Pages

Monday, June 25, 2012

အထူးအိုလံပစ်ပွဲ

အထူးအိုလံပစ်ပွဲ
အထူးအိုလံပစ်ပွဲလေးတစ်ခုမှာ မိန်းမငယ်လေးတစ်ယောက် ဟာ အနိုင်ရရှိသွားတဲ့အတွက် စိတ်လှုပ်ရှားစွာနဲ့ ခုန် ပေါက် နေလေရဲ့။ပြီး တော့ သူ့ မိဘတွေကို လဲ ဂုဏ်ယူစွာနဲ့ လှမ်းပြောလိုက်တယ်။
မိန်းကလေး။ ။သမီး နိုင်ပြီ။အမေ၊ အဖေ သမီးနိုင်ပြီ။
သူမရဲ့ ပျော်ရွှင်မှု ၊အောင်မြင်မှုတွေကို မြင်ရတဲ့ မိဘတွေကတော့ သူမ အသံ ကို ကြားလိုက် ရ ချိန်မှာ ချက် ချင်းဆိုသလိုပဲ ၀မ်းသာလွန်းစို့ပြီး ငိုကြွေးကြတယ်။ဆုပေးပွဲအခမ်းအနားမှာတော့ မိန်းမငယ်လေးဟာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဆုကို လက် ခံ ရယူပြီး သူမရဲ့ ပုခုံးပေါ် ထမ်းတငကာ မိဘ နှစ်ဦး ရှိရာသို့ အပြေးအလွှား သွားခဲ့တယ်။မိဘတွေကတော့ ၀မ်းသာလွန်းလို့ ပုံမှန်ထက်ပို ငိုနေကြတယ်။ပြီးနောက် သူတို့ သုံးဦးသားတင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ကြပြီးဆက်၍ ဆက်၍ ငိုနေကြလေရဲ့။
            သည်အချိန်မှာ ဒီပွဲလေးကို စီစဉ်ရ တဲ့ အရာရှိကြီးတစ်ယောက်က  ဒီဖြစ်ရပ် ကို အစအဆုံးသေသေချာချာ တွေ့လိုက်ရတဲ့ အတွက် တစ်ခုခုတော့မှားနေပြီဆိုတာကို သိလိုက်ရတယ်။ပုံ မှန် မဟုတ်တဲ့ အဲဒီ မိသားစု ကို အရာရှိကြီးက မေးလိုက်မိတယ်။
အရာရှိကြီး။ ။ဘာများအကူအညီပေးရမလဲ။တစ်ခုခုများမှားနေသလားလို့။
မိန်းကလေး၏ အမေ က အရာရှိကြီးဘက် ကို လှည့် ၍ သူမ၏ပါးမှ မျက်ရည်များကို လက်နှင့် သုတ်လိုက်ပြီး
အမေ။ ။ သမီးလေးရဲ့စကားသံ ကို ပထမဆုံးကြားရတာမို့ပါ။      
လို့ ပြောလိုက်တဲ့ စကားကို အရာရှိကြီးအံ့အားသင့်စွာ ကြားလိုက်ရပါတော့တယ်။
                        ဘာသာပြန်သူ-ရွှေပိုးကောင်,The Special Olymics အားဘာသာပြန်သည်။



