Pages

Friday, April 26, 2013

အရှုံးထဲက အမြတ်တစ်ခု


အရှုံးထဲက အမြတ်တစ်ခု
မိမိ ရဲ့ အိမ် မီးလောင်နေခဲ့ရင် ၊ အဲဒီမီး နဲ့ ကိုယ့်ကိုယ်ကို နွေးထွေး စေလိုက်ပါ။
                                                                                                (Spanish Proverb)
          1914, ဒီဇင်ဘာလတွင် Thomas Edison ၏ စမ်းသပ်ခန်း သည် မီးလောင်မှု ကြောင့် လုံးလုံး ပျက်စီး ခဲ့ ရသည်။ ပျက်စီး မှု ၏ တန်ဖိုး ဒေါ်လာ နှစ်သန်းကျော်ခဲ့သည်။ စမ်းသပ်ခန်း သည် ကွန်ကရစ်ကို အသုံးပြု ဆောက်လုပ်ထား၍ အာမခံ အတွက် ဒေါ်လာ နှစ်သိန်းကျော် ကို သာ ထားရှိ ထားခဲ့သည်။ ဒီဇင်ဘာည တစ်ည ရဲ့ မီးတောက်တွေ အကြား  Edison ၏ ဘ၀သက်တန်းတစ်လျှောက် ပြု လုပ်ခဲ့သည့် အခြေအနေ တော်တော်များများ ပျောက်ဆုံးခဲ့ ရပြီ။ တလိမ့် လိမ့် တက်နေတဲ့ မီးတောက် ၊ မီးညွန့် တွေ ကို ကြည့် ရင်း 24 နှစ် အရွယ် ရှိ Edison ၏ သား Charles သည် မီးခိုး များ အကြား သူ ၏ ဖခင်ကို ရှာဖွေနေဆဲ။ နောက်ဆုံးတော့ သူ့ဖခင် ရှိရာကို တွေ့ ခဲ့ပြီ။ Edison ကတော့  မီးလောင်မှု မြင်ကွင်းကို တည်တည်ငြိမ်ငြိမ် နှင့် ကြည့် နေသည်။ သူ့ မျက်နှာမှာပင် မီး ညွန့်တို့ တစ်ချက် တစ်ချက် လာဟပ်သယောင်။ ဖြူ နု နု ဆံပင် တစ်ချို့ ကလည်း လေထဲတွင် ၀ဲလျက်။
          Charles ရဲ့ နှလုံးသားဟာ ကြေကွဲလုမတတ်။ “အဖေ့ ရဲ့ အသက်ဟာ ၆၇ နှစ် ရှိပါပြီ။ ငယ်ရွယ်တော့တာ မဟုတ်ဘူးလေ။ မီးထဲကို သူ့ ဘ၀ရဲ့ အရာအားလုံး ပါသွားတာ မဟုတ်လား။ သူ ကျွန်တော့်ကို မြင်တော့  အော်ခေါ် တယ်။ မင်း အမေ ဘယ်မှာလဲတဲ့။ ကျွန်တော်က မသိဘူးလို့ ပြောတော့ သူက ထပ်ပြောသေးတယ်။ မင်း အမေကို သွားရှာချေ တဲ့။ ဒီလို ဟာမျိုး သူမ တစ်ဘ၀လုံးမှာ မမြင်ဘူးသေးလို့တဲ့။ “
          နောက်တစ်နေ့ နံနက် မှာတော့ Edison က ပျက်စီး ဆုံးရှုံးမှုတွေကို ကြည့်ပြီး “အရှုံးထဲမှာ အမြတ် ထွက်တာပဲ။ မှားယွင်းနေတဲ့ အရာတွေ အားလုံး မီးထဲပါသွားတာပေါ့။ ကျေးဇူးတင်စရာပါပဲ။ ငါတို့ အသစ်ပြန်စလို့ရတာပေါ့။ ”
          မီး လောင်ပြီး သုံးပတ် အကြာမှာတော့ Edison ဟာ သူ့ရဲ့ ပထမဆုံး ဓာတ်စက်ကို ဖြန့်ဖို့ စီမံ ခဲ့ပါတယ်။
(ဘာသာပြန်သူ- ရွှေပိုးကောင်၊ Great Value in Disaster အား ဘာသာပြန်သည်။)

