်။ ဒါပေမယ့် Anna ကပဲ စပြီး ပြောပါတယ်။
Anna။  ။”ပေါင်မုန့်လေး ဘာလေး ၀ယ်ပါဦးလား Mr.Roberts”
Mr.Riseman။   ။”Riseman၊ ကျွန်တော့်နာမည်က Riseman ပါ”
Anna ကပြုံးပြီး
Anna။  ။”သြော် ဟုတ်ကဲ့ရှင့်။ ရွာရဲ့ ထွက်ကုန် ပေါင်မုန့်လေးတွေ အားပေးပါဦးလားရှင်”
Mr.Riseman။   ။”အရသာ ရှိမယ့်ပုံပဲ။အိမ်က အမျိုးသမီး စားဖို့ ၀ယ်သွားပါ့မယ်ခင်ဗျာ။”
Anna။  ။”ပေါင်မုန့်ကို အိတ်ထဲထည့်လို့ရတာပဲနော်။”
Mr.Riseman။   ။”ကျွန်တော့်မှာ အိတ်ပါမလာပါဘူးခင်ဗျာ။”
Anna။  ။”ရှင်မေ့နေတာထင်တယ်။ကျွန်မသွားယူပေးမယ်။”
Anna က ဆိုင်နောက်ဘက်ခန်းသို့ ခြေဦးလှည့်၍ သွားသည်။ Mr.Riseman က သူမ ရှေ့တွင် ၀င်ရပ်၍ သူမရပ်လက်ကို ဆွဲထားလိုက်သည်။ သူက တော်တော် သန်မာသော လူတစ်ယောက်ပါတည်း
Mr.Riseman။   ။”’ဒီမှာ မင်း နားထောင်။ငါ အဲဒီအိတ်ကို မလိုချင်ဘူး။ အဲဒီမှာပဲထားလိုက်။”
Anna။  ။”ကောင်းပြီ။ ရှင်ကျွန်မကို လွှတ်လိုက်။ ကျွန်မလက်တော်တော်နာနေပြီ။”
Mr.Risemanက Anna ကို လွှတ်ပြီး ခပ်သုတ်သုတ်ထွက်သွားပါတော့တယ်။ ၀ယ်ထားတဲ့ပေါင်မုန့်ကိုလည်း သူ မသယ်သွားဘူးလေ။ Anna ကတော့ ထိုသူ ရဲ့နောက်ကျောကို ကြည့်ပြီးကျန်ခဲ့တာပေါ့။သူမရဲ့လက်တွေကတော့ နောက်ထပ် ၅မိနစ်လောက်ထိကို နာကျင်နေတုန်းပါပဲ။
****************************************************************
Anna ကတော့ Mr.Riseman နဲ့ပတ်သက်ပြီးတော့ သတင်းတစ်ချို့ကို စောင့်မျှော်နေတာပေါ့။ သူမ Greta Gordon ကို လည်း မမေ့နိုင်ဘူး။ ဆိုင်ကို လာပြီးသိပ်မကြာဘူး ၊ သူမရဲ့ သတင်းတွေကို မဂ္ဂဇင်းထဲမှာတွေ့ရတယ်။Mike Bailey ဆိုင်ကို ရောက်တယ်။ နောက်နေ့တော့ သူ့သတင်းကို TV မှာတွေ့ရတာပဲ။ဒါကြောင့် Anna ကလည်း Mr.Riseman နဲ့ ပတ်သက်တဲ့ သတင်းတွေ ရှိလာလိမ့်မယ်လို့ယုံကြည်နေတယ်လေ။ သူတို့သုံးယောက်လုံးက အထူးအော်ဒါမှာယူသူတွေလေ။ သူတို့အားလုံးက Dave ကို တွေ့ဖူးသလို အထူးအော်ဒါ အမှာစာများအတွက်သာ ဆိုတဲ့ အခန်းထဲကို လည်း ရောက်ဖူးကြတယ်။ Dave ဆီမှာလည်း သူတို့ရဲ့ပစ္စည်းတစ်ခုခုကို ထားသွားခဲ့ကြတယ်။ Anna ကတော့ တစ်ယောက်တည်းတွေးနေတယ်။ Mr.Riseman က စီးပွားရေးသမားတစ်ယောက်ဖြစ်ရမယ်။ I.C.S ကတော့ သူ့ရဲ့ company နာမည် ဖြစ်မှာပေါ့။Anna တစ်ယောက် သတင်းစာထဲမှာရှာကြည့်တယ်။ I.C.S နဲ့ ပတ်သက်ပြီးတော့ ဘာတစ်ခုမျှ မတွေ့ဘူး။ magazine တွေလဲ ဖတ်တယ်။ radio လည်း နားထောင်တယ်။ TV လည်း ကြည့်တယ်။ ဒါပေမယ်။ I.C.S နဲ့ပတ်သက်ပြီး ဘာသတင်းမှ မကြား။
          သူမအကြံတစ်ခုရသွားတယ်။သူမ လန်ဒန်ကို သွားပြီး Arthur Riseman ကို ရှာမယ်ပေါ့။
သောကြာနေ့ မနက်စောစောမှာပေါ့။ ဆိုင်ပေါက်ဝမှာ စာတစ်စောင်ထားခဲ့တယ်။