Monday, June 18, 2012

Santa ရဲ့ အရုပ်တစ်ရုပ်




Alice ရဲ့ အမေ ဆုံးပါးသွားခဲ့တာ သူမ ငါးနှစ်သမီးထဲကပဲ။သူမရဲ့ အကို ၉ ယောက် နဲ့ အမ များက ကြင်ကြင်နာနာ ချစ်ခဲ့ပေမယ့် အမေ့ ရဲ့ ယုယမှုတွေ ကိုတော့ အစားထိုးလို့ မရ နိုင်ခဲ့ဘူး။
1925 ခုနှစ်လောက်ကပေါ့။ သူမရဲ့ ဘ၀ က ခက်ခဲ ကြမ်းတမ်းခဲ့တယ်။ ဒီလိုနဲ့ Alice ဟာ ကျွန်တော့်အမေ ဖြစ်လာခဲ့တယ်။ သူမရဲ့ မိသားစုဟာ အရုပ်တစ်ရုပ် ၀ယ်ပေးဖို့တောင် မတတ်နိုင် ပဲ ဆင်းရဲခဲ့တဲ့ အကြောင်း ကျွန်တော့် ကို ပြောပြခဲ့တယ်။ သူမဟာ အမေ ကို ဆုံးရှူံးပြီးတဲ့ နောက်ပိုင်း အခြားသူတွေ ကို ပိုပြီး ကြင် နာယုယ ဖို့ ကို စိတ် ညွှတ်လာခဲ့သူပါ။စစချင်း သူမရဲ့ ဖေဖေ၊ နောက် ခင်ပွန်း ၊သူမရဲ့ ကလေး ၃ယောက် နဲ့ နောက်ပိုင်းမှာ သူမရဲ့ မြေးလေး တို့ ဟာ သူမဘ၀ရဲ့ အဓိက အရာတွေဖြစ်လာခဲ့တယ်။ သူမခံစားမိတာက သူမရဲ့ ငယ်ရွယ်စဉ် က ၀မ်းနည်းအထီးကျန်မှု တွေကို အခု သူမရဲ့ မိသားစု နဲ့ ငယ်ရွယ်စဉ် က ၀မ်းနည်းအထီးကျန်မှု
တွေကို အခု သူမရဲ့မိသားစု နဲ့ ပျော်ရွှင် စေမယ်ပေါ့။ ဒါပေမယ့် ရင်ထဲမှာ လစ်ဟာနေတဲ့ ကွက် လပ် တချို့ ကျန်ရှိနေဆဲ ပါ။
1928 ခုနှစ်,ဒီဇင်ဘာလယ ကျွန်တော်ဘဏ် ၁ ခုမှာ အလုပ်ရတယ်လေ။ ၁ခုသော နေ့လည်ခင်း ဘဏ် ရဲ့ hall ခန်းထဲမှာ ကျွန်တော် တို့  သစ်ပင်လေးကို အလှဆင်ကြရင်း Christmas သီးချင်းကို ဆို နေကြတယ်။
Christmas အတွက် အဆင်သင့်ပဲ ဆိုပါတော့။ အဲဒီအချိန် မှာ customer တစ်ယောက် က  ကျွန်တော့နားကို ချဉ်းကပ်လာတယ်။ သူမရဲ့ လက်ထဲမှာ သူမကိုယ်တိုင် လုပ်ထားတဲ့ အရုပ် ကလေးနဲ့ အတူပေါ့။
Christmas အတွက် order မှာချင်တဲ့လူတွေ စာရင်းကို လိုက်ကောက်တာတဲ့လေ။ ဒါကြောင့် ကျွန်တော့်ရဲ့ ငါးနှစ်သမီးလေး ကေသီအတွက် အရုပ်တစ်ရုပ် မှာဖို့ ဆုံးဖြတ လိုက်တယ်။နောက် ကျွန်တော် အကြံ တစ်ခု ရတယ်။ အဲဒီ customer ကို ကျွန်တော် ၁ခုတောင်းဆိုလိုက်တယ်။ ကျွန်တော့် အမေ အတွက် ဖွားဖွား အရုပ် (ဆံပင် ဖြူလျက် မျက်မှန် တပ် သော အရုပ်) အထူးပြုလုပ် ပေးဖို့ပါ။ customer ကတော့ ဒီအကြံ ထူးခြားပြီး၊ သူ့ အတွက်ဖန်တီးရမဲ့ အခွင့် အရေး ရလို့ လုပ်ပေးချင်ပါတယ်တဲ့။ ဒီလိုနဲ့ပဲ ကျွန်တော် order ၂ ခု မှာဖြစ်ခဲ့တယ်။ ဆံ ပင် ရွှေဝါရောင် အရုပ်တစ်ရုပ်နင့် ဆံပင် ဖြူဖြူ အရုပ်၂ရုပ် Christmas နေ့ မနက်ခင်း အတွက်ပေါ့။
အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက် က သူ့ရဲ့ အဖေ အကြောင်းကို ပြောပြခဲ့တယ်။ သူငယ်ချင်းရဲ့ အဖေက ပရဟိတ အဖွဲ့  မှာ Christmas ဘိုးဘိုးကြီး အဖြစ် သရုပ်ဆောင်နေကြလေ။ အဲဒီခဏ အတွင်းမှာ ပဲ ကျွန်တော့် သူငယ်ချင်းရဲ့ အဖေ ကို Christmas နေ့ နံ နက် စောစောမှာ ကျွန်တော့်သမီးလေးအတွက်လက်ဆောင် လာပို့ ပေးဖို့ ဖိတ်ကြားခဲ့ပါတယ်။ ကျွန်တော့် မိဘတွေ ရှိနေမယ်ဆိုတာ လည်း သိနေလို့လေ။ကျွန်တော့မေမေလည်း သူ့ ငယ်ဘ၀ ရဲ့ အကြောင်း အရာ လေးတွေ ပြန် အမှတ် ရ စေချင်တာပါ။
