Pages

Thursday, July 19, 2012

ဖန်ဘူးလေး


         
ကျွန်တော် မှတ်မိသလောက်၊ ကျွန်တော့် မိဘတွေ အခန်းထဲက ဗီရိုဘေးမှာ  အ၀ကျယ် ဖန်ဘူး တစ်လုံးက မားမားမတ်မတ် ရှိခဲ့တယ်လေ။အဖေက အိပ်ရာဝင်ခါနီးဆိုရင် သူ့ အိတ်ထဲက ပိုက်ဆံတွေကို ထုတ်ပြီးသိမ်းလေ့ ရှိတယ်။မသိမ်းခင် မှာ အကြွေစေ့ အနည်းငယ်ကို အဲဒီ ဖန်ဘူးကြီးထဲ ကို အမြဲထည့်တယ်လေ။အဲဒီ အကြွေလေးတွေ ဖန်ဘူးထဲရောက်တဲ့အခါ မြည်သွားတဲ့ အသံလေးကို ကျွန်တော်ငယ်ငယ်က အရမ်းနှစ်ခြိုက်ခဲ့တာပေါ့။ ဖန်ဘူးထဲ ဘာမျှ မရှိတဲ့ အချိန်မှာထည့်လိုက်ရင် အသံလေးက သိပ်သာယာတယ်။ အကယ်၍ များ ဖန်ဘူးလေး ပြည့်သွားချိန်မှာတော့ အကြွေစေ့ ကျသံလေးက ခပ်ထိုင်းထိုင်း နဲ့ သိပ် နားဝင် မချိုတော့ပါဘူး။ နေရောင်ခြည် ကနေ ဖြတ်ပြီး အခန်းထဲကို ၀င်လာချိန် အဲဒီဖန်ဘူးလေး ရှေ့ မှာ ဆောင့်ကြောင့်ထိုင်ပြီး ပင်လယ်ဓားပြရုပ်ရှင်ကားထဲက ရတနာတွေ အမှတ်နဲံ တောက်ပနေတဲ့ ကြေးနီ နဲ့ ငွေ အ၀ိုင်းပြားလေးတွေကို မက်မက်မောမော ကြည့်နေခဲ့တယ်။
          အဲဒီဖန်ဘူးလေးပြည့်ပြီဆိုရင်  အဖေက ထမင်းစား စားပွဲမှာ ထိုင်ပြီး အဲ့ ဒီ အကြွေစေ့လေးတွေကို လှိမ့်ပါသေးတယ်။ ပြီးမှာ ဘဏ်ကို ပို့ပါတယ်။ ဘဏ်ကိုပို့တယ်ဆိုတာကတော့ ကြီးမားတဲ့ ထုတ်လုပ်မှုကြီးပါပဲ။ အဖေ နဲ့ ကျွန်တော့်ရဲ့ကြားမှာ အကြွေစေ့ တွေကို ထားပြီး အဖေရဲ့ ထရက်ကားအဟောင်းလေးနဲ့ပဲသွားကြပါတယ်။ အဲဒီ အချိန်တိုင်းကျွန်တော်တို့ ဘဏ်ကို အတူတူ သွားဖြစ်ကြတယ်။ အဖေက ကျွန်တော့်ကို မျှော်လင့်ချက်ကြီးစွာနဲ့ ကြည့်ပြီး “သား၊ အဲဒီအကြွေစေ့တွေက မင်းကို ချည်ထည်စက် ကနေ ဆွဲထုတ်သွားမယ့်အရာတွေပဲ၊ မင်းက အမြဲတမ်း အဖေထက်တော်တဲ့ သားဖြစ်ရမယ်။“ ။ ချည်စက် အိုကြီးရှိတဲ့မြို့ ကလည်း မင်းကို ဘယ်တော့မှ ဆွဲမထားစေရဘူး။  ဘဏ်ရဲ့ ကောင်တာက စာရေးကို အကြွေစေ့တွေအပ်ပြီးတဲ့ အချိန်တိုင်းမှာလည်း “ဒီပိုက်ဆံတွေက ကျွန်တော့်သားလေး ကောလိပ်တက်ဖို့လေ၊ သူက ဘယ်တော့မှ ကျွန်တော့်လိုတစ်ဘ၀လုံး ချည်စက် မှာပဲ မကုန်ဆုံးစေရဖူး။“။ ဘဏ်မှာငွေအပ်တဲ့ အထိမ်းအမှတ်အဖြစ် ကျွန်တော်နဲ့ အဖေ ရေခဲမုန့် ၀ယ်စားကြတယ်လေ။ ကျွန်တော်ကတော့ ချောကလက် ၊ အဖေကတော့သီးစုံပေါ့။ ရေခဲမုန့်ဆိုင်က အကြွေပြန်အမ်းတဲ့ အခါ သူ့လက်ကြားမှာညှပ်ထားတဲ့ အကြွေလေးကို အမြဲကျွန်တော့်ကိုပြတယ်လေ။ “အဖေတို့ အိမ်ရောက်ရင် ဆက်ပြီးဖြည့်ကြစို့။“ လို့လည်းပြောလိုက်သေးတယ်။ ဘာမျှမရှိတဲ့ ဖန်ဘူးထဲ ပထမဆုံး အကြွေစေ့ အား ကျွန်တော့်ကိုထည့်စေပါတယ်။ တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာ ချွင်ခနဲ မြည်လိုက်တဲ့ အသံလေးက အလွန်သာယာပါတယ်။ “သားက ဒီပဲစေ့၊ မူးစေ့၊ မတ်စေ့ လေးတွေ နဲ့ အတူ ကောလိပ်တက်ရမှာ“ လို့ ပြောလေ့ရှိတယ်။
          နှစ်တွေကြာခဲ့ပါပြီ။ ကျွန်တော်ကောလိပ်ပြီးလို့ တခြားမြို့ မှာတောင် အလုပ်ရနေပြီ။ ကျွန်တော့်မိဘ အိမ်ကို ပြန်ရောက်တဲ့အခါမှာ အဖေ့ အိပ်ရ်ာဘေးက ဖုန်းလေးကို သုံးဖြစ်ပါတယ်။ ဖန်ဘူးလေးမရှိတော့ဘူးဆိုတာကို သတိထားမိတယ်။ရည်မှန်းချက်တွေပြည့်စုံလို့ သူ့တာဝန်လဲပြီးဆုံးလေပြီ။ ဖန်ဘူးလေးအမြဲရှိနေတဲ့ ဘီရိုဘေးက နေရာလွတ်ကို ကြည့်ရင်း ကျွန်တော်လည်ပင်းမှာတစ်ဆို့သွားခဲ့တယ်။ အဖေက စကားနည်းသူပါ။ ဇွဲရှိမှု၊ ဆုံးဖြတ်တတ်မှု နှင့် သစ္စာရှိမှုတို့ အကြောင်း ကျွန်တော့်ကို ဘယ်တုန်းကမျှ မသင်ခဲ့ပါဘူး။ အဲဒီ စီးဆင်းနေမယ့် စကားလုံးတွေထက် အကောင်းတွေချည်းပဲဖြစ်လာဖို့ ဖန်ဘူးလေးက ကျွန်တော့်ကို သင်ပေးခဲ့ပါတယ်။
          ကျွန်တော် Susan နဲ့ လက်ထပ်ပြီးတော့ ဖန်ဘူးလေးက ကျွန်တော့်ငယ်ဘ၀ရဲ့ အဓိပါယ် ရှိတဲ့ အစိတ်အပိုင်းတစ်ခု ဆိုတာ ပြောပြခဲ့တယ်။ကျွန်တော့်ရဲ့ဘ၀မှာတော့ အဲဒီ ဖန်ဘူးလေးဟာ တခြားသော အရာတွေထက် အဓိပါယ်သတ်သတ် မှတ်မှတ် ရှိပါတယ်။ အဖေ ကျွန်တော့်ကို ဘယ်လောက်ချစ်လဲ ဆိုတာကို ပြခဲ့တာပေါ့။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ဖြစ်ပါစေ အဖေကတော့ ခေါင်းမာစွာနဲ့ ဖန်ဘူးလေးထဲကို အကြွေစေ့လေးတွေ အမြဲထည့်ခဲ့တာပါ။တစ်ခုသော နွေရာသီမှာ အဖေ ချည်စက် ပေါ်က လိမ့်ကျခဲ့ဖူးတယ်။ အဖေနေမကောင်းမချင်း အမေက ပဲစေ့ အခြောက်ကလေး တွေပဲပြုတ်ပြီး ချွေချွေတာတာ စားကြတယ်။ အဲဒီလို အချိန်မျိုးမှာတောင်မှ ဖန်ဘူးလေးထဲက အကြွေစေ့လေးတွေကို တစ်ပြားတစ်ချပ်မျှ ထုတ်မသုံးခဲ့ရှာဘူး။ အဖေက အကြွေစေ့လေးတွေထုတ်သုံးမယ့် အစား၊ ကျွန်တော့် ပန်းကန်ထဲက