Monday, April 15, 2013

အမေတို့ ပြောသော စကားများ


အမေတို့ ပြောသော စကားများ
ရာစုနှစ်တစ်လျှောက်မှာ  ကောင်းမွန်တဲ့ ဆုံးမစကားတွေ ၊ သြ၀ါဒတွေကို ကလေးတွေကို ပေးခဲ့တဲ့ သူကတော့ အမေ ပါပဲ။
Mary, Mary, Quite Contray’s Mother          :         ပန်းပင်စိုက်တာ ၀ါသနာပါတဲ့ ငါ့သမီး ခြံ တစ်ခု လုံး ဥယျာဉ် လုပ်ပစ်တာကို အမေ မပြောလိုဘူး။ ဒါပေမယ့် အခု ဟာက အိပ်ရာ အောက်မှာ ပါ စိုက်စရာ လား သမီး။
Mona Lisa’s Mother   :         Mona, သမီး ရေ၊ အမေ ရော ၊ အဖေ ရော ပန်းချီဘောင်တစ်ခု ၀ယ်ပြီးမှပဲ ၊  အပြုံးလှလှ တစ်ခု ကို သမီးက ပေးမတဲ့လား။
Columbus’s Mother   :         မင်း ဘာမင်း ဘာကို ပဲ ရှာဖွေပြီး တွေ့ ရှိပါစေ ၊ စိတ်မ၀င်စားဘူး ငါ့ကောင်။ ကိုယ့်ဘာသာကိုယ်သာ ရေးမှတ်ထား။
Babe Ruth’s Mother   :         Babe ၊ မင်းကိုပြောရတာ ဘယ်နှစ်ခါ ရှိပြီလဲကွယ် ၊ အိမ်ထဲမှာ ဘောလုံး မကစား ပါနဲ့ ဆိုတာကို ။ ဒီတစ်ပတ်အတွင်း မင်းကြောင့် ပြတင်းပေါက်မှန် ကွဲတာ ဒါ တတိယ အကြိမ်ပဲ။
Michelangelo’s Mother:        Mike ၊ မင်း တစ်ခြားကလေးတွေ လို နံရံမှာ ပုံဆွဲပါလား။ မျက်နှာကျက်မှာ ဆွဲ ဖို့ အကြံ ဥာဏ်ကို ဘယ်လို များရပါလိမ့်၊ ငါ့နှယ်နော်။
Napoleon’s Mother    :         ကောင်းပြီ၊ မင်းရဲ့ Report Card ကို အကျီ အိတ် ထဲမှာ ဖွက်မထားဘူး ဆိုရင် ၊ မင်းရဲ့ လက်ကို အဲ့ ဒီ အိတ်ထဲက ထုတ်ပြီး သက်သေပြလေ။
Custer’s Mother        :         George ၊ အမေပြောတာကို သေချာမှတ်ထားနော် သား။ မင်း ၀ါးနိုင်သလောက် ထက် ပို မကိုက်မိစေနဲ့။
Abraham Lincoln’s Mother    :         တစ်ခါလာလည်း ဒီ ဦးထုပ်နဲ့ပဲ Abe။ တစ်ခြား ကလေးတွေလို Baseball ဦးထုပ်လေး များ မဆောင်းချင်ဘူးလား။
Batman’s Mother      :         ဒီကားကတော့ တော်တော်လေး ကောင်းပါ့ Bruce ရယ်။ ဒါပေမယ့်   မင်းသိရဲ့လား၊ အာမခံကြေး ဘယ်လောက်တောင် ကုန် လိမ့်မလဲဆိုတာ။
Albert Einstein’s Mother       :         Albert ၊ ဒီမှာ ကြည့်ပါဦး ။ မင်း တက္ကသိုလ်က senior ကြီးတွေရဲ့ ပုံ။ မင်းရဲ့ ဆံပင်ကို တစ်ခုခု မလုပ်ချင်ဘူးလား သားရယ်။ ဥပမာ ဂျယ်ထောင်တာ၊ ပုံသွင်းတာ ၊hair coat လိမ်းတာတို့ပေါ့။
George Washington’s Mother         :         George ၊ နောက်တစ်ကြိမ် မင်း Potomac မြစ်ထဲကို ပိုက်ဆံ ပစ်ချတာ ဖမ်းမိလို့ကတော့ ၊ မင်းရမယ့် မုန့်ဖိုး ကို Good Bye ဆိုပြီး ခု ထဲက နှုတ်ဆက်ထားလိုက်တော့။
Jonah’s Mother         :         တော်တော်ကောင်းတဲ့ ပုံပြင်ပါပဲ Jonah။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးရက်က မင်း တကယ်ရှိနေတဲ့ နေရာကို ငါ့ကို အခုပြော။
Superman’s Mother   :         Clark ၊ မင်း အဖေ နဲ့ ဆွေးနွေးပြီးသွားပြီ။ အမေတို့ ဆုံးဖြတ်ချက်  ချလိုက်ပြီ။ သားမှာ ကိုယ်ပိုင်းဖုန်းလိုင်းတစ်ခု ရှိသင့်ပြီ လို့ ယူဆတယ်။ အဲဒီတော့ ဒီအချိန် ကစပြီး လမ်း ဘေး တယ်လီဖုန်း ရုံလေး ထဲ မှာ အချိန်ကုန်နေတာကို ရပ်တန်းက ရပ်လိုက်တော့။
Thomas Edison’s Mother      :         မင်း လျှပ်စစ်မီးကို တီထွင်ခဲ့တာကိုတော့ အမေ တကယ့်ကို ဂုဏ်ယူပါတယ် Tomas ရယ်။ အခုတော့ အိပ်ချိန်မို့လို့ မီးပိတ်လိုက်ပါဦး။
(ဘာသာပြန်သူ- ရွှေပိုးကောင်၊ Mother Says From Chicken Soup For The Kid’s Soul အား ဘာသာပြန်သည်။)