Christmas နေ့ ကို ရောက်ရှိလာခဲ့ပြီ။စီစဉ်ထားတဲ့အတိုင်း Santa Claus ရောပေါ့။ကျွန်တောကိုယ်တိုင် Santa အိတ်ရဲ့ အောက်ခြေမှာ အမေ့ အတွက် လက် ဆောင် ကို ကပ်ထည့်ပြီး ပို့စေခဲ့ပါတယ်။ကေသီကတော့ သူမရဲ့ အိမ်ကို Santa ရောက်လာလို့ အံ့သြခြင်းများစွာနဲ့ ပျော်ရွှင်နေလေရဲ့။
ကျွန်တော် တွေ့ဖူးသမျှ သူမရဲ့ ငယ်ဘ၀ ပျော်ရွှင်မှုတွေအားလုံးမှာဒီနေ့ဟာ အပျော်ရွှင်ဆုံး ဆိုတာ သိလိုက်တယ်။ထူးခြားတဲ့ ဧည့်သည် ကြောင့် ပျော်ရွှင်နေတဲ့ မြေးလေး ကို ကြည့်ရင်း အမေက တော့ ကြည်နူးနေတယ် လေ။ Santa က ပြန်မယ်လို့ ပြင်ပြီး သူ့ရဲ့ အိတ် ထဲကို တစ်ချက်ကြည့် လိုက်တယ်။နောက် လက်ဆောင် တစ်ခုအိတ်ထဲကနေ ဆွဲ ထုတ်လိုက်တယ်။ သူက Alice ဆိုတာ ဘယ်သူလဲ လို့ မေးလိုက်တယ်။ အံ့အားသင့်နေတဲ့ ကျွန်တော့ အမေ ရဲ့ မျက်နှာက သူမဟာ Alice ဆိုတာ ကို ဖော်ပြလိုက်ပါတယ်။ Santa က အဲဒီလက်ဆောင် ကို ပေးလိုက်ပါတယ်။ လက် ဆောင်နဲ့ အတူ message card ၁ခုပါ လာတယ်။
အဲဒီ message ကို အမေ ဖတ် လိုက်တဲ့ အခါမှာ
Alice ၊ ဒီနှစ် ခရီးမသွားမီ ကျွန်ုပ် ရဲ့ စွပ်ဖားလှည်းကို ရှင်းလိုက်တဲ့အခါ ဒီ အထုပ်လေး ထွက်လာခဲ့ပါတယ်။ အမှန်တကယ် 1925,Dec,25မှာ ပို့ ခဲ့ ရမှာ ပါ။ အခုတော့ ဒီလက်ဆောင်လေးလည်း နှစ်တွေတော်တော် ဖြတ်သန်းခဲ့ရပြီ။ဒါပေမယ့် သင် ဒီအချိန် အထိ စောင့် မျှော်နေဦးမယ်လို့ ကျွန်ုပ် ထင်တယ်။
          သင့်ရဲ့ လက်ဆောင် အရောက် နောက် ကျခြင်းအတွက် စိတ် မကောင်းခြင်းများစွာဖြင့်
          သင့်ရဲ့ ချစ်လှစွာသော
                          Santa
အမေ့ ရဲ့ တုန့်ပြန်မှု ကို မြင်လိုက်ရတဲ့ ကျွန်တော် ကတော့စူးရှ နက်နဲတဲ့ စိတ်ခံစားမှု ၁ခု အမေ့ရင်ကို စူးနစ် ၀င်ရောက် နေ ပြီဆိုတာ သိလိုက်တဲ့ မျက်မြင် သက်သေ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမ ဘာမျှပြန်မပြောနိုင်ရှာပါဘူး။ ဒါပေမယ့် 57 နှင့် တိုင် စောင့်ဆိုင်းခဲ့ရတဲ့ အရုပ်လေးကို လက်မှာတင်းတင်းဆုပ်လို့ ပျော်ရွှင်ခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ မျက်ရည် တွေ ဟာ အမေ့ ရဲ့ ပါး နှစ်ဖက်မှာ တလိမ့်လိမ့် ကျဆင်းနေ ခဲ့တယ်။ Santa ပေးတဲ့ အရုပ်လေးဟာ ကျွန်တော့ အမေရဲ့ ငယ်ဘ၀ ကို ပြန်လည်  ကြည်နူးသက်ဝင် စေခဲ့တယ်လေ။
ဘာသာပြန်သူ- ရွှေပိုးကောင်,The Dolls from Santa(Chicken Soup for The Soul)
                       



