Pages
Thursday, September 12, 2013
ဆရာ အောင်သင်း၏ အတွေးစကား
ဆရာ အောင်သင်း၏ အတွေးစကား စာအုပ်မှ ထုတ်နှုတ် ဖော်ပြပါသည်။
အိမ်ထောင်ပြုခြင်း
ယောင်္ကျားတစ်ယောက် အိမ်ထောင်ပြုလိုက်ခြင်းဟာ လုပ်ဆောင်ဖွယ် ကိစ္စတော်တော်များများထဲက
အရေးကြီးတဲ့ ကိစ္စတစ်ခုကိုပြုလိုက်တာပဲ။
(မြန်မာတို့ရ့ဲ လူ့အဖဲအွ စည်း ပြဠာန်းချက်အရ) မိန်းမတစ်ယောက် အိမ်ထောင်ပြုလိုက်တာဟာ အရေး
အကြီးဆုံး ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ရတာ ဖြစ်နေတယ်။
သင့်ဘ၀၊ ဇန်န၀ါရီ၊ ၉၄
အသိပညာနှင့် ထိန်းကွပ်သောအလှ
မိန်းကလေးတစ်ယောက်ဟာ မွေးသည်ကစပြီး သေသည်အထိ သုံးစွဲသွားနိုင်တာဟာ ရုပ်ရည်
မဟုတ်ဘူး။
အသိပညာသာလျှင် ဖြစ်တယ်ဆိုတာကိုလည်းသိတယ်။
လှပတဲ့ရုပ်ရည်ကို ပညာနဲ့ကွပ်ပေးလိုက်တဲ့အခါမှာ
အလှဟာပိုပြီးတောက်ပြောင်လာတယ်ဆိုတာကိုလည်းသိတယ်။
ဒါကြောင့် အပေါင်းအသင်းပတ်ဝန်းကျင်ကစပြီး သတိကြီးစွာနဲ့ဆင်ခြင်နေထိုင်တယ်။
အဲဒီမိန်းကလေးမျိုးဟာ ရှားတာတော့အမှန်ပဲ။
ဒါပေမဲ့ပတ်ဝန်းကျင်ကကိုပဲ ပြန်ပြီးလေးစားရိုသေခြင်း၊ချစ်ခင်ခြင်းခံရတာကတော့ အဲဒီမိန်းကလေးမျိုးတွေသာလျှင်ဖြစ်ပါတယ်။
မျိုးဆက်သစ်
လူ့ဘ၀တွင် အရာရောက်လှသောအရာ
ပြန်ပြီးတစိမ့်စိမ့် စဉ်းစားကြည့်လိုက်တော့
လူ့ဘ၀တွင်ဘယ်သူကမှ တရားဝင်အခွင့်အရေးမပါဘဲလျှက်
အရာရောက်နေသည်မှာ အချစ်ဆိုသောကိစ္စပင်ဖြစ်သည်။
မအိုသေးတဲ့ သူ
ပေဖူးလွှာ၊ နိုဝင်ဘာ၊ ၈၆
အချစ်နှင့်မျက်စိ
အချစ်မှာ မျက်စိမရှိဘူးနော်၊ မှန်တယ်။
ဒါပေမယ့် ဦးနှောက်မှာတော့ဖြင့် မျက်စိရှိရလိမ့်မယ်။
အမွေ
အချစ်ကို အချိုသတ်ထားပါ
ပညာသင်နေတဲ့အခါမှာ အိမ်ထောင်ကျမသွားအောင်
အချစ်ကို အချိုသတ်ထားပါ။
                                                                   အမွေ
မိခင်တွေ အသိပညာမြင့်မှ
နပိုလီယန်နှင့် မဒမ်ကင်ပန်ဆိုသောအမျိုးသမီးကြီးတို့၏အမေးအဖြေကို သွားပြီးသတိရလိုက်မိသည်။
“ပြင်သစ်လူငယ်တွေကို မြှင့်တင်ဖို့ အလိုအပ်ဆုံးဟာဘာဖြစ်မယ်ထင်ပါသလဲ”
“မိခင်ကောင်းတွေပါပဲရှင်”
“အောင်မလေး၊ စကားတစ်လုံးတည်းနဲ့ စနစ်ကြီးတစ်ခုပြီး သွားတာပါပဲလား ကရို့ ”
မှန်ပါသည်။ မိခင်တွေ (အမျိုးသမီးတွေ)အသိပညာမြင့်မလာဘဲ မျိုးဆက်သစ်လူငယ်တွေ မြင့်မလာ
နိုင်ပါ။
သို့မှသာ “အမေ့သားကောင်းများ” မြောက်မြားစွာပေါ်ထွက်လာမည်ဟု ကျွန်တော်ယုံကြည်ပါသည်။
အမေ့သား
သရဖူ၊ ဇူလိုင်၊ ၉၅
လူငယ်တွေ ခိုင်ခိုင်မာမာ သိထားဖို့
(မိန်းကလေး လူငယ်များအပါအ၀င်) ယနေ့လူငယ်တို့သည် မိမိတို့ဘ၀၊ မိမိတို့ခေတ်၊ မိမိတို့
နိုင်ငံတော်အတွက် ကဏ္ဍသစ်ဖငွ့်ရမည်။ သမိုင်းတစ်လျှောက်မှာဘာတွေဖြစ်ခ့ဲ ဖြစ်ခ့၊ဲ ဘယ်အခြေအနေကိုပဲ
ရောက်နေနေ ငါတို့ခေတ်ကို ငါတို့ဖန်တီးမည်။ ဖန်တီးနိုင်အောင်လည်း ကြိုးစားမည်ဟူသောစိတ်မျိုး
လူငယ်များ၏ နှလုံးသားတွင် ကိန်းဝပ်နေစေချင် သည်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်၊ ဘယ်စနစ်
ကြီးကြောင့် စသည်ဖြင့် ဟိုဟာလွှဲချ၊ ဒီဟာလွှဲချနှင့် ဆင်ခြေကန်ပြီး ယောင်ပေပေ လုပ်နေသည့်အဖြစ်မျိုးမှ
လွတ်မြောက်စေချင်သည်။ အရေးကြီးသိထားဖို့ (အမှတ်ထင်ထင်၊ ခိုင်ခိုင်မာမာကြီး သိထားဖို့) လိုအပ်သည်က
လူကြီးဆိုသည်မှာ သေဖို့နီးလာသောသူများကိုခေါ်ကြောင်း(မှတ်မိနေကြဖို့) ပင်ဖြစ်သည်။
အမေ့သား
သရဖူ၊ ဇူလိုင်၊ ၉၅
လောကဓံ