ပဲပြုတ်လေးပေါ်ကို ခရမ်းချဉ်သီး sauce လေးစမ်းပေးပြီး ဒီလိုနေရာမျိုးက ကျွန်တော့်ကို ရုန်းထွက်နိုင်စေရန် ဆန္ဒတွေက ပိုမို ခိုင်မာလာပါတော့တယ်။ “သား၊ မင်းကောလိပ်ရောက်ရင် ပဲ စားချင်ရင်တောင် ဘယ်တော့မှ မစားရစေတော့ဘူး။“ ဟု တောက်ပတဲ့မျက်လုံးလေးများနဲ့ ပြောပါတယ်။
          ကျွန်တော့်သမီး Jessica လေးမွေးပြီး ပထမဆုံး Christmas နေ့မှာ အားလပ်ရက် ကို ကျွန်တော့်မိဘတွေနဲ့ ကုန်ဆုံးကြပါတယ်။ ညစာ စားအပြီးမှာတော့ ဧည့်ခန်းက ဆက်တီပေါ်မှာ အဖေနဲ့ အမေက ကပ်လျက်ထိုင်ပြီး သူတို့ရဲ့ မြေးဦးကို တစ်ယောက်တစ်လှည့်စီချီနေကြတာပေါ့။Jessica လေး ငိုတော့မှပဲ Susan က သူမကို အဖေ့လက်ထဲကနေ ပွေ့ချီလိုက်ပါတယ်။“သူမ နဲနဲစိမ်းနေသေးလို့ပါ။အသားကျဖို့လိုဦးမယ်ထင်တယ်“ လို့ Susan ကတော့ပြောပါတယ်။ Susan က Diaper လဲပေးဖို့ သမီးကို ချီပြီး အဖေတို့ အခန်းထဲဝင်သွားတယ်။
          Susan ဧည့်ခန်းထဲကို ပြန်ရောက်လာတဲ့အခါမှာ ထူးခြားတဲ့ အရိပ်ယောင်တစ်ခုကို သူမ မျက်လုံးထဲမှာတွေ့လိုက်ရတယ်။ သူမက Jessica ကို အဖေ့ကို ပြန်ပေးပြီး ကျွန်တော့်ကို အဖေ့ အခန်းထဲကို ခေါ်သွားခဲ့တယ်။ “ဟိုမှာကြည့်ပါဦး။“ ဗီရိုဘေးက နေရာလေးတစ်ခုကို လက်ညှိုးထိုးပြပြီး သူမရဲ့ ပျော့ပျောင်းညင်သာတဲ့ အသံလေးနဲ့ပြောလိုက်ပါတယ်။ ကျွန်တော်အံ့အားသင့်စွာနဲ့၊ အဲဒီနေရာမှာ ဖန်ဘူးလေးရှိနေတယ်။ ဖန်ဘူးလေးအောက်တစ်ဝက်က အကြွေလေးတွေနဲ့ပြည့်လို့ပေါ့။
          ကျွန်တော်ဖန်ဘူးလေးရှိရာကို သွားလိုက်ပါတယ်။ ထို့နောက်ကျွန်တော့်အိပ်ကပ်ထဲကို နှိုက်ပြီး
အကြွေစေ့ လက်တစ်ဆုပ်ကို ကျွန်တော်ထည့်လိုက်တယ်။ အဖေနဲ့ Jessica က တံခါးကို အသာလေးတွန်းဖွင့်ပြီးဝင်လာခဲ့တယ်။ ကျွန်တော်နဲ့ အဖေ အကြည့်ချင်းဆုံသွားလေရဲ့။ ကျွန်တော်တို့ မျက်လုံးတွေရှောင်လွှဲမရခဲ့ပါဘူး။ ကျွန်တော်သိပါတယ်။ အဖေလည်း ကျွန်တော် နဲ့ စိတ်ခံစားချက်ခြင်းတူမယ် ဆိုတာကိုလေ။ အခန်းက တိတ်ဆိတ်နေပေမယ့် ကျွန်တော်တို့ရဲ့ရင်ထဲမှာ အတွေးတွေ ကတော့ ဆက်ကာဆက်ကာ ဖြစ်နေပါတယ်။
ဘာသာပြန်သူ-ရွှေပိုးကောင်၊ (The Pickle Jar from Chicken Soup For The Soul)

No comments:

Post a Comment