Pages

Sunday, September 30, 2012

ဒါပေမယ့် မင်း


ဒါပေမယ့် မင်း
မင်းကို ငါ မျက်တောင် မခတ်တမ်းကြည့်ပြီး သဘောကျနေခဲ့တယ်။
မင်း တွေ့သွားတယ်လို့ထင်ခဲ့တာ။ ဒါပေမယ့်မင်း မတွေ့ခဲ့ပါဘူး။
…..
ချစ်တယ်လို့ပြောပြီး မင်းဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်စားခဲ့တယ်။
မင်းကြားတယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် မင်းမကြားခဲ့ပါဘူး။
…..
ငါနဲ့ အတူ ကစားဖို့ မင်းကိုတောင်းဆိုခဲ့တယ်။
မင်းလိုက်မယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် မင်းမလိုက်ခဲ့ပါဘူး။
….
မင်းအတွက် ဆိုပြီး ငါ ပုံတစ်ပုံဆွဲခဲ့တယ်။
မင်း သိမ်းထားမယ်လို့ထင်ခဲ့တာပေါ့။ ဒါပေမယ့် မင်း တန်ဖိုးမထားခဲ့ပါဘူး။
…..
ငါ တောင်တန်းတွေ ကြားမှာယာယီ ရွက်ဖျင်တဲလေးတစ်လုံး ထိုးထားခဲ့တယ်။
မင်း ငါနဲ့ အတူ ပျော်ပွဲစား ထွက်မယ် အထင် နဲ့ပေါ့။ ဒါပေမယ့် မင်း မလိုက်ခဲ့ဘူး။
…..
ငါ မင်းကို ရင်ဖွင့်ဖို့ လိုအပ်ခဲ့တယ်။
မင်း အားပေး နှစ်သိမ့်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် မင်း ငါ့ဘေးမှာမနေပေးခဲ့ဘူး။
……
ငါ့ရဲ့ နုပျိုမှုတွေကို မင်း နဲ့ အတူ ကုန်ဆုံးဖို့ တောင်းဆိုခဲ့တယ်။
ငါကတော့ မင်းဟာ ငါ့ဘ၀ လို့ထင်ခဲ့တာပေါ့။ ဒါပေမယ့် မင်း ထွက်သွားခဲ့တယ်။
……
ငါဟာ နိုင်ငံတော် အတွက် စစ်ချီဖို့ ဖြစ်လာခဲ့တယ်။
မင်းကငါ့ကို ဘေးရန်ကင်းစွာ ပြန်လာနိုင်ဖို့လိုလားခဲ့တယ်။
ဒါပေမယ့် ငါ ပြန်မလာနိုင်ခဲ့ဘူး။
(သေခြင်းတရားဆိုတာ စိန်ခေါ်မှု တစ်ရပ်ပါပဲ။ ချစ်ရဲ့သားနဲ့တော့ တစ်ဦးကို တစ် ဦး နာကျင်စေပြီး အချိန်တွေ ဖြုန်းမနေပါနဲ့ by Leo Buscaglia….)
ဘာသာပြန်သူ-ရွှေပိုးကောင်၊ Stan Gebhardt ၏ But You Didn’t အား ဘာသာပြန်သည်။

No comments:

Post a Comment