Pages

Monday, June 25, 2012

အထူးအိုလံပစ်ပွဲ

အထူးအိုလံပစ်ပွဲ
အထူးအိုလံပစ်ပွဲလေးတစ်ခုမှာ မိန်းမငယ်လေးတစ်ယောက် ဟာ အနိုင်ရရှိသွားတဲ့အတွက် စိတ်လှုပ်ရှားစွာနဲ့ ခုန် ပေါက် နေလေရဲ့။ပြီး တော့ သူ့ မိဘတွေကို လဲ ဂုဏ်ယူစွာနဲ့ လှမ်းပြောလိုက်တယ်။
မိန်းကလေး။ ။သမီး နိုင်ပြီ။အမေ၊ အဖေ သမီးနိုင်ပြီ။
သူမရဲ့ ပျော်ရွှင်မှု ၊အောင်မြင်မှုတွေကို မြင်ရတဲ့ မိဘတွေကတော့ သူမ အသံ ကို ကြားလိုက် ရ ချိန်မှာ ချက် ချင်းဆိုသလိုပဲ ၀မ်းသာလွန်းစို့ပြီး ငိုကြွေးကြတယ်။ဆုပေးပွဲအခမ်းအနားမှာတော့ မိန်းမငယ်လေးဟာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဆုကို လက် ခံ ရယူပြီး သူမရဲ့ ပုခုံးပေါ် ထမ်းတငကာ မိဘ နှစ်ဦး ရှိရာသို့ အပြေးအလွှား သွားခဲ့တယ်။မိဘတွေကတော့ ၀မ်းသာလွန်းလို့ ပုံမှန်ထက်ပို ငိုနေကြတယ်။ပြီးနောက် သူတို့ သုံးဦးသားတင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ကြပြီးဆက်၍ ဆက်၍ ငိုနေကြလေရဲ့။
            သည်အချိန်မှာ ဒီပွဲလေးကို စီစဉ်ရ တဲ့ အရာရှိကြီးတစ်ယောက်က  ဒီဖြစ်ရပ် ကို အစအဆုံးသေသေချာချာ တွေ့လိုက်ရတဲ့ အတွက် တစ်ခုခုတော့မှားနေပြီဆိုတာကို သိလိုက်ရတယ်။ပုံ မှန် မဟုတ်တဲ့ အဲဒီ မိသားစု ကို အရာရှိကြီးက မေးလိုက်မိတယ်။
အရာရှိကြီး။ ။ဘာများအကူအညီပေးရမလဲ။တစ်ခုခုများမှားနေသလားလို့။
မိန်းကလေး၏ အမေ က အရာရှိကြီးဘက် ကို လှည့် ၍ သူမ၏ပါးမှ မျက်ရည်များကို လက်နှင့် သုတ်လိုက်ပြီး
အမေ။ ။ သမီးလေးရဲ့စကားသံ ကို ပထမဆုံးကြားရတာမို့ပါ။      
လို့ ပြောလိုက်တဲ့ စကားကို အရာရှိကြီးအံ့အားသင့်စွာ ကြားလိုက်ရပါတော့တယ်။
                        ဘာသာပြန်သူ-ရွှေပိုးကောင်,The Special Olymics အားဘာသာပြန်သည်။



No comments:

Post a Comment