Pages

Monday, August 27, 2012

ဆမ်မားဆက်မွန်


(ဆရာတော်ရဝေနွယ် အင်းမ၏ အမြဲစီးဆင်းနေသောမြစ်တစ်ဆင်းအကြောင်းမှ ဒီစာပိုဒ်လေးကို ကြိုက်လွန်းလို့ ပရိတ်သတ်ကြီးများ ဖတ်ရအောင် တင်ပေးလိုက်ပါတယ်နော်။)

တစ်ခါက ဘက္ကဒက်မြို့တွင် ကုန်သည်ကြီး တစ်ယောက်ရှိသည်။ တစ်နေ့တော့ ကုန်သည်ကြီးက သူ့တပည့်တစ်ယောက်ကို ဈေးဝယ်ဖို့ ဈေးကိုလွှတ်လိုက်သည်။ မကြာခင်မှာပဲ တပည့်ဖြစ်သူ မျက်စိပျက် မျက်နှာပျက်နှင့်ပြန်ရောက်လာသည်။ ပြီးတော့ သခင်ကုန်သည် ကြီးကို တုန်တုန်လှုပ်လှုပ် နှင့်စကားဆိုသည်။
“သခင်ရယ် ကျွန်တော်ဈေးထဲမှာ အမှတ်တမဲ့ အမျိုးသားတစ်ယောက် နဲံဝင်တိုက်မိကြတယ်၊ကြည့်လိုက်တော့သေမင်းဖြစ်နေပါတယ်၊ ပြီးတော့ သူက ကျွန်တော့် ကို စူးစူးဝါးဝါး နဲ့ပြန်ကြည့်နေပါတယ်၊ အဲဒါသေမင်းနဲ့နောက်တစ်ခါပြန်တွေ့ရမှာ အလွန်ကြောက်နေပါတယ်၊ ကျွန်တော့် ကို သခင့် ရဲ့ အပြေးအမြန်ဆုံး မြင်းတစ်ကောင် ခဏငှားပါ။ ကျွန်တော်မသေချင်သေးဘူး သခင်၊ ကျွန်တော် အသက်ဆက်ရှင်ဖို့ သေမင်းရှာမတွေ့ နိုင်တဲ့ ဟိုး အဝေးကြီး မှာရှိတဲ့ ဆမ်မာရာ ကို ပြေးပါမယ်။“
သခင်ကုန်သည်ကြီးကလည်း ကျေးဇူးရှိထားသည့် တပည့် ကို အပြေးကောင်းသော မြင်းတစ်ကောင် ပေးလိုက်သည်။
တပည့် ဖြစ်သူကလည်းမြင်းရသည်နှင့် ကဆုန်စိုင်းပြေးတော့သည်။ တပည့်မရှိတော့ ကုန်သည်ကြီး က ဈေးကို ကိုယ်တိုင် ထွက်ခဲ့ရသည်။ ဈေးရောက်တော့ လူအုပ်ထဲမှာ သေမင်းကို တွေ့ လိုက်ရသည်။ သို့နှင့် သေမင်းအနားကပ်သွားပြီး “မနက်တုန်းက ခင်ဗျားက ကျုပ်တပည့်ကို စူးစူးဝါးဝါးကြည့်ပြီး ဘာဖြစ်လို့ ခြိမ်းခြောက် လိုက်ရတာ လဲ“ဟု မေးလိုက်သည်။
သည်တော့ သေမင်းက..
“ကျွန်တော် သူ့ကို ခြိမ်းခြောက် လိုက်တာ မဟုတ်ပါဘူး။စူးစူးဝါးဝါး ကြည့်လိုက်တယ် ဆိုတာကလည်း သူ့ကို ဒီ ဘက္ကဒက် မှာ တွေ့လိုက်ရတော့ အံ့သြ လွန်းလို့ ကြည့် လိုက်တာပါ။ သူနဲ့ ကျွန်တော် ဘက္ကဒက် မှာ တွေ့ရလိမ့်မယ် လို့လုံးဝမထင်မိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီည ဆမ်မာရာမြို့မှာ သူနဲ့ကျွန်တော်ကတော့ သူနဲ့ ချိန်းထားတဲ့ ဆမ်မာရာ မြို့ ကို သူလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သွားစောင့်နေရမှာပဲ“ ဟု ပြောဆိုလိုက်သည်။