“Dave ဒီနေ့ ဆိုင်ကို မလာနိုင်တော့ဘူး။ Lidney ကို သွားမှာမို့ပါ။ မင်္ဂံလာဆောင်အတွက် ပစ္စည်းလေးတွေဝယ်စရာရှိလို့ပါ။”

          ဒီစာက အမှန်တရားတော့ မဟုတ်ပါဘူး။ Anna က Lidney ကို သွားတယ်။ အဲဒီကမှတဆင့် ရထားစီးပြီး London ကို ဆက်သွားတယ်လေ။ သူမရထားပေါ်ကဆင်းလာတော့ တယ်လီဖုန်းဆက်ဖို့ အတွက် Phone Box တွေ မအားသေးလို့ စောင့်နေတယ်။ သူမ I.C.S ဆိုတဲ့ စာကို ကြော်ငြာမှာသွားတွေ့တယ်။ တော်တော် ကောင်းတဲ့ ကြော်ငြာပါပဲ။ သူမကတော့ သူမရဲ့ ပြဿနာအတွက် အဖြေတွေ့ဖို့ နီးလာပြီဆိုတာ ကို သိလိုက်တယ်။International Computer Service , I.C.S ၊ Mr.Riseman အလုပ်ရဲ့ company ဖြစ်လိမ့်မယ်။ Phone Box အားတော့မှ သူမ ၂၂၂၈၉၅၉ ကို ခေါ် ကြည့်တယ်။
“I.C.S ကပါ ရှင်။ ” ဆိုတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။
Anna။  ။”ဟုတ်ကဲ့။ ကျွန်မ Mr.Riseman နဲ့ စကားပြောချင်ပါတယ်။Mr.Arthur Riseman ပါ ရှင်။ သူ အဲဒီမှာ အလုပ်လုပ်တယ်ထင်ပါတယ်ရှင်။”
The woman။  ။”အလုပ်လုပ်တယ်။ ဟား…ဟား…ဟား…ဟား။သူက ကျွန်မတို့ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌပါ။ခဏစောင့်ပါနော်။ကျွန်မ အတွင်းရေးမှူးးကိုပြောပေးပါ့မယ်။”
သိပ်မကြာလိုက်ပါဘူး။ နောက် အမျိုးသမီးတစ်ယောက်ရဲ့ အသံ ပြောင်းသွားတယ်။
“Mr.Riseman ရဲ့ အတွင်းရေးမှူးပါရှင်။သူအခု အစည်းအဝေးတက်နေပါတယ်ရှင် ။နောက်နာရီဝက်လောက်ဆိုရင် Switzerland ကို လေယာဉ်နဲ့ စတင်ထွက်ခွာမှာဖြစ်လို့  message ထားခဲ့နိုင်ပါတယ်ရှင်။” ဟု Mr.Riseman ရဲ့ အတွင်းရေးမှူးကပြောပါသည်။
Anna။  ။” အဲဒါဆိုရင်တော့ နောက်တစ်ပတ်လောက်မှပြန်ဆက်ပါမယ်ရှင်။“