လူဆင်းရေဲ ပမယ့် စိတ်မဆင်းရေဲ စန့။ဲ စီးပွားကျပေမယ့် စိတ်မကျစေနဲ့။ ချမ်းသာခြင်းဟာ သခါင်္ ရပဲလို့
ပြောကြတယ်။ ဆင်းရဲခြင်းဆိုတာလည်း သင်္ခါရပဲဆိုတာမြဲမြဲမှတ်ထား။ နင်တို့လင်မယား အမြဲနွမ်းပါးနေမှာ
မဟုတ်ဘူး။
ပိုင်ရှင်မရှိတဲ့ ခွေးလေခွေးလွင့်တောင်မှ သူ့ဘ၀မှာနေ့ကောင်းရက်သာ ရက်ရာဇာဆိုတာ ရှိစမြဲပဲ။
ဘာမှအားမငယ်နဲ့ အခိုက်အတန့်လို့သဘောထားပြီးကြိုးစားကြ ၊ လင်မယားချင်း စကားမများအောင်နေကြ ။
ကလေးတွေမုန့်ဖိုး
(တခါတုန်းကတပည့်တွေ)
ကြီးပွားမှုနှင့်ဗေဒင်
ကိုယ်ဖတ်ဖူးတဲ့ အတ္ထုပ္ပတ္တိတွေကို မှတ်မိသလောက်ပြန်ပြီး စဉ်းစားကြည့်လိုက်တော့ ဗေဒင်
လက္ခဏာက ဟောလိုက်တဲ့ အတိုင်းဆောင်ရွက်လို့ ကြီးပွားလာခဲ့ရတယ်ဆိုတာမျိုး တစ်ခါမျှမတွေ့ဖူးပါဘူး။
စိတ်ဆန္ဒပြင်းပြလွန်းလို့ အောင်မြင်ကြီးပွားသွားတယ်ဆိုတာမျိုးကိုပဲ တွေ့ရတက်လေ့ရှိပါတယ်။
ဗေဒင်နှင့်ဘ၀ရည်မှန်းချက်
သင့်ဘ၀၊ ဇူလိုင်၊ ၉၄
ဗေဒင်မေးမယ့်အစား
ဗေဒင်လက္ခဏာဆရာကို တိုင်ပင်မယ့်အစား ဗဟုသုတဥာဏ်အမြော်အမြင်ကြီးသော၊ သမာဓိလည်း
ရှိသော၊ မိမိအပေါ်တွင်လည်း မေတ္တာထားသော ပုဂ္ဂိုလ်မျိုးကိုတိုင်ပင်ကြည့်တာက ပိုပြီးကောင်းကျိုး သက်
ရောက်စရာရှိပါတယ်။
ဗေဒင်နှင့်ဘ၀ရည်မှန်းချက်
သင့်ဘ၀၊ ဇူလိုင်၊ ၉၄
ဗေဒင်ဆရာက တာဝန်မယူ
ဗေဒင်ဟောတဲ့အတိုင်းလုပ်လိုက်လို့ အမှောက်မှောက်အမှားမှားဖြစ်သွားရင် ဘယ်ဗေဒင်ဆရာကိုမှ
တရားစွဲလို့မရဘူး၊ ဘယ်ဗေဒင်ဆရာကမှလဲ သူ့မှာတာဝန်ရှိပါတယ်လို့ပြောမှာမဟုတ်ဘူး။
ဗေဒင်နှင့် ဘ၀ရည်မှန်းချက်
သင့်ဘ၀၊ ဇူလိုင်၊ ၉၄
အပေါင်းအသင်း ပတ်ဝန်းကျင်
လူဆိုတာ ပတ်ဝန်းကျင်တစ်ခုထဲမှာတော့ အမြဲရောက်နေရတာမဟုတ်လား။ ဒီတော့ . . .
(၁) “ အပေါင်းအသင်း ပတ်ဝန်းကျင်ဟာသိပ်အရေးကြီးတယ် ” ဆိုတာကို ခိုင်ခိုင်မာမာ လက္ခံထားသင့်
ပါတယ်။
(၂) မိမိပတ်ဝန်းကျင်ကို မကြာခဏ နိုးနိုးကြားကြားစစ်ဆေးနေသင့်တယ်။
(၃) မကောင်းတဲ့ ပတ်ဝန်းကျင်ကို စွဲလမ်းတွယ်တာနေမိပြီဆိုရင် . . . “ ငါဘ၀ နစ်မွန်းဖို့သေချာနေပြီ ”
ရယ်လို့ ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ သတ်မှတ်သင့်ပါတယ်။
(၄) မကောင်းတဲ့အစွဲ၊ မကောင်းတဲ့ ပတ်ဝန်းကျင်ကို ကောင်းတဲ့အစွဲ၊ ကောင်းတဲ့ပတ်ဝန်းကျငန့်ဲ
အစားထိုးပြီး ဖြတ်ဖို့ နိုးနိုးကြားကြား ကြိုးစားသင့်ပါတယ်။
မျိုးဆက်သစ်
ရဲဆေးတင်တယ် ဆိုတာ
အရက်ကလေးနည်းနည်း ၀င်သွားလိုက်သောအခါ သာမန်အခါထက် ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ
ဖြစ်လာတက်သောကြောင့် “ ရဲဆေးတင်သည် ” ဟုအရက်ကိုပင် ဂုဏ်တင်ပြောဆိုတက်ကြသည်။ စင်စစ်
အရက်ဝင်သွားသောကြောင့် ဆင်ခြင်ဥာဏ်အားနည်းသွားခြင်း၊ အရှက်အကြောက်နည်းသွားခြင်းသာဖြစ်၍
“ရဲဆေးတင်သည် ” ဟုဆိုခြင်းထက် “ ရှက်ကြောက်ကင်းဆေးတင်သည် ” ဟုဆိုမှ ပို၍မှန်နိုင်မည်ဖြစ်သည်။
စာစီစာကုံး
လူမိုက်နှင့် လူလိမ္မာ
လူလိမ္မာတို့သည် တစ်ပါးသူ၏အမှားမှ သင်ခန်းစာကိုယူတတ်၏ ။
လူမိုက်တို့ကား ကိုယ်တိုင်မှားမှ သင်ခန်းစာကိုရကြ၏ ။
ပို၍မိုက်မဲသောသူတို့ကား ကိုယ်တိုင်မှားပါလျက်နှင့်ပင် သင်ခန်းစာမယူတက်ကြကုန်။
မျိုးဆက်သစ်
အားလပ်ချိန်၏ အန္တရာယ်
အားလပ်ချိန်များသည် လူငယ်များအား ပျက်စီးခြင်းတွင်းဝသို့ပို့ပေးရန် အသင့်စောင့်ဆိုင်းနေသော
ကူးတို့ဆိပ် ကြီးများသဖွယ် ဖြစ်နေတက်သည်။
စာစီစာကုံး
အတုလုပ်သူသည် အသစ်မထွင်နိုင်
ကမ္ဘာပေါ်တွင် အတုပစ္စည်းထုတ်လုပ်ရောင်းချရာ၌ နာမည်ကြီးနေသော မြို့ကြီး၊ ဒေသကြီးများကို