ကုဋေကဋာ တန်တဲ့ အမိန့်တစ်ခု

ကုဋေကဋာ တန်တဲ့ အမိန့်တစ်ခု
ဘ၀တစ်လျှောက် လက်တွဲခဲ့တဲ့ သူငယ်ချင်းတစ်ယောက် တိုက်ပွဲမှာ ကျည်ဆံ ထိပြီး အလူးအလဲ ခံနေရတဲ့ မြင်ကွင်းဟာ ပထမကမ္ဘာစစ် ၏ စစ်သားတစ်ယောက်ရဲ့ ရင်မှာ ဗလောင်ဆူသွားခဲ့ပါတယ်။ ဂလုတ်ကျင်းထဲမှာ ၀ပ်နေပေမယ့်လည်း ပစ်ခတ်နေတဲ့ကျည်ဆံတွေဟာ ခေါင်းပေါ် မှာ ပျံဝဲနေပါတယ်။ ကျည်ဆံထိထားတဲ့ သူ့ရဲ့ သူငယ်ချင်းကို အန္တရာယ်တွင်းကနေ ပြန်ခေါ်လာဖို့ ဗိုလ်ကြီးကို ခွင့်တောင်းပါတယ်။
 “သွားမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်…. အချည်းအနှီးပဲ။ မင်းသူငယ်ချင်းလည်းသေမယ့်အပြင် မင်းအတွက်လည်း အန္တရာယ်ရှိမှာပဲ။“ ဟု အရာ ရှိကတော့ အကြံပေးရှာပါတယ်။
ဗိုလ်ကြီး ရဲ့ စကားက သူ့ နားကို မပေါက်ခဲ့ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် သွားကယ်ချင်နေတဲ့ စစ်သားလေးအတွက် ခွင့်ပေးလိုက်ရပါတော့တယ်။
          အံ့ ဖွယ် ကောင်းတာကတော့ ကျည်ဆံတွေ တရစပ် ပစ်နေတဲ့ ကွင်းပြင် ကို ဖြတ်ပြီး သူ့ သူငယ်ချင်းစီ မရောက် ရောက်အောင်သွားခဲ့ပါတယ်။ သူငယ်ချင်းကို ပခုံးမှာ သိုင်း ဖက်ပြီး သူ့တို့ရဲ့ ဂလုတ်ကျင်းရှိရာကို ခေါ် ဆောင်ခဲ့ပါတယ်။ နှစ်ယောက်လုံး ဒဏ်ရာတွေ အလူး အလဲ နဲ့  ဂ လုတ်ကျင်းအောက်ခြေမှာ လူးလိမ့်နေကြပါတယ်။ အရာရှိကတော့ စစ်သားလေးရဲ့ ဒဏ်ရာ တွေကို စစ်ဆေးပေးပြီး ကြင်နာစွာသော အကြည့် တစ်ချက်နဲ့ ကြည့်လိုက်ပါတယ်။ “ငါ ပြောသားပဲ။ အချည်း အနှီးပဲ လို့။ မင်း သူငယ်ချင်းလည်း သေပြီ။ မင်း လည်း သေလောက်အောင် ဒဏ်ရာတွေရ လို့ ကွာ။“
“ကျွန်တော့် အတွက်တော့ အချည်း အနှီး မဖြစ်ပါ ဘူး ဆရာ“ လို့ စစ်သားလေးက ၀မ်းပန်းတသာနဲ့ ပြန်ပြောပါတယ်။
“အချည်း အနှီး မဖြစ်ဘူးဆိုတာ မင်း ဘာကို ပြောတာလဲ ငါ့ကောင်ရ။“ ဟု အရာရှိက သက်ပြင်းတစ်ချက်ချ၍ အလွန်တရာ ၀မ်းနည်းသော လေသံနဲ့မေးလိုက်ပါတယ်။
“ဟုတ်ကဲ့ပါ ဆရာ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် သူ့ ကို ကယ်တင် နိုင်ခဲ့ တယ်။ ကျွန်တော် ရောက်သွားတော့ သူရှင်နေသေးတယ် ဆရာရဲ့။ သူက ပြောတယ်။ ငါ မင်းလာကယ်မယ်ဆိုတာကို သိနေတယ်တဲ့။ အဲဒီစကားက ကျွန်တော့် အတွက်ကျေနပ်စရာပါ“
(ဘာသာပြန်သူ -ရွှေပိုးကောင၊် Special Orders from Chicken Soup for The Soul)