Thursday, April 4, 2013

Boss, Managers, Supervisors တို့ နှင့်ပတ်သက်သော ပုံပြင် မဟုတ်သည့် အဖြစ်အပျက်များ


Boss, Managers, Supervisors တို့ နှင့်ပတ်သက်သော ပုံပြင် မဟုတ်သည့် အဖြစ်အပျက်များ

လူတိုင်း လူတိုင်းမှာ အရင်က Boss နဲ့ ပတ်သက် တဲ့ အဖြစ်အပျက် သို့မဟုတ် ယခု Boss နဲ့ ပတ်သက်တဲ့ အဖြစ်အပျက် ၁ခု ဒါမှမဟုတ်ရင် ၁ခုထက်ပိုပြီး ရှိတတ်ကြပါတယ်။ ပရိတ်သတ် အနေ နဲ့ အောက်ပါ အဖြစ်အပျက် များကို ဖတ်ရှူ ပြီး တဲ့ အချိန်မှာ ရယ်မောရမှာ ဖြစ်သလို၊ ထို အဖြစ်အပျက်မှ ကာယကံ ရှင်သည် မိမိ မဟုတ်သည့် အတွက် စိတ်ချမ်း သာမှု ကို ခံစားရမှာတော့ အသေအချာပါရှင်။
**************************************************************************

