…အကောင်းမြင်ဝါဒီ
သမားက ဒိုးနတ် (Doughnut) ကို မြင်ပေမယ့်၊ အဆိုးမြင်ဝါဒီ သမားကတော့ အလယ်ကောင်က အပေါက်ကို
သာ မြင်သတဲ့။
McLandburgh
Wilson
အကောင်းမြင်ဝါဒီ
ခွဲမရအောင်တူတဲ့
ညီအစ်ကို နှစ်ယောက်အကြောင်းပေါ့။ မျှော်လင့်ချက် အပြည့်နဲ့ အမြဲ အကောင်းမြင်နေသူက တစ်ယောက်
။ သူ အမြဲပြောတာက “အရာ အားလုံးက သူဖြစ်ချင်တာတွေထက်တောင် ပိုနေသေးတယ်တဲ့။”
နောက်တစ်ယောက်ကတော့
အမြဲဝမ်းနည်းနေတတ်ပြီး မျှော်လင့်ချက်တွေကင်းမဲ့နေတယ်လေ။ သူရဲ့ ခံယူချက်ကတော့ ဘယ် အရာပဲ
ဖြစ်ဖြစ် အဆိုးတွေ ဖြစ်လာမယ်တဲ့လေ။ သူတို့နှစ်ယောက်ရဲ့ အမေကတော့ အစွန်း ရောက်နေတဲ့
သားနှစ်ယောက် ကို စိတ်ပူလွန်းလို့ ဒေသခံ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသခဲ့တယ်။
ဆရာဝန်က သူတို့ နှစ်ယောက်ရဲ့ အတွေးအမြင် ၊ အပြု အမူတွေ ညီမျှစေ
ဖို့ အစီအစဉ် တစ်ခု ရေးဆွဲခဲ့တယ်။ သူတို့ရဲ့ မွေးနေ့ ရောက်တဲ့အခါ တစ်ယောက် တစ်ခန်းဆီထားပြီး
သူတို့ရဲ့ လက်ဆောင်တွေကို ကြည့်စေဖို့ပါပဲ။ အဆိုးမြင်ဝါဒီ သမား အတွက်တော့ တတ်နိုင်သလောက်ထဲက
အကောင်းဆုံး အရုပ်တစ်ခု ၊ အကောင်းမြင် ၀ါဒီ သမားအတွက်တော့ မြေဆွေး ပုံးလေး တစ်ပုံးကို
ပေးဖို့ပါ။ မိဘတွေကလဲ အဲဒီ အတိုင်း လိုက်နာခဲ့ကြပြီး ၊ အဖြေကို စောင့်ကြည့်ခဲ့တယ်။
သူတို့ အဆိုးမြင်ဝါဒီလေး ရှိတဲ့ အခန်းကို
ချောင်းကြည့်လိုက်တဲ့အခါ ၊ “ငါ ကမှ ဒီ ကွန်ပျူတာရဲ့ အရောင်ကို မကြိုက်တာ… ဒီ ဟာ လဲ
ပျက်မှာပါပဲ… ဒီ game ကို လည်း မကြိုက်ပါဘူး…တခြားတစ်ယောက်ယောက်မှာ ဒီအရုပ်ကားထက် ပို
ကြီးတာ ရှိမှာပဲ…” ဆိုတဲ့ ညည်းညူသံ တစ်ချို့ ကို ကြားရတယ်။
မိဘတွေက တော့ ခြေသံ မမြည် အောင် လမ်းလျှောက်လို့
နောက်တစ်ယောက်ရှိရာ နေရာကို ၀ရံတာ နားက နေ ချောင်းလေရဲ့။ သူတို့မြင်ရတာက သူတို့ရဲ့
သားဟာ မြေဆွေးတွေကို ဖွပြီး လေထဲမှာ ကြဲ ပြီး ပျော်ရွှင်နေတယ်။ ဒါ့ အပြင် တခစ်ခစ် ရယ်မောနေတယ်။
ဒါ့ အပြင် သူက ပြောလိုက်သေးတယ်။ “ဟား…ဟား..ဟား ၊ ငါ့ ကို အရူးလုပ်လို့ဘယ်ရမလဲ၊ ဒီလောက်တောင်
မြေဆွေးတွေ များနေရင် ဒီနားမှာ နွားတစ်ကောင်တော့ရှိရမယ်။”
(ဘာသာပြန်သူ-
ရွှေပိုးကောင်၊ Chicken Soup For The Soul , The Optimist အား ဘာသာပြန်သည်။)
No comments:
Post a Comment