အထင်သေးသည့်စိတ် မွေးပါ။ အတုလုပ်သောသူတို့သည် “ အသစ်ထွင် ” နိုင်သည့်အဆင့်သို့ မည်သည့်
အခါတွင်မျှ မရောက်နိုင်တော့ကြောင်းကို သတိပြုပါ။
လူငယ်နှင့် ဤပညာ
ဖူးသစ်ဝေ
အလိုလို ကုသိုလ်ရနေသူများ
သီးခြားအထူးကုသိုလ်ပြုနေစရာမလိုဘဲ မိမိဝတ္တရားကို (ကောင်းမွန်စွာ) ဆောင်ရွက်လုပ်ကိုင်နေရုံနှင့်
ကုသိုလ်ရနေသူသုံးဦးရှိသည်တဲ့။ ထိုသူများကတော့ ရဟန်းတော်၊ ပြည့်ရှင်မင်းနှင့် အိမ်ရှင်မ (ဇနီး)
တို့ဖြစ်ကြသည်။
စောင့်စည်းမှု
သင့်ဘ၀၊ ဇွန်၊ ၉၅
ကလေးကို လူကြီးလို ပြင်လိုက်ရင်
ကလေးဟာ ကလေးလိုလှမှ ချစ်စရာကောင်းတာ။ ကလေးကို လူကြီးလိုပြင်ပေးလိုက်ရင် လူကြီးလို
လည်း မလှဘူး၊ ကလေးလိုလည်း မလှတော့ဘူး။
ကိုယ်တွေ့
စာစီစာကုံး
မှတ်ဥာဏ် နှင့် ကျိုးကြောင်းဆင်ခြင်ဥာဏ်
ပညာသင်တယ်ဆိုတာ မှတ်ဥာဏ်ကျင့်ရုံလောက်န့ဲ ပြီးတာမှမဟုတ်ဘဲ။ ထိုးထွင်းပြီး
ကျိုးကြောင်းဆင်ခြင် တက်အောင်လည်း လေ့ကျင့်ပေးရတာမဟုတ်လား။ ဒီအတိုင်သာ သွားနေကြလို့
ရှိရင်တော့ကျွန်တော့်မိတ်ဆွေ တစ်ယောက် ပြောဖူးတဲ့ဟာသလေးလို ဖြစ်သွားမှာသေချာပါတယ်။ အဲဒီ
ဟာသလေးက . . . ဦးနှောက်ပြပွဲကြီးတစ်ခု လုပ်သတဲ့။ ဦးနှောက်သီးသီးတွေရဲ့တန်ဖိုးကိုလည်း
ရေးထားသတဲ့။ အင်္ဂလိပ် ဦးနှောက်၊ အမေရိကန် ဦးနှောက်၊ ဂျပန် ဦးနှောက်၊ တရုတ် ဦးနှောက်၊ ဗမာ
ဦးနှောက် စသည်ဖြင့် မျိုးစုံပေါ့လေ။ အဲဒီမှာ ထူးထူးခြားခြား ဗမာ ဦးနှောက်က ဈေးအကြီးဆုံးဖြစ်နေဆိုပဲ။
ဒီမှာတင် လာပြီးလေ့လာတဲ့သူတစ်ယောက်က ဘာကြောင့် ဗမာဦးနှောက်က ဈေးအကြီးဆုံး ဖြစ်နေပါသလဲလို့
မေးကြည့်လိုက်တော့ ပြပွဲတာဝန်ခံက “ဗမာဦးနှောက်က အသစ်စက်စက်ပါ၊ တစ်ခါမှ မသုံးရသေးဘူး” လို့
ပြန်ဖြေသတဲ့။
အောင်သင်း စဉ်းစားမိသမျှ
ရွှေ ၊ ဒီဇင်ဘာ၊ ၉၃
ဘ၀ သတ္တိ
မွေးရာပါဦးနှောက်ချို့ယွင်းမှုမရှိရင် လူတွေဟာ ဘယ်သူ့ထက်ဘယ်သူကမှ ပိုပြီးဥာဏ် မကောင်း
ကြပါဘူး။ သတ္တိကောင်းတဲ့သူ၊ သတ္တိပျိုးထောင်ရကောင်းမှန်းသိတဲ့သူ၊ ကြာရှည်ခံအောင်လေ့ကျင့်နိုင်တဲ့သူဟာ
စာမေးပွဲလို အသေးအဖွဲကိစ္စမျိုးမှာသာမဟုတ် အရာရာမှာ အောင်မြင်နိုင်ကြတာပါပဲ ။
မျိုးဆက်သစ်
ဦးနှောက် စိန်ခေါ်မှု
လက်ဝှေ့ကြိုးဝိုင်း သတ္တိမျိုးဆိုတာက လက်ဝှေ့ထိုးနိုင်ချိန်လောက်မှာပဲ လိုအပ်တာ။ လက်ဝှေ့
ထိုးနိုင်သေးတဲ့ အချိန်လောက်ထိသာ လိုအပ်တာ။ “ဦးနှောက်စိန်ခေါ်မှု” ကိုလက်ခံဝံ့တဲ့သတ္တိဆိုတာက
သေသည် အထိသုံးစွဲကြရမှာ။
မျိုးဆက်သစ်
အားနွဲ့သူလား
မိန်းကလေးတွေကို “အားနွဲ့သူ” လို့ အောက်မေ့တက်ကြတယ်။
ခွန်အားသာ နွဲ့ချင်နွဲ့မယ် သတ္တိတော့မနွဲ့ ကြတာ အမှန်ပဲ ။
မျိုးဆက်သစ်
သူရသတ္တိရှင်
ရှေးခေတ်ကဆိုရင် “ယောင်္ကျားဖောင်စီး၊ မိန်းမ မီးနေ” တဲ့။ မျိုးဆက်သစ် အသက်ကလေး
တစ်ချောင်းကို မျိုးဆက်ဟောင်းမိခင်က အသက်စွန့်ပြီး မွေးလိုက်ရတာလို့ဆိုသင့်တယ်။ မိခင်တစ်ယောက်ရဲ့
တခြားကျေးဇူးတွေကို ဘေးဖယ်ထားလိုက်ဦး ။ ကလေးမွေးဝံ့တဲ့ “သူရသတ္တိရှင”် တစ်ဦးအဖြစ်လောက်န့ကဲိုပဲ
ဘယ်လောက် အံ့သြကြည်ညိုစရာ ကောင်းနေပြီလဲ။
မျိုးဆက်သစ်
ယုံကြည်ချက် စွန့်လွှတ်ဖို့
အမှန်တရားအတွက် ဥစ္စာစည်းစိမ်အခြွေအရံ စွန့်လွှတ်ဖို့အတွက်သာ သတ္တိလိုအပ်တာမဟုတ်ဘူး။
ယုံကြည်ချက်တစ်ခု (မှားတယ်လို့ထင်လာရင်) စွန့်လွှတ်ဖို့တောင်မှ သတ္တိလိုအပ်တယ်။
မျိုးဆက်သစ်
စာရိတ္တနှင့် သတ္တိ
“သတ္တိရှိတဲ့လူဆိုး” ရယ်လို့ရှိနိုင်တယ်။