၁. ကျွန်တော့် ရဲ့ Boss ကတော့ ခြစ်ခြစ်ခြုပ်ခြုပ် သုံးစွဲ ရတာကို အတော် နှစ်သက်ပုံပါပဲ။  ဒါနဲ့ သူက ဘယ်လောက်များများကို ခြစ်ခြစ်ခြုပ်ခြုပ် သုံးစွဲတာလဲ???....
ကျွန်တော် သူ့ကို နားနေဆောင်မှာတွေ့တော့ အမှိုက်ပုံးထဲက စက္ကူ ခွက်လေး တွေကို ကောက်ပြီး ရေပူ၊ ရေ အေး စက် နားမှာ ထားတာကို ကျွန်တော် တွေ့လိုက်ရတယ်။ သူက ခွက်မှာ ပေနေတဲ့ နှုတ်ခမ်းနီလေးတွေကို သုတ်ရမှာတောင် မပျင်းဘူးဗျာ။
(Babara B. ၏ အဖြစ်အပျက် တစ်ခု)
**************************************************************************
၂. ရုံးဆင်းပြီး လမ်းတစ်ဝက် အရောက်မှာ တော့ email စစ်တဲ့ လူဆီက ကျွန်တော့် ဆီကို ဖုန်း ၀င်လာတယ်။ ကျွန်တော် နဲ့ ပတ်သက်တဲ့ အရေးကြီး email တစ်စောင် Boss က ပို့ထားတယ် ဆိုပဲ။ ကျွန်တော် အိမ်ကို အမြန် အပြေးအလွှားသွားခဲ့တယ်။ ရောက်တော့ ကွန်ပျူတာဖွင့် ။ ထိုင်ခုံမှာထိုင်။ အရေးကြီး ဆို တဲ့ email ကို ဖွင့် ဖတ်ကြည့် တဲ့ အခါ စာနှစ်လုံးပဲ ပါတာကို တွေ့ရတယ်။ “Call me” တဲ့။
(Martin Hoffmann ၏ အဖြစ်အပျက် တစ်ခု)
**************************************************************************
၃. အနားမရတဲ့ သောကြာနေ့ နေ့လည်ခင်းပါ။ ကျွန်တော့်ရဲ့ Boss က ၁၀၀ ကီလိုမီတာ လောက်ဝေးတဲ့ ဇိမ်ခံ အပန်းဖြေ စခန်းမှာ အစည်း အဝေးလုပ်ဖို့ ပြင်ဆင်နေလေရဲ့။ ရုတ် တရက် ကျွန်တော် ဆီကို Boss ဆီက ဖုန်းဝင်လာတယ်။ “မင်း အခု ချက်ချင်း ဟိုတယ်က သက်ဆိုင်ရာကို ဖုန်းဆက်ပေးစမ်း ။ အရေးကြီးတယ်။“
“ပြီးရင် တစ်ယောက်ယောက်ကို ရေကန် နားကို ချက်ချင်း လွှတ်ပေးဖို့ ပြောလိုက်“။ကျွန်တော်က တော့ ထိတ်ထိတ် ပျာပျာ နဲ့“ ဘာဖြစ်လို့လဲ ဆရာ“ လို့ မေးလိုက်မိတယ်။“Waiter ကို မတွေ့တာ မိနစ် ၂၀ ကျော်ပြီ။ ငါတို့ သောက်နေတဲ့ ခွက်တွေ လာမဖြည့် ပေးသေးလို့ကွ။“
(Bonah Bachenheimer ၏ အဖြစ်အပျက် တစ်ခု)
**************************************************************************
၎. ဖက်ရှင် မော်ဒယ် တစ်ယောက်ဟာ ၀နေတယ် ဆိုတဲ့ စွဲ ချက် နဲ့ အလုပ်မှ အဖြုတ် ခံလိုက်ရတယ်။ သူမက 1.7 မီတာ အရပ်အမောင်းနဲ့ ကိုယ်ခန္ဒာ အလေးချိန်ကတော့ ၅၄ ကီလို ဂရမ် ရှိသူ ဖြစ်ပါသည်။
**************************************************************************
၅. ဆယ်ကျော်သက် တစ်ယောက် အနေနဲ့ မျက်နှာ စာ မှာ ဖောက်ထွင်းမြင် နိုင် တဲ့ မှန်ရှိတဲ့ ကော်ဖီဆိုင် တစ်ခုမှာ ကျွန်တော် အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီ နေ့မှာတော့ အပူ ချိန်ဟာ 0 degree အောက်ကို ကျဆင်းနေပါတယ်။ မှန်ကလည်းေ၀၀ါးလို့ပေါ့။ Boss က ကျွန်တော့် ကို အပြင်ထွက်ပြီး အဲဒီမှန်ကို သုတ်ဖို့ ခိုင်းစေပါတယ်။ “ရေပုံးထဲကို အရက်နဲနဲ ထည့်ပြီးတိုက်။ ဒါမှ ရေ မခဲမှာ။“
“ရေ အတွက်တော့ ဟုတ်ပါပြီ။ ကျွန်တော့် အတွက်ရော။“ ဟု ကျွန်တော်ပြန်မေးမိလိုက်သည်။ Boss က ချောင်းတစ်ချက် ဟန့် လိုက်သေးသည်။ “မင်း အရက် သောက်ဖို့ အရမ်း ငယ်လွန်းပါတယ်ကွာ။“
(Scott Donovan ၏ အဖြစ်အပျက် တစ်ခု)
**************************************************************************
၆. ကျွန်တော် Marketing Agency တစ်ခု မှာ အလုပ်လုပ်ခဲ့တာ ၂ နှစ် ကျော်ကျော် ကြာ ခဲ့ပြီးနောက် ၊ တစ်နေ့သော နေ့လည်ခင်း အချိန်မှာ Boss က ကျွန်တော့်ကို သူ့ အခန်းထဲကို ခဏ လာ ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော့်ကို ရာထူးတက်ပေးတော့ မည့် အကြောင်း၊ ဂုဏ်ယူကြောင်း ၊ တာဝန်ကျေအောင် လုပ်ဆောင်စေချင် ကြောင်း ပြောကြားသည်။ ကျွန်တော် ကတော့ မြောက်သွားတာ စကြာဝဠာ အပြင်ဘက်ပေါ့ဗျာ။ ဒါပေမယ့် နောက် တစ်နေ့ တိုင်အောင် စာထွက်မလာဘူး။ ကျွန်တော် Boss ကို မေ့ နေမှာစိုးလို့ သတိပေးပါသေးတယ်။ သူက သူ မပြောခဲ့ တဲ့ အတိုင်း ငြင်း ဆန်နေလေရဲ့။ နောက်တော့ စကားကို ခပ်ပြတ်ပြတ် ပြောလိုက်တယ်။
“မနေ့က နေ့လည်ခင်းက ငါပြောထားတယ်ဆိုရင်  ဒီနေ့ကို နေ့လည် ခင်းမှာ မေးသင့်တယ် ဆိုတာကို မင်း သိသင့်တယ်။ ငါက နေ့ လည် ခင်းမှ အရက်သောက်တာ။“
(Elizabeth B. ၏ အဖြစ်အပျက် တစ်ခု)

