Pages

Tuesday, June 4, 2013

ကြယ်ပွင့် တစ်ပွင့် မွေးဖွားခြင်း


ကြယ်ပွင့် တစ်ပွင့် မွေးဖွားခြင်း
ကျွန်မတို့ ငယ်စဉ် အခါက သူငယ်ချင်းတွေ နဲ့ အတူ ရွှံ့ မုန့် လုပ် တမ်း ကစားခဲ့ခြင်းကို မေ့ ပစ်ရမလို ဖြစ်နေပြီ။ ယခု ခေတ် ကလေးတွေကတော့ အသက် ငယ်ငယ် အရွယ် နဲ့ပင် အောင်မြင်မှု လမ်းပေါ် ရောက်အောင် လျှောက်လှမ်းနေကြရပြီ။
                                                                             (Nury Vittachi)
ကျွန်မတို့ရော ဘယ်လို နေရာမျိုးမှာ နေကြမလဲ။ လူမှုရေးရာ ပွဲ တစ်ခု ကို မလာ နိုင်ခဲ့တဲ့ ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်၏ ပြောပြချက် အရ သူမရဲ့ သမီးလေးကို သူမ ပံ့ပိုးဖို့ လိုအပ်ပါတယ်တဲ့။ “second interview ရှိသေးတယ်။ ဒီတစ်ခေါက် အရမ်း အရေးကြီးတယ် ကွယ်” ဟု ပြောဆိုကာ သူမက သက်ပြင်း ရှည်ကြီးကို ချလိုက်သေးသည်။ ကျွန်မ ၏ မျက်လုံးအစုံသည် ကျယ် ၀န်းသည်ထက်သာ ရှိတော့သည်။
“သူငယ်ချင်း ကလေးက ၂ နှစ်ပဲ ရှိသေးတယ်လေ။”
ဟုတ်ပါသည်။ ဘဏ် တစ်ခု က CEO ဖြစ်ဖို့က လွယ်သေးသည်။ သူငယ်တန်း တက်ဖို့က အဲဒီ ထက် ခက်ခဲသော အရာများကို ကျော်ဖြတ်နေရသည်။ကျွန်မ ခေါင်းကို ခါရမ်းလိုက်သည်။ သူမပြောသည့် အချက်အလက်များအား ဘာမျှ ပြန်မပြောနိုင်ပဲ လက်ခံ လိုက်ရသည်။
 စာဖတ်သူ တစ်ယောက်က ကျွန်မဆီသို့ တရုတ်ပြည်မှ ကျောင်းတစ်ကျောင်း ၏ အကြောင်းကို email ဖြင့် ပေးပို့ ခဲ့သည်။ အလွန် ငယ်ရွယ် တဲ့ ကလေး တစ်ယောက်ဆိုပင်မဲ့ ၊ သူ့ဆီမှာ တတ်သိနားလည်မှု တွေ ပြည့်ဝနေလေရဲ့။ ရယ်ချင်စရာကြီး ဖြစ်ချင်ဖြစ်လိမ့်မယ်နော်။ နောက်တော့ရော???
“ကျွန်မရဲ့ သန္ဒေသားလောင်းဟာ Trigonometry ကို စတင်လေ့လာနေပါပြီ။ မွေးဖွားပြီးချိန်မှာတော့ jazz music နဲ့ ကတဲ့ အကကို ဆက်လက် သင်ကြားရမှာ ပါ။ …..ဘယ် ခြေ၊ 2……3။ ညာခြေ ရှေ့ ထုတ် 2…….3”
          ကျွန်မ ကိုယ်တိုင်လည်း အဲ့လိုဖြစ်ခဲ့ ဘူးသည်။ ကျွန်မတို့ တရုတ်ပြည်မှ ကလေးတစ်ယောက်ကို မွေးစားခဲ့သည်။ ကျွန်မ နှင့် ကျွန်မ အမျိုးသား အဲ့ဒီ ကလေးလေးကို အခန်းတစ်ခန်း၏ ခုံတစ်ခုံ တွင် တင်၍ ၅လ သား သာ ရှိသေးသည့် ထို ကလေးငယ်လေးကို မိနစ် ၂၀ကြာ အင်တာဗျူး ပြု လုပ်ခဲ့သည်။ မေး စရာက
ဘာရှိမလ??? ငါး နှစ် အတွင်းမှာ အတူ တူ နေခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ Strength နဲ့ Weakness တွေ ကို ဘယ်လို သိနိုင်မလဲ??