ဒါပေမဲ့ “သတ္တိမရှိတဲ့လူကောင်း” ရယ်လို့ဘယ်တော့မှမရှိနိုင်ဘူး။
မကောင်းဘဲ ရဲနိုင်တယ်၊ မရဲဘဲ မကောင်းနိုင်ဘူး ၊
ဒါကြောင့် မင်းတို့လဲ ကောင်းချင်ရင် ရဲကြ။
မျိုးဆက်သစ်
ဆုမတောင်းနဲ့ ဆုပန်ပါ
ယောင်္ကျားကောင်းတို့မည်သည် ဆုမတောင်းရဘူး၊ ဆုပန်ရတယ်။ မင်းတို့ယုံကြည် ကိုးကွယ်ရာ
ဘုရားရှေ့မှာ တရိုတသေ၊ အလေးအနက် ပူဇော်ကန်တော့ပြီး “တပည့်တော်ဟာ မိဘထက်
တဆင့်မြင့်တဲ့မျိုးဆက်သစ်ကို ထူထောင်နိုင်တဲ့ ယောင်္ကျားကောင်း (မိန်းမမြတ်) ဖြစ်အောင် ဒီကနေ့ကစပြီး
မဖြစ်မနေအသက်ပဲသေသေ ကြိုးပမ်းပါတော့မည်လို့ အရှင်ဘုရားရှေ့ မှာကတိပြုဆုပန်ပါတယ်ဘုရား”
လို့သစ္စာပြုဝံ့သလား။ သစ္စာပြုဝံ့တယ်ဆိုတဲ့ အတိုင်းအတာကြီးထိ မဟုတ်ရင်တောင်မှ အလေးအနက်
နှုတ်ကမြွက်ပြီးဆုပန၀်ံ့သလား။ အဲဒီ ပြဒါးတိုင်န့မဲ င်းရဲ့  ဆန္ဒပြင်းအားကို တိုင်းတာကြည့်ပေတော့ကွာ။
မျိုးဆက်သစ်
နုရာက ရင့်ကြရသည်
“နုခြင်းသည် ရင့်ခြင်း၏ အကြောင်းတည်း” ဆိုတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒစကားလိုပေါ့
၊ မရင့်သေးခင် နုရမှာပဲ၊ မနုဘဲနဲ့ ရင့်ချင်လို့မရဘူး။ ဘုရားတည်တာမှာ ထီးတော်ကစပြီး တည်လို့မရနိုင်သလို
ရေတွင်း တူးတာမှာလည်း အောက်ခြေကစပြီး တူးလို့မရနိုင်ဘူး။ ဘယ်နေရာမှာမဆို အစဆိုတာရှိတာ
ချည်းပါပဲ။ ကျွဲတောင်မှ မွေးကတည်းက ချိုပါနေရင် မွေးလို့မရနိုင်ဘူးဆိုတာကို သဘောပေါက်ရမှာပေါ့။
အတ္ထုပ္ပတ္တိ ပြုတယ်ဆိုတာ
မေွး လာရုံ၊ သေသွားရုံန့ေဲ တာ့ဖြင့် ကျွန်တော်တို့က ဘယ်သူ့ကိုမှ အတ္ထုပ္ပတ္တိတစ်ခုရယ်လို့ ရေးကြီး
ခွင်ကျယ်လုပ်ပြီး မှတ်တမ်းပြုမိကြမယ်မဟုတ်ပါဘူး။ သူအသက်ရှင်စဉ်မှာ လူ့လောကကြီးကောင်းအောင်
(သို့မဟုတ်)ဆိုးအောင် ထူးထူးခြားခြားလုပ်ခ့လဲို့သာ မှတ်တမ်းတင်ခြဲ့ ကတာပါပဲ။
သင်္ဂါရ၀သုတ်
စံပယ်ဖြူ၊ ဧပြီ၊ ၈၆
လူတို့၏ ကရုဏာစိတ်
လူသည် အတ္တကြီးမားသည်မှာမှန်ပါသည်။ သို့သော် မိမိအပေါ်မှီခိုလာသည့် ကိုးရာမ့သဲ တ၀္တါများ
အပေါ်ထားသည့် ကရုဏာစိတ်မှာလည်းမသေးလှဟု ယုံကြည်ပါသည်။ ထို့ကြောင့် လောကကြီးသည်
တစ်ခါတစ်ရံ လူတွေညည်းတွား နေကြသလောက်ဆိုးသည်ဟု ကျွန်တော်မထင်ပါ။
မျက်လုံးတစ်စုံနှင့် နတ်ရုပ်တစ်ရုပ်
(ရသစာတမ်းငယ်) ပေဖူးလွှာ
လှသော မွှေးသော ပန်း
ကိုးရာမ့တဲို့အပေါ် ကြင်နာထောက်ထားခြင်း၊ ကူညီစောင့်ရှောက်ခြင်းတို့ထက် လှတာဘာများရှိပါ
လေသနည်း။ ဘယ်ပန်းငုံ ဘယ်လောက်ပဲလှလှ ၊ ဘယ်ပန်းပွင့်လေး ဘယ်လောက်ပဲမွှေးမွှေး လူသားတို့၏
နှလုံးသားထဲက ပွင့်လာသော ကရုဏာပန်းထက် လှနိုင် မွှေးနိုင်မည်ဟု ကျွန်တော်မထင်။
မျက်လုံးတစ်စုံနှင့် နတ်ရုပ်တစ်ရုပ်
(ရသစာတမ်းငယ်) ပေဖူးလွှာ
တိရစ္ဆာန်တို့၏ ကရုဏာ
တိရစ္ဆာန်များ လောက၌ပင်လည်း သူတို့မိဘကို အသိအမှတ်မပြုကြစေဦးတော့ သူတို့အပေါ် လုံးလုံး
လျားလျား မှီခိုနေသည့်ရင်သွေးငယ်များအတွက် အသက်စွန့် ကာကွယ်ကြသည်ကို ကျွန်တော်တို့ မကြာခဏ
တွေ့ကြရသည်။ သည်တော့ မျိုးနွယ်စုကြီးတစ်ခုလုံးမတိမ်ကော၊ မပျောက်မပျက်ရှင်သန်နေအောင် မျိုးဆက်
သစ်ကလေးတွေကို ပိုပြီး ကြင်နာစောင့်ရှောက်လိုသည့် စေတနာဇောကို သဘာဝတရားကြီးက ဖန်တီးပေး
ထားလေရော့သလားဟု အောက်မေ့ မိပါသည်။
မျက်လုံးတစ်စုံနှင့် နတ်ရုပ်တစ်ရုပ်
(ရသစာတမ်းငယ်)ပေဖူးလွှာ
သိက္ခာနှင့် လိပ်ပြာ
အများမိုးခါးရေသောက်၊ ကိုယ် သောက်တဲ့ ၊ အူမ တောင့်မှ သီလစောင့်နိုင်မည် တဲ့ ၊
ဤစကားပုံများကို မည်သို့ သုံးစွဲနေကြသနည်း။