**************************************************************************
၇. နေ့လည်စာ စားချိန် ကျော်လောက်အောင် reports များစွာ နဲ့ Boss ကို အကူ အညီပေးပြီးနောက် ကျွန်တော့်ကို ကျေး ဇူးတင်တဲ့ အနေနဲ့ Boss က နေ့လည် စာ ကျွေး မယ် လို့ ပြောပါတယ်။ သူက ပြောလိုက်သေးတယ်။ သူခေါ်သွားမယ့် နေရာက ကမ္ဘာ တစ်ဝှမ်းက အစားအသောက်ကောင်းတွေ ရှိတဲ့ နေရာ ဖြစ်ပြီး၊ အံ့ မခန်းတဲ့ ဘူဖေး စားသောက်ဆိုင်ပါတဲ့။ ကျွန်တော် သိလိုက်တော့မှ Boss ကို ဥာဏ်ကြီးရှင် အဖြစ် ယုံကြည်သွားတော့တယ်။ သူတို့ ဆီက အစားအသောက် မှန်သမျှကို အမြည်းစားလို့ရတဲ့ ဒေသခံ စားသောက်ဆိုင်လေး တစ်ခုပါ။ ကျွန်တော်တို့ နှစ်ယောက်လုံး ညစာ အဖြစ် သူတို့ ပေးသမျှ အစားအသောက်တွေကို food samples အဖြစ် တစ်နာရီ တိတိ မြိန်မြိန် စားသောက်ခဲ့ပါတယ်။
(Wendy Brown ၏ အဖြစ်အပျက် တစ်ခု)
**************************************************************************
၈. ငှာန ဆိုင်ရာ အစည်း အဝေး တစ်ခု ကျင်းပနေချိန်၊ ကျွန်တော့် တို့  ဌာန ရဲ့ အကြီးအကဲ က စကားတစ်ခွန်း မိန့်ကြားပါတယ်။“Communication ဆိုတာ နှစ်လမ်းမောင်းလမ်း လိုပဲ။ ငါ ပြောနေတဲ့ အချိန်မှာ မင်းတို့ နားထောင်ရမယ်။“
(T.D. ၏ အဖြစ်အပျက် တစ်ခု)
**************************************************************************
၉. ကျွန်တော့် ရဲ့ Manager က ဒီနေ့ surprise ဖြစ်အောင် လုပ် ဆောင်လိုက်တာပါ။ “ဆိတ် ကောင်လုံးကင် ယူလာတယ်။ ထမင်းစားခန်းထဲမှာ။ သွားယူစားလေ။ Boss နဲ့ အတူ Managers တွေကတော့ စားပြီးပြီ “။ ကျွန်တော်ကလည်း အငမ်း မရ ချက်ချင်း ဆိုသလို သွားတာပေါ့။ အဲဒီရောက်တော့ ကျွန်တော် ဆိတ်ရဲ့ အပေါ် ပိုင်းကို မတွေ့တော့ဘူး။ ခြေထောက်နှစ်ချောင်းပဲ တွေ့ရတယ်။ အဲဒီတော့ ကျွန်တော် Manager ကို မေးတာပေါ့ ။“အဲဒါမှ ဟုတ်ရဲ့လား ဆရာ”။ “အေး ၊ Boss နဲ့ Managers တွေက အပေါ် ပိုင်းပဲ ကြိုက်လို့လေ“ ဟု ဆိုသတတ်။
(Carl Graf ၏ အဖြစ်အပျက် တစ်ခု)
**************************************************************************
၁၀. ကျွန်တော့် အထက်လူကြီးက color blind ဖြစ်နေတဲ့ လူတစ်ယောက်ကို Photo Lab မှာ ခန့်လိုက်တယ်။ Customers တစ်ယောက်က ဒေါနဲ့ မောနဲ့ ဓာတ်ပုံကို ပြန်လာပေးတဲ့ အခါမှာတော့ ကျွန်တော် Boss ကို အဲ့ ဒီ အကြောင်း အသိပေးခဲ့ပါတယ်။ ဒါပေမယ့် Boss က ကျွန်တော့်ကို သူများကို ရိုက်ချပြီး လှေကထစ်လုပ်ချင်တဲ့ ကောင် ဆို ပြီး ပြောတယ်ဗျာ။
(jobs.aol.com ၏ အဖြစ်အပျက် တစ်ခု)
(ဘာသာပြန်သူ - ရွှေ ပိုးကောင်၊ RD April 2013 မှ Dumb Bosses 40 LOL  True Stories အား ထုတ်နှုတ် ဘာသာပြန်သည်။)