Sunday, June 17, 2012

ခံစားရသောကဗျာတစ်ပုဒ်

ဒီ ကဗျာလေးကို အရမ်းကြိုက်ပါတယ်။
(မောင်စိန်ဝင်း ၏ လွမ်းသူ့ရင်ကို ငြိမ်းပါလှည့် ၀တ္ထု မှ )
ပန်းပွင့်ရှိမှ၊ ရနံ့ရတာမဟုတ်ပါဘူး၊
ဖူးသည့်တစ်ငုံငုံသည့်တစ်ပွင့်၊
နမ်းခွင့်တစ်ရှိုက်ရသည့်ခိုက်မှ၊
ထာဝရတည်ကာလရှည်လျား၊
နှလုံးသားမှာစွဲမြဲစွာဖြင့်၊
ထုံနံ့ရီဝေပျံ့ဆွတ်စေ၏ချစ်သူသိလေ … ။
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာမဟုတ်ပါကွယ်၊
ဘယ်ကိုသွားသွားဘယ်နားရောက်ရောက်၊
ဘယ်လောက်ဝေးဝေးအတွေးမှာရှိ၊
အကြည့်မှာမြင်သူပဲထင်တယ်၊
ကောင်းကင်လိုပဲမော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏ချစ်သူသိလေ … ။
အသံကြားမှ၊ နားမှာဆတ်ဆတ်
ကြားလာတတ်တာ၊ မဟုတ်ပါလေ
စမ်းရေသံကြား၊ သူ့စကားရှိငှက်၏တေးမှာ၊
သူ့သံသာတွေနှုတ်ခြွေစကား၊
နားမှာတီးတိုးဟိုး…အရင်လို၊
ရွှင်ချိုကြည်မြကြားနေရ၏ ချစ်သူသိလေ … ။
ချစ်သူသိလေသတိရလျှင်၊
ဒေသအကွာနေရတာကွဲ၊
ဘယ်လိုခွဲခွာဘယ်လောက်ကွာမလဲ…ဘယ်မှာဖြစ်ဖြစ်၊
တွယ်တာရစ်ငင်ထာဝရထင်သော၊
ရင်ထဲအရိပ်စွဲလမ်းစိတ်ဖြင့်အိပ်မက်တိုင်းမှာ ရှိနေသူ … ။

Friday, June 15, 2012

ဟင်းချက်နည်း စာအုပ်

ဟင်းချက်နည်း ကောင်းကောင်းစာအုပ် လေးပါ ။(ဟင်းချက်နည်းစာအုပ် download)


စာအုပ်အမည် – Lu Lu Cooking Book
စာရေးသူ       – လုလု
 ရဲ့စာအုပ် ကို တော့ အရမ်းကြိုက်ပါတယ်။ရုံးမှာ ဗိုက်ဆာတဲ့ အချိန် ဆို အဲဒီစာအုပ်ကို ဖတ်ဖြစ်တယ်။ အားလုံးကို လဲ ဖတ် စေချင်တယ်။