မဟုတ်တာလုပ်သည့် ကိစ္စအတွက် ကိုယ့်ဘာသာလိပ်ပြာလုံအောင် အသုံးချနေသည်ကိုသာ
တွေ့ကြရမည် ဖြစ်ပါသည်။ မဟုတ်တာလုပ်မိလျှင် လိပ်ပြာငယ်ကြရပါမည်။ လိပ်ပြာမလုံ ဖြစ်ရပါလိမ့်မည်။
လိပ်ပြာလုံအောင် ထိုစကားပုံများနှင့် လိပ်ပြာခြုံထားလိုက်ခြင်းသာ ဖြစ်နေပါလိမ့်မည်။ မကောင်းတာ
လုပ်နေသည်ကိုပင်လျှင် လိပ်ပြာလုံသွားပြီဆိုတော့ စာရိတ္တပျက်ခြင်းတွင် ဆုံးခန်းတိုင်သွားပြီဟု ဆိုကြရ
ပါတော့မည်။
သိက္ခာနှင့် လိပ်ပြာ
တာမွေမြို့နယ် မဂ္ဂဇင်း၊ ၉၄
အတွေးမျက်နှာလိုက်မှု
ငါတို့တစ်တွေက သူများတွေဖြစ်ရင် ကိုယ်လည်း ဖြစ်နိုင်တယ်ဆိုတာကို ကောင်းတဲ့ကိစ္စမျိုး
တွေမှာကျတော့မှ တွေးမိတတ်ကြတာ။ သူများ ထီပေါက်ရင် ကိုယ်လည်း ပေါက်နိုင်တယ်လို့တွေးတယ်၊
ထီထိုးကြတယ်။ ဒါပေမယ့် သူများ ကားတိုက်ခံရရင် ကိုယ်လည်းကားတိုက်ခံရနိုင်တယ်ဆိုတာမျိုးကိုတော့
မတွေးမိဘူး။
သူများဖြစ်ရင် (တစ်ခါတုန်းက တပည့်တွေ)
Tuesday, July 30, 2013
သိမ်းငှက်ပုံပြင်
သိမ်းငှက်ပုံပြင်
ငှက်တွေထဲမှာ သိမ်းငှက် က သက်တမ်း အရှည်ဆုံး စာရင်း ထဲ ပါ ၀င်ပါတယ်။
အသက်လေးဆယ် ကျော်လာတာနဲ့ သူ့ ရဲ့ နှုတ်သီး နဲ့ ခြေကုပ်တွေဟာ သားကောင်ကို ကောင်းကောင်းမဖမ်းနိုင်တော့ပါဘူး
သူ့ ရဲ့ ရှည်လျားပြီး ချွန်ထက်တဲ့ နှုတ်သီးဟာလည်း ကွေးညွှတ်လို့ လာပါပြီ။
အဲဒီ အတွက် သူ့ အဖို့ရွေးချယ်စရာ နှစ်လမ်း ပဲ ရှိပါတယ်။
(၁) အသတ် အသေခံ မလား။
(၂) ရက် ၁၅၀ ကြာတဲ့ အလွန် နာကျင်မယ့် ပြောင်းလဲ မှု တစ်ခု စွန့်စားလုပ်ဆောင်မလားဆိုတာပါပဲ။
နံပါတ် (၂) စွန့်စားမှု ကို လုပ်ဆောင်ဖို့ အတွက် သူဟာ တောင်ရဲ့ ထိပ်ဆုံး အသိုက်ရှိရာသို့ ဦးစွာသွားရပါတယ်။ သူ့ ရဲ့ နှုတ်သီးနဲ့ ခြေစွယ်တွေ ၊ အတောင်တွေ အကုန် လုံးကို နာကျင်မှု ဒဏ်ကို အံတုပြီး နှုတ်ပစ်ရမှာ ဖြစ်ပါတယ်။
နောက်ငါးလ အကြာမှာတော့ သူဟာ လျင်မြန်ဖျတ်လတ်တဲ့ သိမ်းငှက် တစ်ကောင်ရဲ့ အသွင်သဏ္ဍာန်ကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ နောက်ထပ် နှစ်သုံးဆယ်လောက်ကို သူဟာ ဒီပုံစံ နဲ့ ပဲ ဆက်လက်ရှင်သန် ပါတယ်။
ဘာကြောင့် ပြောင်းလဲမှု ဆိုတဲ့ အရာဟာ ကျွန်ုပ်တို့ အတွက် လိုအပ်တာလဲ?
ဘ၀ပြန်လည်ရှင်သန်ဖို့ ကျွန်ုပ်တို့ အကြိမ်များစွာပြောင်းလဲကြရတယ်။
အဲ့ဒီအတွက် တစ်ချို့ အမှတ်ရစရာတွေ ဖျောက်ဖျက်ပစ်ရသလို ၊ တစ်ချို့ အကျင့် တွေကို လည်း ပြင်ခဲ့ရတယ်။
အတိတ်ရဲ့ အရိပ်တွေက လွတ်မြောက်မှပဲ ကျွန်ုပ်တို့ ပစ္စုပန် ရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်မှာလေ။
ကျွန်ုပ်တို့ ဘ၀ကို ဖြစ်ပေါ် လာတဲ့ အဖြစ်အပျက်တွေက အဆုံးအဖြတ် မပေးပါဘူး။
အဲ့ဒီ အဖြစ်အပျက်တွေ အပေါ် ကျွန်ုပ်တို့ ဘယ်လို တုန့်ပြန်မလဲ ဆိုတာကသာ အဆုံးအဖြတ်ပေးတာပါ။
ကျွန်ုပ်တို့ ရဲ့ စိတ်သဘောထား တော့ မှန်ကန်နေဖို့ လိုအပ်မယ်။
အပြုသဘော ဆောင်တဲ့ သဘောထားဟာ အကောင်းတွေ တွေး ပြီး ၊ အကောင်းတွေ ဆက်တိုက် ဖြစ်ပေါ် လာစေပါတယ်။
အကောင်းမြင် စိတ်ဟာ အကျိုးတရားကောင်းတွေ ဖြစ်ပေါ် လာစေဖို့ ဓာတ်ကူပစ္စည်းပါ။
မိုးတွေ ရွာ နေတဲ့ အခါ ငှက်တွေဟာ ခိုလှုံ လို့ ရမယ့် နေရာဆီ ကို ဦးတည်ပြီးသွား တတ်ကြပါတယ်။
သိမ်းငှက်ဆိုတဲ့ ငှက်မျိုးကတော့ မိုးမစိုဖို့ မိုးမခိုပဲ  တိမ်တွေ ရဲ့ အထက်ကို တက်သွားကြတယ်။
(ဘာသာပြန်သူ-ရွှေပိုးကောင်၊ True Motivational Story of Eagle ကို ဘာသာပြန်သည်။)