Monday, March 18, 2013

တို့တစ်တွေ ပြန်ဆုံကြတဲ့ အခါ


(ဆရာတော်ရဝေနွယ် အင်းမ ၏ အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ်မှ ထုတ်နှုတ်ပူ ဇော်ပါသည်။)
တို့တစ်တွေ ပြန်ဆုံကြတဲ့ အခါ
သီဟိုဋ် ကျွန်းမှာ တကယ် ဖြစ်ခဲ့ ဖူးတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။ တစ်ခါတုန်းက သီဟိုဋ်ကျွန်း အနုဓရာ မြို့ နဲ့ မနီးမဝေး မဟေလမြို့ လေးမှာ ကသရမဟာတိသ ဆိုတဲ့ သူဌေး တစ်ယောက်ရှိခဲ့ ဖူးပါတယ်။ သူဌေးက အလှူ အတန်း ၀ါသနာပါသလို သူဌေးကတော်ကလည်း အလှူအတန်းဝါသနာ ပါ ပါတယ်။ တစ်နေ့တော့ ကသရမဟာတိသရဲ့ အိမ်မှာ လယ်ထွန်ခြင်း၊ ပျိုးကျဲခြင်း မဂ`်လာ ကို ပြုပါတယ်။ ယောကျာ်း ဖြစ်သူက လယ်ကွင်းထဲမှာ ဦးဆောင်ပြီး ဆောင်ရွက် နေသလို ဇနီးလုပ်သူကလည်း လယ်ထွန်ပျိုးကျဲသူတွေ စားဖို့သောက်ဖို့ အိမ်မှာ ချက်ပြုတ် နေပါတယ်။
ကသရမဟာတိသကို အမြဲတမ်း မနာလို ၀န်တို စိတ်ဖြစ်နေတဲ့ လူတစ်ယောက်ကလည်း မြို့ထဲမှာရှိနေပြန်ပါတယ်။ ၀န်တိုသူက ၀န်တိုလို့သာဝန်တိုနေတာ ကသရမဟာတိသ ဆီက ချေးထားတဲ့ငွေတောင် ပြန်မဆပ်ရသေးပါဘူး။ မဂ`်လာ အခန်းအနားကျင်းပနေတယ်ကြားတော့ သူ့စိတ်ထဲမှာပိုလို့တောင် မနာလို ၀န်တို ဖြစ်သွားပါတယ်။ ဒါကြောင့် ဒုက္ခပေးချင်စိတ်ပေါက်သွားပါတယ်။ အဲဒီအမျိုးသားက “ဒါလောက်မှဖြစ်နေတာ တွေ့ကြသေးတာပေါ့ ၊ ပညာပေးလိုက်ဦးမှပဲ” ဆိုပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းကို ထွက်ခဲ့ပါတယ်။ ကျောင်းတိုက်ထဲရောက်တော့ဆရာတော်နဲ့ အခန့်သင့်တွေ့ရပါတယ်။ ဆရာတော်ကို ဦးချပြီးတော့ “ဆရာတော်ဘုရား မနက်ဖြန် သံဃာ ငါးရာ ကသရမဟာတိသ အိမ်ကို ဆွမ်းစားကြွတော်မူပါ။“ လို့ လျှောက်လိုက်ပါတယ်။
ကျောင်းထိုင်ဆရာတော်ကလည်း “အေး ကောင်းပြီ၊ “ ဆိုပြီး ပင့်လာတဲ့ ဆွမ်းစားကို လက်ခံထားလိုက်ပါတယ်။ နောက်တစ်နေ့ ရောက်တော့ ကသရမဟာတိသက လယ်ကွင်းထဲကို စီမံကွပ်ကဲဖို့သွားပြီး ဇနီးဖြစ်သူကတော့ အလုပ်သမားတွေ စားဖို့သောက်ဖို့ စီမံရမှာမို့ အိမ်မှာကျန်ခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ အိမ်ရှေ့ကို သံဃာငါးရာကြွလာပါတော့တယ်။ မပင့်ဖိတ်ထားပဲနဲ့ သံဃာ ငါးရာကြွလာတော့ ပထမတော့ သူဌေး ကတော်က အံ့သြသွားပါသေးတယ်။ ဒါပေမယ့် ချက်ချင်းပဲ သံဃာတော်တွေကို အိမ်ထဲကို ပင့်လိုက်ပါတယ်။ လက်ထဲက သပိတ်တွေကိုလည်း ကိုယ်စီလှမ်းယူလိုက်ကြပါတယ်။ ကြွလာတဲ့ခေါင်းဆောင် အရှင်တိသဒတ္တမထေရ်က အိမ်မှာ သံဃာတော်တွေ ထိုင်ဖို့ အရံသင့် ခင်းထားတာ မတွေ့ရတော့  သံသယ ဖြစ်ပုံရပါတယ်။ ဒါ့ကြောင့် ဒကာမ လုပ်သူကို မေးကြည့်ပါတယ်။
“ဒကာမ ဒီနေ့ သင်တို့အိမ်မှာ အုတ်အုတ်ကျက်ကျက် နဲ့ တခြားမှာကြောင့်ကြစိုက်စရာများ ရှိနေသလား။“