အဲဒီ ကလေးလေးက ပြငှာန်းစာအုပ်ထဲက စာ တွေကို အလွတ်ကျက်ပြီး ဖြေတာမျိုးတော့ ဘယ်ဟုတ်ပါ့မလဲ။ သူ့ ရဲ့  ချစ်စရာကောင်းမှု နဲ့ သွက် လက်မှု လေး တွေကို အောင်မှတ် အဖြစ်ပေးထားတယ်လေ။ အဲဒါဆို မွေးကင်းစ ကလေးတစ်ယောက်ကို ဘယ် လို အဆုံးအဖြတ်ပေးမလဲ???? မိခင်တော်တော်များများဆီက အချက်အလက်တစ်ချို့ ကို ကျွန်မ interview ခဲ့ ဖူးပါတယ်။ ပိုပြီး သိသာ ထင် ရှားစေတာကတော့၊ မိခင်တော်တော်များများဟာ သာမန်ထက်ကျော်လွန်တဲ့ ဥာဏ်ရည်မျိုး နှင့်အတူ သူတို့ရဲ့ သား၊ သမီး တွေကို ကမ္ဘာကြီး အတွက် မွေးဖွားပေးခဲ့ပါတယ်။ လူတိုင်းက တစ်မျိုးစီတော့ ရူးကြတာပဲ ဆိုတဲ့ စကားပုံအတွက်တော့ ခြွင်းချက်ပေါ့ရှင်။ ကျွန်မ သက်တမ်း တစ်လျှောက် ကြုံတွေ့ ခဲ့တဲ့ အတွေ့ အကြုံတွေ အရဆိုရင်တော့ အဲဒီ စကားပုံ မှန်တယ်လို့ပြောချင်ပါတယ်။ Junior Talent Contests မှာ ကျွန်မ တစ်နှစ်ကို နှစ်ခါ သို့မဟုတ် သုံးခါ ဒိုင်လူကြီးလုပ်ရတယ်လေ။ အဲတော့ ဘယ်လိုလဲ???
(i)           ကလေးတစ်ယောက်က စင်ပေါ် ရောက်လို့ အတင်း ကုန်းအော်ရင်လည်း ဒိုင်ကတော့ “Well Done”
(ii)          ကလေး တစ်ယောက်က စင်ပေါ် ရောက်လို့ စင်တစ်ပတ်ပြေးလွှားခုန်ပေါက်နေလျှင်လည်း ဒိုင်ကတော့ “Well Done”
(iii)         ကလေး တစ်ယောက်က ကစားစရာ Piano လေး နဲ့ အသံ သေး အသံ ညှောင် တီးခတ်နေလည်း ဒိုင်ကတော့ “Well Done”
(iv)         ဒေါသ အရမ်း ကြီးတဲ့ ကလေး တစ်ယောက်၊ ဘာကိုမှ မလုပ်ပဲ ငြင်းဆန်နေတယ် ။ ဒါပေမယ့် စင်ပေါ် မှာ ရှူးရှူးပေါက်ချ တယ် ဆိုရင်လည်း ဒိုင်ကတော့ “Well Done”
တစ်ခါတစ်ရံမှာ ကလေးငယ်တွေက အလွန် ချီးမွမ်းဖို့ကောင်းတယ်ဆိုတာတော့ ကျွန်မ ၀န်ခံ ပါရစေ။ ဂျပန် နိုင်ငံ က အဖြစ်အပျက်တစ်ခု ကို စာဖတ်သူတို့ကို ပြောပြချင်ပါတယ်။ ဂျပန်ကလေးငယ်လေးတွေဟာ လေ့လာရေး ခရီး တစ်ခု ကို အဖွဲ့ လိုက် ရထားစီး သွားကြပါတယ်။ သူတို့ စီးခဲ့တဲ့ ရထားတွဲကို သန့်ရှင်းရေး အဒေါ်ကြီး လက်ဖျားခါရလောက်အောင် ရှင်းလင်းသွားပါတယ်။ သူမက ကျေးဇူးတင်လွန်းလို့ အဲ့ဒီကလေးတွေ ရှိတဲ့ ကျောင်းကိုတောင် ကျေးဇူးတင်ကြောင်း စာပို့ ခဲ့ပါတယ်တဲ့။ ရထားရဲ့ ကျန်တဲ့ နေရာတွေကိုတော့ သူမက ပျော်ပျော်ရွှင်ရွှင် သန့် ရှင်းပေးခဲ့ကြောင်းပါ ထည့်သွင်းရေးသားခဲ့ပါတယ်။
သန့်ရှင်းရေး အမျိုးသမီးရဲ့ ပြောပြချက်ဟာ ကျွန်မကို မအံ့သြစေခဲ့ပါဘူး။ သူမကိုယ်တိုင်က မိခင်ဖြစ်နေလို့လေ။ အကယ်၍ များ ကျွန်မရဲ့ ကလေးတွေက သူ့တို့ အခန်း သူတို့ ရှင်းလင်း ပေးတယ် ဆိုရင် ကျွန်မ သူတို့ကို ကျေးဇူးတင်ကြောင်း သ၀ဏ်လွှာကို စာမျက်နှာ နှစ်မျက်နှာ လောက် ရေးပေးလိုက်မိမှာပါ။ သူတို့ ကို ကျေးဇူးတင်တဲ့ အပြင် ကျွေးမွေးပြုစုပြီး လိမ္မာလိုက်တဲ့ သား၊ သမီး လေးတွေ မွေးရကျိုး နပ်လေရဲ့ ဆိုပြီး အ၀တ်အစားတွေ ထပ်ဝယ်ပေးမိမှာပါ။ အမှန်တကယ်ကို Well Done!!!!!
(ဘာသာပြန်သူ -ရွှေပိုးကောင်၊ A star is born (RD, June , 2013))