Tuesday, July 23, 2013
မြင့်မိုရ်တောင်ဦး မကကျူးတဲ့ အမေ
မြင့်မိုရ်တောင်ဦး မကကျူးတဲ့ အမေ
မေမေ ဆိုတဲ့ မြစ်ပြင်ကျယ်ကြီးက ကျွန်မ ရဲ့ နာကျင်မှု တွေကို အမြဲ တစေ အနည် ကျခွင့်ပေးပါတယ်။
သကြ`်န်တွင်း သီလရှင် ၀တ် မေမေ နှင့် အမှတ်တရ (ချမ်းမြေ့ ဂုဏ်ဝေ စာသင်တိုက်)
---------------------------------------------------------------------------------------------------------------------
 ကလေးငယ်လေး တစ်ယောက်က GOD ကို မေးခဲ့တယ်။ “နက်ဖြန် အသင် ကျွန်ုပ်ကို ကမ္ဘာမြေ ပေါ် ကို ပို့ မယ်လို့ နတ်မင်းတွေက ပြောနေကြတယ်။ ကျွန်ုပ် ရဲ့ သေးငယ်လှတဲ့ ကိုယ် နဲ့ အကူအညီမဲ့ နေတော့မှာပါ။ ကျွန်ုပ် ဘယ်လို နေထိုင်ရပါ့မလဲ။ ”
GOD ။ ။ နတ်သမီး တစ်ပါး အသင့်ကို စောင့်ကြိုနေပါလိမ့်မယ်။ အသင့်ကို သူကပဲ စောင့်ရှောက်ပါလိမ့်မယ်။
ကလေးငယ် ။ ။ အဲ သလို ဆို ယခု ကျွန်ုပ် ကောင်းကင် ဘုံ မှာ ပျော်ရွှင်မှု အတွက်သီချင်း ညဉ်း၊ ပြုးံ ရုံ             ကလွဲလို့ တစ်ခြားဘာမှ မလုပ်ရဘူး။
GOD ။ ။ ကမ္ဘာ မြေ ကို ရောက်ရှိတဲ့ အချိန်မှာတော့ အဲ့ ဒီ နတ်သမီးကပဲ မင်းကို ပြုံးပြပြီး  ၊ သီချင်းတွေ ဆိုပြပါလိမ့်မယ်ကွယ်။ အသင်ကတော့ သူမ ရဲ့ ချစ်ခြင်း မေတ္တာ နဲ့ သင့်အား ပျော်ရွှင်စေမှု ကို ခံစားရုံပါပဲ။
ကလေး ငယ်။ ။ ကမ္ဘာမြေမှာ သုံး တဲ့ ဘာသာစကားကို ကျွန်ုပ် နားမလည် ရင် ဘယ်လို များ လုပ်ရပါ့မလဲ။
GOD ။ ။ အသင့် ရဲ့ နတ်သမီးက ပဲ အသင့်ကို ချို သာလှတဲ့ စကားတွေကို အသင် ကြားစေရန် ပြောမှာ ဖြစ်ပြီး၊ သူမရဲ့ စိတ်ရှည် သည်းခံ မှု တွေ နဲ့ အတူ အသင့်ကို ဘယ်လို ပြောရမယ်ဆိုတာကို သင်ကြားပေးမှာ ဖြစ်ပါတယ်။
ကလေးငယ်။ ။ ကျွန်ုပ် အသင့် ကို စကားပြောချင်ခဲ့ ရင်ရော ???
GOD ။ ။ သူမကပဲ အသင့် လက် နှစ်ဘက်ကို ပူး လျက် ကိုင်ပြီး ဘယ်လို ရှိခိုးရမယ်ဆိုတာကို သင်ကြားပါလိမ့်မယ်ကွယ်။
ကလေးငယ်။ ။ အဲဒါဆို ကျွန်ုပ်ကို ဘယ်သူ ကာကွယ်မှာလဲ။
GOD ။ ။ လောကရဲ့ ဒဏ် တွေ ကြုံလာခဲ့ ရင် ရှေ့ က မားမားမတ်မတ် ရပ်တည်ပေးမှာလဲ သူမပါပဲ ကွယ်။
ကလေးငယ်။ အသင့်ကို ကျွန်ုပ် ထပ်ပြိး မမြင်ရတော့ ဘူး ဆိုရင် ကျွန်ုပ် ၀မ်း နည်း ရပါလိမ့်မယ်။
GOD ။ ။ သူမ ကပဲ ကျွန်ုပ်အကြောင်း ကို မကြာခဏ ပြောပြပါလိမ့်မယ်။ သင် ကျွန်ုပ်ဆီ ပြန် လာနိုင်မယ့် လမ်းကိုလည်း သူမကပဲ ညွှန်ပြပေးပါလိမ့်မယ်။
အဲဒီ အချိန်မှာ ကမ္ဘာမြေကြီးက အသံ တစ်ခု ထွက်ပေါ် လာတယ်။ ကလေး ငယ် က သူသွားရတော့မယ်ဆိုတာ သိလျှင် သိချင်းပဲ God ကို မေးခွန်း တစ်ခု ထပ်မေးလိုက်ပါတယ်။
ကလေးငယ် ။ ။ အသင် ကျွန်ုပ် သွားရတော့မယ်။ နတ်သမီး ကို တွေ့ ရင် ဘယ်လို ခေါ် ရမလဲ။
God ။ ။ ရိုးရိုး ရှင်းရှင်းလေးပါပဲ။ မေမေ လို့သာ အသင် ခေါ် လိုက်ပါ။
(ဘာသာပြန်သူ -ရွှေပိုးကောင်)
Thursday, July 11, 2013
ဈေးဝယ်သူတို့ သိစေဖို့
ဈေးဝယ်သူတို့ သိစေဖို့
၁။ ဘာကို ပဲ ၀ယ်ဝယ် တို့ တွေ အပိုဆောင်းလိုချင်ကြတယ်။
          နာမည်ကြီးကော်ဖီဆိုင် တစ်ခုကို ကျွန်မ ရောက်သွားခဲ့တယ်။ ကော်ဖီ ၁ခွက် အတွက် ၀ယ်ယူသူ နှစ်ယောက်ရဲ့ အရောင်းအ၀ယ်ပြု မှု နှစ်မျိုးကို ကျွန်မ မြင်တွေ့ ခဲ့ရတယ်။ ပထမ အရောင်းအ၀ယ် တစ်ခု က ကော်ဖီ ၁ခွက်ရဲ့ ၃၃ ရာခိုင်နှုန်း အပို ထည့်ပေးဖို့ပါ။ ဒုတိယ အရောင်းအ၀ယ် ကတော့ ဈေးနှုန်းရဲ့ ၃၃ ရာခိုင်နှုန်း လျှော့ပေးဖို့ပါ။ ဘယ် အရောင်းအ၀ယ်က အကောင်းဆုံး ဖြစ်မလဲ?