“မှန်ပါ့ဘုရား၊ တပည့်တော်တို့ အိမ်မှာ လယ်ထွန်မဂ`်လာ ပြုလုပ်နေပါတယ်ဘုရား။ ဒါပေမယ့် ဆရာတော် ဘုရား မပူပါနဲ့ ဘုရား ၊ လယ်ထွန်မှု ကိစ္စ ကို ဒကာယောကျာ်း က ဆောင်ရွက်နေပါတယ် ဘုရား၊ ဆွမ်းကပ်ဖို့ ကိစ္စက တပည့်တော်မ တာဝန်ပါ ဘုရား“
ဒကာမဖြစ်သူက ဆရာတော်ကို လျှောက်ပြီး ဆွမ်းကိစ္စကို  အမြန်စီမံရပါတော့တယ်။ စီမံဆဲမှာပဲ ဒကာလုပ်သူက လယ်ထဲက ပြန်ရောက်လာပါတယ်။ လွဲ ချော်မှု တွေဖြစ်နေတာဆိုတော့ ဆရာတော်ကပဲ ဒကာကို အရင်ဦးစွာမိန့် ပြပါတယ်။
          “ဒကာရယ် သင်တို့ အိမ်မှာ လယ်ထွန်မဂ`်လာ လုပ်နေကြတာ ငါတို့ သိခဲ့ရင် မကြွပါဘူး၊ ဒကာ သူငယ်တစ်ယောက်က လာပင့်လို့ ကြွရတာပါ။“
          “ဆရာတော် ဘုရား အဲဒီအတွက် ဘာမှ မပူပါနဲ့ ဘုရား ၊ ဆရာတော် ဘုရားကို လာလျှောက်တဲ့ ဒကာဟာ ဘုရား တပည့်တော်ဆီက ငွေချေးထားတဲ့ သူပါ ဘုရား ၊ တကယ်တော့ ၀န်တိုစိတ်နဲ့ တပည့်တော်ရဲ့ လယ်ထွန်မဂ`်လာကို အန္တရယ်ဖြစ်အောင် လုပ်တာပါဘုရား၊ ဒါပေမယ့် သူ ဖိတ်ပေးလို့ ဆရာတော် ဘုရားတို့ကို ဆွမ်းကပ်ခွင့်ရတာပါဘုရား ၊ တပည့်တော် တို့ အတွက် သူဟာ ကျေးဇူး ကြီး လှပါတယ် ဘုရား ၊ ဒီနေ့ကစပြီး သူ့ကို မိတ်ဆွေ သူငယ်ချင်း အဖြစ် သတ်မှတ်လိုက်ပါမယ် ဘုရား“
          ဒကာဖြစ်သူက ဆရာတော် ကို လျှောက်ပြီး ဆွမ်းကပ်ပါတယ်။ ဆွမ်းစားပြီး လို့ ကျောင်းပြန်အကြွမှာလည်း သက`်န်း တွေကို ပါ ပေးလှူ လိုက်ပါတယ်။
          နောက်ထူးခြားတဲ့ အပြု အမူ တစ်ခု ကတော့ ဆရာတော် တွေကို သွားပင့် တဲ့ ရန်ဘက်ကို ၀န်တို နေတဲ့ သူကို ကြွေးအားလုံး ကို လျှော်ပစ် လိုက်တော့ တာပါပဲ။
          ပြောလက်စနဲ့ သီဟိုဠ်ဝတ္ထု လေးတစ်ပုဒ်ကို ထပ်ပြောလိုက်ပါရစေဦး၊ ရသ၀ါဟိနီကျမ်းကပါ။ တစ်ခါတုန်းက ဥတ္တရာ ပထတိုင်းသား တစ်ယောက်ဟာ ခရီးတစ်ခု ထွက်ခဲ့ပါတယ်။ ခရီးသွားနေတုန်းမှာ နေကပူတော့ ရေကလည်း ဆာ လာ ပါတယ်။ ဒါကြောင့် နီးရာ သစ်ပင်ရိပ်အောက် ကို ၀င်နားလိုက်ပါတယ်။ သစ်ပင်အောက်မှာ သူ့လိုပဲ သာဝတ္ထိပြည်သား လူစိမ်းတစ်ယောက်ကလည်း ကွမ်းဝါးရင်း နေပူ ခိုနေပါတယ်။ ဒီတော့ ဥတ္တရာ ပထ တိုင်းသားက ကြို ရောက်နေတဲ့ လူစိမ်းကို ရေတောင်းလိုက်ပါတယ်။
          “မိတ်ဆွေရယ် ရေလေးဘာလေး မပါဘူးလား၊ ပါရင် နည်း နည်း လောက်ပေးစမ်းပါ ၊ ရေ သိပ်ဆာနေလို့ပါ။“
          “မပါဘူး“
          “ဒါဖြစ်ရင်လည်း မိတ်ဆွေရယ်၊ ရေဆာလွန်းလို့ ကွမ်းလေးတစ်ယာ လောက်ပေးပါ။“
          “အိုး… ဒီအတိုင်းတော့ ဘယ်ရမလဲ ၊ လေး အသပြာပေးရမယ်“
          “ရပါတယ်။ လေး အသပြာ ပေးပါ့မယ်။“ ပြောပြီး လေး အသပြာကို ထုတ်ပေးလိုက်ပါတယ်။ ဒီတော့ ဥတ္တရာ ပထ တိုင်းသားက ရေဆာပြေ အဖြစ် ကွမ်းကို ၀ါးပါတော့တယ်။
          တကယ်တော့ ကွမ်းတစ်ယာဟာ လေး အသပြာ မတန်ပါဘူး ၊ လိုနေမှန် သိလို့ ပုံမှန်ဈေးထက်အဆများစွာ တင်ရောင်းလိုက်တာပါ။