Anna က Mr.Riseman ရဲ့ ကုမ္ပဏီ ကိုတော့ ရောက်ခဲ့တယ်။ ဒါပေမယ့် Mr.Riseman နဲ့တော့ စကားမပြောခဲ့ရပါဘူး။ သူမ တစ်နေ့ခင်းလုံး လန်ဒန်မှာပဲ ကုန်ဆုံးခဲ့တယ်။ရုပ်ရှင်တော့ ကြည့်ချင်ပေမယ့် ကော်ဖီဆိုင်သေးသေးလေး မှာပဲ ကောဖီ သောက်နေလိုက်တော့တယ်။ 6နာရီ ခွဲလောက်မှာ သူမ London ကနေ ရထားနဲ့ ပြန်လာခဲ့တယ်။ သူမ က ညနေခင်း သတင်းစာ တစ်စောင်ကိုဝယ်ပြီး ရထားပေါ် တက်လိုက်တယ်။ သူမတော်တော်ကြီးကို မောပန်းနေပါပြီ။ ဒါပေမယ့် သူမတော်တော်ပျော်ရွှင်သွားပါတယ်။ သူမသတင်းစာကို ကြည့်လိုက်တဲ့ အချိန်မှာ သူမ စောင့်နေတဲ့ သတင်းတစ်ခုကို တွေ့လိုက်ရလို့ပါပဲ။
****************************************************************
Evening Standard
ကိုယ်ပိုင် လေယာဉ်တစ်စီး လန်ဒန် မြို့ အနီးတွင် ပျက်ကျ
ICS မှ ၆ဦးသေဆုံး
        ဒီနေ့နေ့လည်အချိန် ကိုယ်ပိုင်လေယာဉ်တစ်စီး လန်ဒန်မြို့ အနီးမှာ ပျက်ကျခဲ့ပါတယ်။ ထိုလေယာဉ်မှာ Switzerland ကို သွားမည့်လေယာဉ်ဖြစ်ပြီး သေဆုံးသူ ၆ဦးလုံးဟာ International Computer Service (I.C.S)မှဖြစ်ပါတယ်။ အဲဒီသေဆုံးသူ ခြောက်ဦးထဲမှာ ဥက္ကဋ္ဌ Mr.Albert Gluck ပါ ပါသွားပါတယ်။
          Mr.Arthur RiseMan ရဲ့ ပြောကြားချက်တစ်ချို့ကို တင်ပြထားပါတယ်။
Mr.Arthur Risemanး “ကျွန်တော်က ဒီနေ့ အစည်းအဝေးခန်းမထဲကို ရောက်နေပြီး အချိန်မမီတော့တာနဲ့ အဲဒီလေယာဉ်ကို မစီးဖြစ်ခဲ့တာပါ။ ကျွန်တော် အတော်ကံကောင်းခဲ့တာပါ။”
Mr.Riseman ဟာ ကံကောင်းစွာနဲ့ I.C.S ကုမ္ပဏီရဲ့ ဥက္ကဋ္ဌရာထူးကို ရရှိသွားပါပြီ။

****************************************************************
(ဘာသာပြန်သူ-ရွှေပိုးကောင် ၊ Norman Whitney ၏  The Stranger ကို ဆီလျော်အောင် ဘာသာပြန်သည်။)

No comments:

Post a Comment