          ပရိတ်သတ်ကြီးကတော့ တူတူပဲလေ ပြောကြလိမ့်မယ်ထင်ပါတယ်။ အဲလို ဆိုရင်တော့ မှားတယ် လို့ ပြောပါရစေ။ ကျွန်မနဲ့ အတူ တွက်ကြည့်ရအောင်နော်။
ဥပမာ-
          ကော်ဖီတစ်ခွက်မှာ 3 litres ပါပြီး တစ်ခွက်ကို ၁၀၀ ကျပ် လို့ ဆို ကြပါစို့။ ပထမ အရောင်းအ၀ယ် အတွက် 33 ရာခိုင်းနှုန်း အပိုဆောင်းရမယ်ဆိုခဲ့ရင် သူက ကော်ဖီတစ်ခွက်ကို ၄ litres ရမှာပါ။
1လီတာကို သူ့အတွက်တော့ ၂၅ ကျပ် ကျပါတယ်ရှင်။
          ဒုတိယ အရောင်းအ၀ယ် သမားအတွက်တော့ ၃၃ ရာခိုင်နှုန်း ပိုက်ဆံ လျှော့ခိုင်းတယ် ဆိုခဲ့ ရင် သူ့အတွက်တော့ ကော်ဖီတစ်ခွက် ကို ၆၆ကျပ်ကျမှာဖြစ်ပြီး 1 litres ကို ၂၂ ကျပ် ကျမှာဖြစ်ပါတယ်ရှင်။
၂။ ပထမဆုံး တွေ့မြင်လိုက်ရတဲ့ ဈေးနှုန်းဟာ ကျွန်မတို့ အပေါ် လွှမ်းမိုးမှု ရှိပါတယ်။
          စတိုးဆိုင်တစ်ဆိုင်ကို ရောက်တာနဲ့ ပိုက်ဆံ အိတ် တစ်လုံးကို ကြည့်လိုက်တော့ ခုနစ်သိန်းတဲ့။ ဈေးကြီးလိုက်တာ။ အဲ့ ပိုက်ဆံ နဲ့ အလုံး ၂၀ ၀ယ်လို့ရတယ်။ အဲ့ နောက်မှာတော့ ကြိုက်တဲ့ နာရီလေး တစ်လုံး ၊ သုံးသိန်းတဲ့။ အဲ့ ဒီ ပိုက်ဆံ အိတ် နှစ်လုံး ၀ယ်ရင် ရင် နာရီ တစ်လုံး လက်ဆောင်ဆိုပါလား။ တစ်ခြား နာရီ တွေ နဲ့ ယှဉ်ကြည့် ရင်တော့ အဲ့ ဒါက တော်တော် ကြီးဈေးကြီးမှာပါ။ ဒါပေမယ့် ခုနစ်သိန်းတန် ပိုက်ဆံ အိတ် နဲ့ ယှဉ်ရင်တော့ အဲ့ ဒါက အဆစ်ပဲလေ။ စတိုးဆိုင်တော်တော်များများကတော့ အဲ့ ဒီနည်း နဲ့ သင့်ကုန်ကျစရိတ် တွက်ချက်မှု စိတ်ကို ဖမ်းစားလေ့ ရှိပါတယ်။
၃။ ဈေးနှုန်း နည်းလွန်းလျှင်သော်လည်းကောင်း၊ ဈေးနှုန်း ကြီးလွန်းလျှင်သော် လည်းကောင်း မ၀ယ်ချင်ကြခြင်း။
          သုတေသန ပြု သူတွေက လူတွေကို ဘီယာ နှစ်ခု နဲ့ စမ်း သပ်ကြတယ်။ အကောင်းစား ဘီယာကို တစ်ခွက် ၂၅၀၀ ကျပ်၊ သာမန် ဘီယာ တစ်ခွက်ကိုတော့ ၁၈၀၀ ကျပ် နဲ့ပေါ့။ ၈၀% လောက်သော သူတို့က ၂၅၀၀ ကျပ်တန် အကောင်းစားဘီယာကို ပဲ အသောက်များကြပါတယ်။
နောက်တော့ တတိယ အမျိုးအစား တစ်မျိုးကို ရွေးချယ်စရာအဖြစ်ထပ်ဖြည့် ပေးခဲ့တယ်။ ၁၆၀၀ ကျပ်တန် ဘီယာ တစ်မျိုးကိုပေါ့။၈၀% လောက်သော သူတွေက ၁၈၀၀ ကျပ်တန် ဘီယာကို အသောက်များလာကြတာကို တွေ့ရပါတယ်။ ကျန်တဲ့ သူတွေကတော့ ၂၅၀၀ ကျပ်တန် ဘီယာကို သောက်ကြတာပေါ့။ ဘယ်သူကမှ ဈေး အနည်း ဆုံး ဟာကို မသောက်ကြတာကိုတွေ့ရပြန်ပါတယ်။
          နောက်ဆုံး အကြိမ်အဖြစ် တစ်ခွက် ၁၆၀၀ ကျပ်တန် ဘီယာကို ဖယ်ထုတ်ခဲ့ပြီး တစ်ခွက် ၃၄၀၀ ကျပ်တန် ဘီယာ ကို ထည့် သွင်းခဲ့ပါတယ်။ အဲ့ အချိန် မှာတော့ များသောအားဖြင့် ၂၅၀၀ ကျပ်တန် ဘီယာကို အသောက်များခဲ့ကာ အနည်းငယ်သော သူတွေကတော့ ၁၆၀၀ ကျပ်တန် ဘီယာကိုရွေးချယ်ခဲ့တာတွေ့ရှိရပါတယ်ရှင်။ ကျွန်မတို့ အားလုံးကလည်း အလယ် အလတ်လမ်းစဉ် ကို ကျင့်သုံး တဲ့ သူတွေလေ။
၎။ တစ်ခြား ဈေးကြီးတဲ့ ပစ္စည်း တစ်ခု ကို မြင်ရင်တော့ ၊ ဈေး နည်းနည်း သက်သာတဲ့ ပစ္စည်းကို ကျွန်မတို့ က တန်တယ်လို့ ယူဆကြပါတယ်။
          US စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ William Poundstone ရဲ့ Priceless ဆိုတဲ့ စာအုပ်မှာ အခုလို ရှင်းပြထားပါတယ်ရှင်။လက်လီ ရောင်းချသူ တစ်ဦး က ပေါင်မုန့် လုပ်တဲ့ စက် တစ်လုံးကို ၄ သိန်း နဲ့ ရောင်းချ ပြီး အဲ့ ဒီ စက်ဘေး နားမှာပဲ နောက် model တစ်ခုကို ၂ သိန်း နဲ့ ရောင်းချ ပါတယ်။
          ပစ္စည်း တစ်ခု ကို ရောင်းချလို့ မရဘူး ဆိုခဲ့ ရင် သူ့ ဘေး မှာ သူ နဲ့ တူ တဲ့ ပစ္စည်း တစ်ခု ကို ဈေး နှစ်ဆ တင် ပြီးရောင်းချ တာမျိုး ဖြစ်ပါတယ်။ အဲ့ လို ပြု လုပ်ခြင်းဟာ ပထမ ပစ္စည်းကို တန်ဖိုး ချို ချို နှင့် ရသည် ဟု ၀ယ်ယူ သူ က ထင်မြင်မိမှာ အမှန်ပင်ဖြစ်သည်။