          အမောပြေတော့ ကိုယ့်ခရီးကိုယ် ဆက်ခဲ့ ကြပါတယ်။ ဒီလိုနဲ့ နှစ်ကာလတွေ ကြာသွားရောပဲ ဆိုပါတော့။ တစ်နေ့ သော အခါမှာတော့ ပင်လယ်ပြင်မှာ ခရီး ထွက်ရင်း သူတို့ နှစ်ဦးဟာ သဘော`် တစ်စီးမှာ ပြန် ဆုံ ကြပြန်ပါတယ်။ တစ်နေရာ အရောက်မှာတော့ စီး လာတဲ့ သဘော`်က မှောက်သွားပါလေရော။ ခရီးသည်တွေ ဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန် နဲ့ ကူးနေကြပါတယ်။ ဥတ္တရာ ပထ တိုင်းသားကတော့ ကံကောင်းစွာပျဉ်ချပ်တစ်ခုကို ရလိုက်ပါတယ်။
          ရလာတဲ့ ပျဉ်ချပ်တစ်ခုနဲ့ ကူးရင်း သူနဲ့ ခပ်လှမ်းလှမ်းမှာ ယက်ကန်ယက်ကန်နဲ့ ရေထဲ နစ်လု နစ်ခင် ဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့ လိုက်ရပါတယ်။ သေချာကြည့်လိုက်တော့ တစ်ချိန်က သူ့ကို ကွမ်းတစ်ယာကို လေး အသပြာနဲ့  ရောင်းခဲ့ တဲ့ သူပါ။
          ဒီတော့ ဥတ္တရာ တိုင်းသားက “ဒီ မိတ်ဆွေဟာ ငါ ရေငတ်နေတုန်းက ကွမ်း တစ်ယာရောင်းဖူး တယ်။ ကျေးဇူး ရှိခဲ့ ဖူးတဲ့ မိတ်ဆွေပဲ “ ဆိုပြီး သူ့ရဲ့ ပျဉ်ချပ်ကို ထိုးပေးလိုက်ပါတော့တယ်။
***
          ဒီ သီဟိဠ် ၀တ္ထု လေး နှစ်ပုဒ်ကို ပြန်ပြန်ဖတ်ဖြစ်တိုင်း ရင်ထဲမှာ အအေးဓာတ် တစ်ခုခု ကို ရလိုက်သလို ခံစားရပါတယ်။ သူတို့ရဲ့ အေးမြတဲ့ အအေးဓာတ်က စာဖတ်သူကို လာကူးဆက်တဲ့ သဘောပါ။ သီဟိုဠ် ခေတ်က ပုံရိပ်ကလေး နှစ်ခု က ရာစုများစွာ ကြာခဲ့ပါပြီ။ ရာစုတွေ ဘယ်လောက်ပဲ ကြာခဲ့ ကြာခဲ့ ဖတ်ရသူ တိုင်းက ရင်ထဲကို အေးမြနေရတုန်းပါ။
          ကိုယ့်ရဲ့ အလှူ မဂ`်လာကို လာအန္တရယ်ပြု တဲ့ သူကို ယူထားတဲ့ အကြွေးလျှော်ပစ်လိုက်တာ၊ ကိုယ့်ကို ဈေး အဆမတန် တင်ရောင်း ခဲ့ တဲ့ သူကို ပျဉ်ချပ်ထိုးပေးလိုက်တာ။ စာကတစ်ဆင့်ဖတ်ပြီး သိရတာတောင် ရင်ထဲအေးမြနေတာ ကာယကံရှင်တွေဆို ဘယ်လောက်အေးမြနေမလဲ မပြောတတ်အောင်ပါပဲ။ တကယ်လို့သာ သူတို့ဟာ ဆန့်ကျင်ဘက်တစ်ခုခုကို သာ ပြု မူခဲ့ရင် ကာယကံရှင်တွေ အဖို့ ကော ဖတ်ရသူတွေ အဖို့ ကော ပူ လောင်မှု တစ်ခုခုကို ခံစားရင်း သက်ပြင်းရှည် တစ်ခု ကို ချကြရမှာပါ။
          တကယ်တော့ အေးမြခြင်း ပူလောင်ခြင်းရဲ့ အကြောင်းလေးတွေကို ပထမ အဆင့် အနေနဲ့ သိထားလိုက်ဖို့ပါ။ ကျင့်တာ မကျင့်တာက ဒုတိယကိစ္စပါ။
ကမ္ဘာကြီးဟာ အမှန်တကယ်လုံးပြီး 23 ½ ဒီဂရီ တိမ်း စောင်းပြီး ၂၄ နာရီ တစ်ပတ်လည် နေခဲ့ ရိုးမှန်ခဲ့ရင် ကျောခိုင်းပြီး ခွဲခွာသွားတဲ့ ချစ်သူနှစ်ဦးဟာ တစ်ချိန်ချိန်မှာ မျက်နှာချင်းဆိုင် ပြီး ပြန်တွေ့ ကြလိမ့်မယ်တဲ့။
အဲဒီအခါ သူကလည်း အပြုံး၊ ကိုယ်ကလည်း အပြုံးနဲ့ နှုတ်ဆက်လိုက်ကြတဲ့ အချိန်ဟာ ကမ္ဘာလောကကြီးရဲ့ တစ်နေရာမှာ အလှတစ်ခု ဆင် လိုက်ကြတာပါ။ ပြီးတော့ ခွဲ ခွာခြင်းတွေနဲ့ ဝေးကွာကြရင် ကံအားလျော်စွာ ပြန်ဆုံကြရတဲ့ အခါ အပြုံးတွေနဲ့ နှုတ်ဆက်နိုင်အောင် ရယ်ပါ။
(ဆရာတော်ရဝေနွယ် အင်းမ ၏ အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ်မှ ထုတ်နှုတ်ပူ ဇော်ပါသည်။)