၅။ တကယ် မြင်ရင် ၀ယ်ချင်တယ်။
          Behavioural Economists တွေက ကျောင်း တချို့ မှာ စမ်းသပ်ခဲ့ကြပါတယ်။ နေေ၇ာင်ခြည် အလုံ အလောက် ရတဲ့ ဘား တစ်ခုပေါ် မှာ အသီး အနှံတွေ တင်ထားခြင်းအားဖြင့် တောက်ပနေတဲ့ အရောင်တွေကတစ်ဆင့် ကလေး တွေရဲ့ ၀ယ်စားချင်တဲ့ စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ကလေးတွေတင်မကပါဘူး ။ အရွယ် ရောက်ပြီးတဲ့ သူတွေလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ စားသောက်ဆိုင်တော်တော်များများက menus တွေမှာ ပုံလေးတွေနဲ့ စားချင်စဖွယ် ဖော်ပြထားတာကို ပရိတ်သတ်ကြီး တွေ့ ဖူး ကြမှာပါ။ အဲ့လို ဖော်ပြရခြင်းရဲ့ ရည်ရွယ် ချက်ကတော့ ပရိတ်သတ်ကြီး တကယ်မြင်ပြီး ၀ယ်ချင်ဖို့ အတွက် ဖြစ်ပါတယ်ရှင်။
၆။ အရက်သောက်ခြင်း နဲ့ ပင်ပန်းခြင်းသည် ထိုင်းမှိုင်းစေပါသည်။
          အရက် သောက်ခဲ့ပြီဆိုရင် စိတ်ဖိစီးခြင်း၊ မောပန်းခြင်း၊ နှင့် စိတ်တည်ငြိမ်မှု လျော့နည်း ခြင်းတို့ကို ခံစာါး်ရမှာပါ။ ပစ္စည်း ၀ယ်ခြင်းအတွက် မေးခွန်းရော အဖြေပါ ရှင်းလင်းပါသည်။ ချောကလက် ၊ ပီကေ စသည့် အရောင်း တန်းများသည် ငွေသိမ်းကောင်တာ၏ အနီးနားတွင် အများအားဖြင့် တည်လေ့ ရှိသည်။ အကြောင်းမှာ- မောပန်း စွာ နဲ့ ရောက်ရှိလာတဲ့ ဈေးဝယ်သူဟာ ဈေးနှုန်းးကို စိတ် ၀င်စားနိုင်မှာ မဟုတ်လို့ ဖြစ်ပါတယ်။ အရက်ပါတဲ့ အစားအစာတွေ သုံးဆောင်လာသော ၀ယ်ယူသူများနှင့် အရောင်းအ၀ယ်ဖြစ်မှာ အသေအချာပါရှင်။ အရက်က ရှုပ်ထွေးတဲ့ အချက်အလက်တွေ ကို တွက်ချက်နိုင်စွမ်းလျော့နည်း စေလို့ ဖြစ်ပါတယ်။ပရိတ် သတ် ကြီးရေ၊ တစ်စုံတစ်ယောက်ကို အဲ့ ဒီ risk တွေပေးချင်တယ် ဆိုခဲ့ ရင် သူမူနေတဲ့ အချိန် သို့မဟုတ် မောနေတဲ့ အချိန်ဟာ အသင့်တော်ဆုံးပါ။
၇။ ကျွန်မတို့သည် အာမခံ ပေးခြင်း  (Warranties) နှင့် ပြန်လည် လျှော့ ပေးခြင်းကို နှစ်သက်သူများ ဖြစ်သည်။
          ဒုတိယ ၀ယ်ယူခြင်း အမျိုးအစားမှာ စိတ် ချမ်းသာမှု ကို ၀ယ်ယူခြင်းဖြစ်သည်။ (၀ယ်ယူလိုက်သော ပစ္စည်းကို စိတ်ပူပန်စရာမလိုပဲ တစ်သက်လုံး ပိုင်ဆိုင်နိုင်ပြီ ဟူသော ခံစားမှု ကို ရရှိမည်ဖြစ်သည်။)
          နှစ်မျိုး စလုံးသည် လှည့် ကွက်များပင်ဖြစ်သည်။
          US စာရေးဆရာ Mr. Poundstone ကတော့ “ပစ္စည်း တစ်ခု ကို ၀ယ်ယူပြီး ပြန် လည် လျှော့ပေး မည့် ရာခိုင်နှုန်းကို လက်ခံ မည့် အစား ၊ အစကတည်း က အဲ့ ဒီပစ္စည်းကို ဈေးနည်းနည်းပေးပြီး ဘာလို့ မ၀ယ်ယူခဲ့တာလဲ“ ဟု  အဆိုပြု ခဲ့သည်။
          Harvard Economist Mr. David Cutler ကတော့ “Warranties က ဘာမှ မထူးခြားပါဘူး။ Warranties ဆိုတာက ဒီ ပစ္စည်း တစ်ခု ပျက်စီးမဲ့ ဖြစ်နိုင်ခြေ ၊ လူ တစ်ယောက် မပြင် နိုင်တော့တဲ့ အခြေ အနေ နဲ့ အစားထိုး ရန် ပစ္စည်း များ ၏ သက်တမ်း ပေါ် အခြေခံပြီး သွယ်ဝိုက်ပြောခြင်းပါ။”
          Warranties ရဖို့ အပိုဆောင်း ပေးရခြင်းသည်လည်း မတန် ဘူး ဟု ဆိုရမည်ပင်။
၈။ ၉ ဂဏန်းကို စိတ်စွဲ နေတဲ့ ကျွန်မတို့တွေ။
          ၆၅ ရာခိုင်နှုန်းသော လက်လီ ပစ္စည်းတို့၏ ဈေးနှုန်းသည် ၉ ဂဏန်းဖြင့် ဆုံးကြသည်။၂၀၀ ကျပ်နှင့် ၁၉၉.၉၉ ကျပ်သည် တူ တူ ဖြစ်သည်ကို ပရိတ်သတ် တိုင်း သိရှိပြီးဖြစ်သည်။ နံပါတ် ၉ သည် ကျွန်မတို့ ကို ပုံပြင် တစ်ပုဒ် ပြောပြသွားခဲ့ သည်။ “ဒီ ပစ္စည်း ရဲ့ မူလတန်ဖိုးမှ လျှော့ပေးလိုက်ပြီ။ ဒီပစ္စည်း သည် အလွန် တန်သည်။ ဒီပစ္စည်း ရဲ့ ဈေးနှုန်းကို ကြည့် သူတိုင်း တန်သည်၊ ဈေးလျှော့ပေးသည် ကို သိကြသည်။“
ကိန်းခန်းကြီးတဲ့ ဆိုင်တွေမှာ တော့ နံပါတ် ၉ ကို အသုံး နည်းကြပါတယ်။
(ဘာသာပြန်သူ- ရွှေပိုးကောင်၊ RD July 2013 from Consumers are Bad at Maths…)